မိုင်းကိုင် TNP ဥက္ကဌ မိုင်းနုမ်ဟန်၏ မိသားစု ဈာပနာ လူထောင်ချီလိုက်ပို့
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ၂လ နီးပါး ပျောက်ဆုံးနေပြီး သတ်ခံရသည့် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန် နှင့် မိသားစုများ၏ ဈာပနာအခမ်းအနားကို လူထုထောင်ချီ လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။ မိသားစုလိုက်သတ်ခံရသည့် ရုပ်အလောင်းကို ပြီးခဲ့သည့် မတ် (၉)ရက်နေ့တွင် ရှာဖွေတွေ့ရှိပြီး ၎င်းရုပ်အလောင်းတွင်...
မူဆယ်မြို့ အမျိုးသမီးတစ်ဦး သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး သတ်ဖြတ်ခံရကြောင်း စုံစမ်းသိရသည်။ အဆိုပါ သတ်ဖြတ်ခံရသည့် အမျိုးသမီးသည် အသက် (၂၄)နှစ်အရွယ်ရှိပြီး ယမန်နေ့ (မတ်လ ၁၂)ရက် မနက်ပိုင်း ၆ နာရီဝန်းကျင်တွင် ကားဝယ်လိုသည်ဟု ဖုန်းဆက်ပြောဆိုလာသူနှင့် ချိန်းဆိုမှုရှိရာသို့ ထွက်သွားပြီး သတ်ဖြတ်ခံရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ သတ်ခံရသည့် အမျိုးသမီးသည် အွန်လိုင်း...
မူဆယ်ခရိုင်အတွင်း လူငယ်အမျိုးသား(၃)ဦး KIA က ဖမ်းဆီးသွား
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း လူငယ်အမျိုးသား (၃)ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၉)ရက် နေ့လည် (၁၂)နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် တာလုံကျေးရွာအုပ်စု မိုင်းပေါကျေးရွာ၌ သျှမ်းလူငယ် (၈)ဦး စျေးဝင်ဝယ်စဉ် KIA တပ်သားများ ဖမ်းဆီးသွားရာ (၅)ဦးကို ပြန်လည်လွတ်ပေးပြီး...
ပင်လုံမြို့ ဆိုင်ကယ်မဝယ်ပေးသည့် မိဘ၂ပါး ကို သားဖြစ်သူက သတ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရပ်ကွက် (၃) တွင် သားဖြစ်သူက ဆိုင်ကယ်ဝယ်မပေးသည့် မိဘ ၂ပါးကို မူးယစ်ဆေးသုံးစွဲပြီး သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ သတ်ခံရသည့် မိဘ ၂ပါးသည် မည်သည့်ရက်တွင်သတ်ခံရသည်ကို မသိရကြောင်း၊ ရဲများမှ အကြောင်းကြားလာသည့် အတွက် ယမန်နေ့ (မတ် ၁၂)ရက်တွင် အလောင်းသွားသယ်ခဲ့ကြောင်း ပင်လုံမြို့...
မြေလုပြဿနာကြားက မျှော်လင့်ချက်မဲ့နေရတဲ့မိသားစုဘဝ
“ကျနော်တို့က တောင်ယာတွေပဲလုပ်ကိုင် စားသောက်တော့ ငွေကအသင့်မရှိထားဘူး။ အလုပ်ပြန် မလုပ်နိုင်မှာကိုတော့ စိုးရိမ်တယ်” လို့ မိုင်းထိဒဏ်ရာနဲ့ အိပ်ယာပေါ်ထိုင်ကာ စိုင်းဆေး က အသံတိုးတီးစွာ ပြောဆိုလာပါတယ်။ စိုင်းဆေးဟာ မတ် (၈)ရက် မနက် ၁၀နာရီခွဲမှာ မိသားစု အစားအသောက်ချက်ပြုတ်ရန် ဆိုင်ကယ်နဲ့ ထင်းရှာထွက်နေချိန် ထင်မှတ်မထားတဲ့ မြေမြုပ်မိုင်းကို...
မိုင်းတုံက အလွတ်တန်း သတင်းထောက်ဟောင်း တစ်ဦး ဖမ်းဆီးခံရ
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီတို့က အကြမ်းဖက် ပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း သတင်းသိရသည်။ ကိုအောင်ဝင်းဌေးအမည်ရှိ အလွတ်တန်း သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်သူကို လူမှုကွန်ယက် စာမျက်နှာ Facebook တွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်ပတ်သက်သည့် စာသားများ ရေးသားတင်မှုကြောင့် စစ်ကောင်စီတို့က ဖမ်းဆီးခြင်းဖြစ်ကြောင်း...
မူဆယ်မြို့လယ်ခေါင် တရုတ်ငွေလဲအိမ်(၂)အိမ် ဓားပြတိုက်ခံရ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စျေးရပ်ကွက်တွင် ယနေ့ (မတ် ၁၀)ရက် ညနေ ၅နာရီကျော် ၌ တရုတ်ငွေလဲသည့် အိမ် (၂)အိမ် ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။ ယနေ့ ညနေ ၅နာရီကျော်တွင် မူဆယ်မြို့ စျေးရပ်ကွက်ရှိ တရုတ်ငွေလဲနေသည့် နေအိမ် (၂)အိမ်ထံ ကားဖြင့်ရောက်လာပြီး သေနတ်ဖြင့် ပစ်ကာ...
တန့်ယန်းမြို့ မီးလောင်သည့်ထဲ အသက် (၁၈)အရွယ် အမျိုးသမီးတစ်ဦး သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယမန်နေ့ (မတ်လ ၉)ရက် ည ၁၀ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် (၁၈)နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့က တန့်ယန်းမြို့နယ် ရပ်ကွက် (၃) ဈေးဟောင်းတွင် နေအိမ် (၄)လုံး မီးလောင်သွားပြီး အမျိုးသမီးတစ်ဦး အိပ်ပျော်နေစဉ်...
ကျောက်မဲ အမျိုးသမီး တစ်ဦး ကြိုးဆွဲချ သေဆုံး
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် အမျိုးသမီးတစ်ဦးယနေ့ (မတ် ၁၀)ရက် မနက်ပိုင်းတွင် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ဘယ်အချိန်ကတည်းက သေနေလဲတော့ မသိဘူး၊ ဒီမနက် ၁၁ နာရီလောက် စျေးက ပြန်လာတော့ အိမ်က အဒေါ် ပြောပြလို့ သိရတာ၊ ကြိုးဆွဲချ သေတာတဲ့၊...
တပ်သိမ်းမြေ ၈၀၀ ဧက ပြန်ရရန် ပြည်သူများတောင်းဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စုအတွင်း နှင့် အနီးပတ်ဝန်းကျင်မှ တပ်သိမ်းမြေ (၈၀၀) ဧကတွင် ပြန်လုပ်ကိုင်စားသောက်ရန်အတွက် ပြည်သူများက တောင်းဆိုနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်ကတည်းက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) မှ တပ်ပိုင်မြေအဖြစ် သိမ်းယူလိုက်သည့် ဆုံကွယ်ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၆ ရွာမှ...






