နောင်ချိုမြို့ ဘူတာရုံတွင် ပစ်ခတ်မှုဖြစ်၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ ဘူတာရုံတွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့ပြီး ပြည်သူ (၂) ဦး မိုင်းစထိမှန်ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ပုံစာ- ယနေ့မနက်ပိုင်း တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုမြင်ကွင်း /Myo Thant Aung

ယနေ့ (ဖေဖော်ဝါရီ ၂၃)ရက် မနက် ၁ နာရီ ဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဘူတာရုံကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဘယ်လက်နက်ကိုင် လာပစ်သွားလဲဆိုတာတော့ ကျနော်တို့ မသိဘူး။ ည ၁ နာရီလောက်မှာ လာပစ်သွားတာ။ နာရီဝက်လောက်တော့ ရှိတယ်။ ဘူတာရုံလိုင်းခန်းမှာနေတဲ့ ပြည်သူ ၂ ဦးတော့ မိုင်းစအနည်းငယ်ထိပြီး ဒဏ်ရာရရှိသွားတယ်။ ဒဏ်ရာက မစိုးရိမ်ရဘူး” ဟု နောင်ချိုမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပုံစာ- ယနေ့မနက်ပိုင်း တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုမြင်ကွင်း /Myo Thant Aung

အဆိုပါ မိုင်းစထိမှန်ခဲ့သည့် ဒေသခံ ၂ ဦးသည် လုံခြုံရေးအမျိုးသား တစ်ဦး နှင့် လိုင်းခန်းတွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

နောင်ချိုမြို့တွင် ညအချိန်ပစ်ခတ်မှုကြောင့် ဒေသခံများ ထိတ်လန့်ခဲ့ရပြီး စိုးရိမ်နေကြကြောင်း သိရသည်။

ပုံစာ- ယနေ့မနက်ပိုင်း တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုမြင်ကွင်း /Myo Thant Aung

“ ည သန်းခေါင် ပစ်ခတ်တော့ တစ်မြို့လုံးက လန့်နိုးသွားတာ။ မအိပ်ရဲကြတော့ဘူး။ ဟိုအရင်တစ်ခေါက်ကလိုမျိုး နောင်ချိုတိုးဂိတ်မှာ ပစ်ခတ်တာမျိုး ဖြစ်မလားလို့ စိုးရိမ်မိတာ။ ညအချိန် ရုတ်တရက် ဒီလိုပစ်ခတ်မှုတွေရှိတော့ လန့်တာပေါ့။ ကြောက်လည်းကြောက်တယ်” ဟု နောင်ချိုမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နောင်ချိုမြို့ ဂုတ်ထိပ်တိုက်ပွဲအပြီး ယခုကဲ့သို့ ပစ်ခတ်မှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...