စစ်ကောင်စီ UEC ထံ သွားစစ်ဆေးမခံသည့် SNLD ပါတီ ယာယီရပ်ဆိုင်းနိုင်ချေရှိ

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ UEC ထံ သွားရောက် အစစ်ဆေးမခံသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ယာယီရပ်ဆိုင်းနိုင်ချေရှိမည်ဟု UEC က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ UEC ထံ သွားရောက်စစ်ဆေးမခံသည့် ပါတီများအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် (SNLD)ကို ယာယီရပ်ဆိုင်းနိုင်ချေရှိသည် ဟု SNLD မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ နည်းတူပဲ သူတို့နေရာကို သွားပြီးအစစ်ဆေးမခံတဲ့ တခြားပါတီတွေလည်း လေး၊ငါး၊ ခြောက်ခုထက် မနည်း ရှိနေမှာပါ၊ ကျနော်သိသလောက်ဆိုရင်ပေါ့၊ အဲ့ပါတီတွေကိုကျတော့ ပါတီဖျက်သိမ်းခံရနိုင်ဖွယ် ရှိတယ် ဘာညာ ဘာတစ်ခုမှ မထုတ်ပြန်ဘဲနဲ့ ကျနော်တို့ ပါတီနဲ့ NLD ပါတီ နှစ်ခုတည်းကိုပဲ သူတို့က ရည်ညွှန်းပြီး ထုတ်ပြန်တာ” ဟု စိုင်းလိတ်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC အနေဖြင့် နိုင်ငံရေးပါတီများကို စစ်ဆေးခြင်းသည် လုပ်ထုံးလုပ်နည်းများ ဖြစ်နေသည့်အတွက် SNLD အနေဖြင့် ကော်မရှင်ရုံးကို သွားရောက် စစ်ဆေးမခံနိုင်ကြောင်း၊ ကော်မရှင်အနေဖြင့် SNLD ပါတီရုံးကို လာရောက် မစစ်ခြင်းတာဖြစ်ကြောင်း စိုင်းလိတ်က ပြောဆိုလိုက်သည်။

“လုပ်ငန်းသဘောသဘာဝ အရတော့ UEC နိုင်ငံရေးပါတီကို စစ်ဆေးရမယ်ဆိုတာက လုပ်ထုံးလုပ်နည်း အရ မှန်တယ်။ သူတို့ဆီ သွားအစစ်ဆေးခံပါဆိုတာမျိုးက ပါတီအနေနဲ့ အပြစ် တစုံတရာ ကျူးလွန်ထားတဲ့ အနေအထားဖြစ်နေလို့ ။ ကျနော်တို့က ဘာအပြစ်မှ ကျူးလွန်ထားတာလည်း မရှိတဲ့ အတွက်ကြောင့် စစ်ဆေးစရာရှိတာကို ရုံးချုပ်ရှိရာကို လာရောက်စစ်ဆေးပါ၊ ကျနော်တို့ကသွားပြီး အစစ်မခံနိုင်ဘူး” ဟု စိုင်းလိတ်က ပြောသည်။

လာမည့် ၂ ပတ်အတွင်း ပါတီစာရင်းများကို အစစ်ဆေးခံရန် စစ်ကောင်စီ လက်အောက်ခံ UEC သည် NLD နှင့် SNLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ လေးခုကို ယနေ့ (ဖေဖော်ဝါရီ ၂၃) ရက်စွဲဖြင့် သတိပေးစာပေးပို့လိုက်သည်။

ထိုသတိပေးစာထဲတွင် ပါတီစာရင်းများ လာရောက် အစစ်ဆေးမခံပါက မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄ (ဂ)၊ (ဃ)၊ (င) တို့ဖြင့် အရေးယူခံရမည်ဖြစ်ပြီး ပါတီလည်း သုံးနှစ် ယာယီရပ်ဆိုင်းနိုင်ကြောင်း ထည့်သွင်းရေးသားထားသည်။

ယင်းကဲ့သို့ အကြောင်းကြားလာခြင်းနှင့် ပတ်သက်ပြီး SNLD ပါတီ အနေဖြင့် ပါတီ၏ရပ်တည်ချက်အတိုင်းသာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး အကျိုးဆက်များက UEC ပေါ်မှာသာ မူတည်ကြောင်း စိုင်းလိတ်က ပြောသည်။

“ပါတီဖျက်သိမ်းဖို့ ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာ UEC ပေါ်မှာ မူတည်ပါတယ်၊ ကျနော်တို့က ကျနော်တို့ ရပ်တည်ချက်အတိုင်းပဲ ရပ်တည်သွားမှာပါ” ဟု စိုင်းလိတ်က ပြောသည်။

SNLD ပါတီသည် သျှမ်းပြည်တွင် ဒုတိယ မဲအများဆုံး အနိုင်ရရှိသည့် ပါတီဖြစ်ပြီး အာဏာရှင်ခေတ်တိုင်းတွင် ပါတီခေါင်းဆောင်များ ဖမ်းခံရသည်အထိ ခက်ခဲစွာ ရပ်တည်ရသည့် ပါတီလည်း ဖြစ်သည်။

သျှမ်းပြည်တွင် ဝင်ပြိုင်သည့် ရွေးကောက်ပွဲများတွင် အပြတ်အသတ် အနိုင်ရလေ့ရှိသည့် ပါတီဖြစ်ပြီး မဲမသမာမှုကို အကြောင်းပြပြီး အာဏာသိမ်းယူသည့် ယခုစစ်ကောင်စီ လက်ထက်တွင်လည်း ပထမဆုံး ခြိမ်းခြောက်စာပို့ခြင်းခံရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...