Wednesday, January 28, 2026

မိုင်းကိုင် TNP ဥက္ကဌ မိုင်းနုမ်ဟန်၏ မိသားစု ဈာပနာ လူထောင်ချီလိုက်ပို့

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ၂လ နီးပါး ပျောက်ဆုံးနေပြီး သတ်ခံရသည့် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန် နှင့် မိသားစုများ၏ ဈာပနာအခမ်းအနားကို လူထုထောင်ချီ လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။

မိုင်းကိုင် TNP ဥက္ကဌ မိုင်းနုမ်ဟန်၏ မိသားစု ဈာပနာ လူထောင်ချီလိုက်ပို့ (SPM)

မိသားစုလိုက်သတ်ခံရသည့် ရုပ်အလောင်းကို ပြီးခဲ့သည့် မတ် (၉)ရက်နေ့တွင် ရှာဖွေတွေ့ရှိပြီး ၎င်းရုပ်အလောင်းတွင် လက်နှင့် လည်ပင်းကို ကြိုးတုတ်ထားကာ သေနတ်ဒဏ်ရာများနှင့်အတူ သတ်ဖြတ်ခံထားရကြောင်း ရွှေဖီမြေသတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ရုပ်အလောင်းတွင် သတ်ဖြတ်ခံထားရသည့်နေရာ၌ သယ်ဆောင်လာခဲ့ကြရပြီး မတ်လ (၁၃)ရက်က ပန်ပွဲရွာအနီးရှိ တောင်ယာတစ်ခုမှာ မီးရှို့သဂြိုလ်ခဲ့ကြောင်း သိရသည်။

၎င်း ဈာပနာအခမ်းအနားကို တအာင်း(ပလောင်) လူမှုအဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုများ၊ ဆွေမျိုးများ စသည့် အနယ်နယ်အရပ်ရပ်က တအာင်း(ပလောင်) လူထုများ ထောင်ချီတက်ရောက်ခဲ့သည်။

မိုင်းကိုင် TNP ဥက္ကဌ မိုင်းနုမ်ဟန်၏ မိသားစု ဈာပနာ လူထောင်ချီလိုက်ပို့ (SPM)

သတ်ခံရသည့် မိုင်းနုမ်ဟန် သည် အသက် (၃၉)နှစ်၊ အမျိုးသမီးဖြစ်သူ လွေးအေးခ (၂၆)နှစ် နှင့် (၇)လအရွယ်ရှိ သမီးဖြစ်သူ လွေးစိန်ပ္လါင် တို့ ဖြစ်ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ မိုင်းနုမ်ဟန် အပါအဝင် ဇနီး နှင့် (၇)လအရွယ် သမီးဖြစ်သူတို့ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) နှင့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (TPCC) က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

မိုင်းကိုင် TNP ဥက္ကဌ မိုင်းနုမ်ဟန်၏ မိသားစု ဈာပနာ လူထောင်ချီလိုက်ပို့ (SPM)

မိုင်းနုမ်ဟန် နှင့် မိသားစု (၃)ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ၎င်းအသိုင်းအဝိုင်းက မိုင်းကိုင်မြို့နယ်အတွင်း အခြေစိုက်သည့် သျှမ်းလက်နက်ကိုင်အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုထားသည်။

မိုင်းနုမ်ဟန် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး (TNP) ပါတီဘက်မှ တာဝန်ရှိသူများလည်း RCSS/SSA ၏ ဆက်ဆံရေးရုံး ကနေတစ်ဆင့် စာပို့အကြောင်းကြားမှုများလည်းရှိပြီး RCSS ဘက်မှလည်း အကြောင်းပြန်ထားမှုများလည်းရှိကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က မတ်လ (၇)ရက်နေ့တွင် သျှမ်းသံတော်ဆင့် ကို ပြောသည်။

မိုင်းနုမ်ဟန် တို့ မိသားစုသည် ဇန်နဝါရီ (၁၀)ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလော ကျေးရွာအုပ်စု အတွင်း ပျောက်ဆုံးသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...

“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

0
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။ သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက...