မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီ ၆၁ဦး သေဆုံး

သျှမ်းတောင် မိုးဗြဲမြို့နယ်တစ်ဝိုက် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည့် ဖေဖော်ဝါရီ ၁၆ရက်မှ ၂၁ရက်နေ့အထိ စစ်ကောင်စီဘက်က ၆၁ဦးထိ ကျဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တိုက်လေယာဉ်၊သံချက်ကာ အမြောက်ကားများအပြင် တာဝေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုတစ်ပတ်အတွင်း တိုက်လေယာဉ်၊ရဟတ်ယာဉ် လေကြောင်းကနေ ၂၁ကြိမ်၊ မိုးဗြဲအခြေစိုက် (ခမရ-၄၂၂)၊ လွိုင်ကော်အခြေစိုက် (ခလရ-၂၅ဝ) နဲ့(ခလရ-၂၆၁)နဲ့ ဒီးမော့ဆိုမြို့နယ် အခြေစိုက် (ခမရ-၄၂၇)တို့မှ ၁၂ဝမမ၊ ၈ဝမမ တို့ဖြင့် တစ်နေ့ အကြိမ် ၁ဝဝခန့်ဖြင့် စုစုပေါင်း အကြိမ်ပေါင်း ၅ဝဝကျော်ထိ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားသည်။

ဖေဖော်ဝါရီ ၁၇ရက်တွင် စစ်ကောင်စီ၏ သံချပ်ကာကား ၂စီး ပျက်စီးခဲ့ပြီး ၁၉ရက်နေ့တွင် လက်နက်ခဲယမ်းပို့ကား ၃စီးတို့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့များက ဖျက်စီးနိုင်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီ၏ လက်နက်ငယ်တချို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီမှ မိုးဗြဲမြို့နယ် ဝါရီဆူးဖလိုင်နှင့် ဝီသဲကူးကျေးရွာက နေအိမ်များကို မီးရှို့ခဲ့ပြီး ဝါရီဆူးဖလိုင်က ကျေးရွာသားအချို့ကိုလည်းဖမ်းစီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှု ၁ဝဦးထက်မနည်းရှိိကြောင်းလည်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း KNDFဘက်မှ ရဲဘော် ၅ဦးကျဆုံးခဲ့ပြီး အခြားသော ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့ကလည်း ကျဆုံးမှုရှိခဲ့သည်။

လက်ရှိမှာလည်း စစ်ကောင်စီဘက်က မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်ဘက်ကို အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေပြီး လွိုင်ကော်ဘက်ကနေ ဒီးမော့ဆိုဘက်ကို စစ်ကြောင်းထိုးဖို့ အရိပ်အယောင်လည်း ထပ်ရှိနေသည်။

ထို့ကြောင့် တိုက်ပွဲပြင်းထန်လာနိုင်သဖြင့် လူထုတွေအနေဖြင့် မိုးဗြဲ၊လွိုင်ကော်နှှင့် ဒီးမောဆိုမြို့မြို့နယ်ဘက်ကို ခရီးသွားလာခြင်း လုံးဝမပြုလုပ်ကြရန်လည်း KNDF က တိုက်တွန်းနှိုးဆော်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...