Wednesday, January 28, 2026

နောင်ချိုမြို့ ဘူတာရုံတွင် ပစ်ခတ်မှုဖြစ်၊ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ ဘူတာရုံတွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့ပြီး ပြည်သူ (၂) ဦး မိုင်းစထိမှန်ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ပုံစာ- ယနေ့မနက်ပိုင်း တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုမြင်ကွင်း /Myo Thant Aung

ယနေ့ (ဖေဖော်ဝါရီ ၂၃)ရက် မနက် ၁ နာရီ ဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဘူတာရုံကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဘယ်လက်နက်ကိုင် လာပစ်သွားလဲဆိုတာတော့ ကျနော်တို့ မသိဘူး။ ည ၁ နာရီလောက်မှာ လာပစ်သွားတာ။ နာရီဝက်လောက်တော့ ရှိတယ်။ ဘူတာရုံလိုင်းခန်းမှာနေတဲ့ ပြည်သူ ၂ ဦးတော့ မိုင်းစအနည်းငယ်ထိပြီး ဒဏ်ရာရရှိသွားတယ်။ ဒဏ်ရာက မစိုးရိမ်ရဘူး” ဟု နောင်ချိုမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပုံစာ- ယနေ့မနက်ပိုင်း တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုမြင်ကွင်း /Myo Thant Aung

အဆိုပါ မိုင်းစထိမှန်ခဲ့သည့် ဒေသခံ ၂ ဦးသည် လုံခြုံရေးအမျိုးသား တစ်ဦး နှင့် လိုင်းခန်းတွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးဖြစ်ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

နောင်ချိုမြို့တွင် ညအချိန်ပစ်ခတ်မှုကြောင့် ဒေသခံများ ထိတ်လန့်ခဲ့ရပြီး စိုးရိမ်နေကြကြောင်း သိရသည်။

ပုံစာ- ယနေ့မနက်ပိုင်း တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုမြင်ကွင်း /Myo Thant Aung

“ ည သန်းခေါင် ပစ်ခတ်တော့ တစ်မြို့လုံးက လန့်နိုးသွားတာ။ မအိပ်ရဲကြတော့ဘူး။ ဟိုအရင်တစ်ခေါက်ကလိုမျိုး နောင်ချိုတိုးဂိတ်မှာ ပစ်ခတ်တာမျိုး ဖြစ်မလားလို့ စိုးရိမ်မိတာ။ ညအချိန် ရုတ်တရက် ဒီလိုပစ်ခတ်မှုတွေရှိတော့ လန့်တာပေါ့။ ကြောက်လည်းကြောက်တယ်” ဟု နောင်ချိုမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

နောင်ချိုမြို့ ဂုတ်ထိပ်တိုက်ပွဲအပြီး ယခုကဲ့သို့ ပစ်ခတ်မှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...