ကလောမြို့နယ် နမ့်ပန်တက် ကိုဗစ်စစ်ဆေးရေးဂိတ် ပြန်ဖွင့်ရန် ပြင်ဆင်နေ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့ရှိ နမ့်ပန်တက် ကိုဗစ်စစ်ဆေးရေးဂိတ် ပြန်ဖွင့်ရန် ပြင်ဆင်မှုများ ရှိနေကြောင်း သတင်းသိရသည်။

နမ့်ပန်တက် ကိုဗစ် စစ်ဆေးရေးဂိတ်

ကလောမြို့နယ်မှ တောင်ကြီးမြို့နယ်သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဥ်မောင်းများနှင့် အခြား ယာဥ်မောင်းများသည် အဆိုပါ စစ်ဆေးရေးဂိတ်တွင် ကိုဗစ် ရှိ၊ မရှိ ဆေးစစ်မှုပြုလုပ်ရမည်ဖြစ်ပြီး စစ်ဆေးခ ကိုလည်း သတ်မှတ်နှုန်းထားအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းသိရသည်။

“ကာကွယ်ဆေးထိုးထားလည်း စစ်ရမှာ၊ ပြီးတော့ ဆေးစစ်ခ ပေးရမယ်၊ မပေးရင် ကိုယ်တိုင် Test Kit ယူလာပြီး အဖြေထွက်တဲ့အထိ စစ်ရမယ်၊ အားလုံး နမ့်ပန်စစ်ဆေးရေး ဂိတ်မှာ စစ်ဆေးမှုပြုပြီးမှ ဆက်သွား ခွင့်ပြုမယ်ပြောတယ်” ဟု အမည်မဖော်လိုသည့် ကျန်းမာရေးဌာနမှ ဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကလောမြို့နယ် နမ့်ပန်တက် ကိုဗစ် စစ်ဆေးရေးဂိတ်ကို မနက်ဖြန် (ဖေဖော်ဝါရီလ ၂၄)ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ် ပြီး Test Kit ဖြင့် ကိုယ်တိုင်စစ်ဆေးလိုသည့် ကားသမားများအနေဖြင့် Test Kit များ အဆင်သင့် ဆောင်ထားရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် အဆိုပါ နမ့်ပန်တက် ကိုဗစ် ၁၉ စစ်ဆေးရေးဂိတ် အပါအဝင် သျှမ်းပြည်အတွင်းရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ၊ Quarantine Center များကို ပိတ်သိမ်းထားခဲ့ရခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

ကလောမြို့အနီး တန်ဆောင်တိုင်အပြန် ခရီးသည်တင်ကား တိမ်းမှောက်၊ အမျိုးသမီးနှင့် ကလေး အပါ ၃ ဦးသေဆုံး

0
သျှမ်းပြည် ကလောမြို့နယ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင်ကား တစ်စီး ချောက်ထဲတိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) နေ့လယ်ပိုင်းတွင် ကလောမြို့နယ် ဝက်ဖြူရေကျေးရွာနှင့် မဂွေကျေးရွာအကြားတွင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှ ပြန်လာသည့် ခရီးသည်တင် ကားတစ်စီး...

ကလောမြို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဉီး သုံးရက်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ ကလောမြို့ ရပ်ကွက် (၁)တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မယွန်းအိထွေးသည် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက် နေ့လယ် ၂ နာရီခန့်တွင်...

ကလောမြို့ စစ်ဆေးရေးဂိတ်တွင် PDF အား အလှူငွေကောက်ခံပေးသည်ဟုဆိုကာ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် ကလောမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ရန်ကုန်မှ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦး မှတ်ပုံတင်စစ်ဆေးပြီးနောက် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၂) ရက်တွင် သျှမ်း-မန္တလေးနယ်စပ် ကလောမြို့နယ်အဝင် စစ်ကောင်စီ၏ နန့်ပန်တက် စစ်ဆေးရေးဂိတ်၌ ရန်ကုန်မှ ထွက်ခွာလာသည့် Elite ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာသူများ၏ မှတ်ပုံတင်ကို...