မိုင်းကိုင် TNP ဥက္ကဌ မိုင်းနုမ်ဟန်၏ မိသားစု ဈာပနာ လူထောင်ချီလိုက်ပို့

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ၂လ နီးပါး ပျောက်ဆုံးနေပြီး သတ်ခံရသည့် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန် နှင့် မိသားစုများ၏ ဈာပနာအခမ်းအနားကို လူထုထောင်ချီ လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း စုံစမ်းသိရသည်။

မိုင်းကိုင် TNP ဥက္ကဌ မိုင်းနုမ်ဟန်၏ မိသားစု ဈာပနာ လူထောင်ချီလိုက်ပို့ (SPM)

မိသားစုလိုက်သတ်ခံရသည့် ရုပ်အလောင်းကို ပြီးခဲ့သည့် မတ် (၉)ရက်နေ့တွင် ရှာဖွေတွေ့ရှိပြီး ၎င်းရုပ်အလောင်းတွင် လက်နှင့် လည်ပင်းကို ကြိုးတုတ်ထားကာ သေနတ်ဒဏ်ရာများနှင့်အတူ သတ်ဖြတ်ခံထားရကြောင်း ရွှေဖီမြေသတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ရုပ်အလောင်းတွင် သတ်ဖြတ်ခံထားရသည့်နေရာ၌ သယ်ဆောင်လာခဲ့ကြရပြီး မတ်လ (၁၃)ရက်က ပန်ပွဲရွာအနီးရှိ တောင်ယာတစ်ခုမှာ မီးရှို့သဂြိုလ်ခဲ့ကြောင်း သိရသည်။

၎င်း ဈာပနာအခမ်းအနားကို တအာင်း(ပလောင်) လူမှုအဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုများ၊ ဆွေမျိုးများ စသည့် အနယ်နယ်အရပ်ရပ်က တအာင်း(ပလောင်) လူထုများ ထောင်ချီတက်ရောက်ခဲ့သည်။

မိုင်းကိုင် TNP ဥက္ကဌ မိုင်းနုမ်ဟန်၏ မိသားစု ဈာပနာ လူထောင်ချီလိုက်ပို့ (SPM)

သတ်ခံရသည့် မိုင်းနုမ်ဟန် သည် အသက် (၃၉)နှစ်၊ အမျိုးသမီးဖြစ်သူ လွေးအေးခ (၂၆)နှစ် နှင့် (၇)လအရွယ်ရှိ သမီးဖြစ်သူ လွေးစိန်ပ္လါင် တို့ ဖြစ်ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် တအာင်းအမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ မိုင်းနုမ်ဟန် အပါအဝင် ဇနီး နှင့် (၇)လအရွယ် သမီးဖြစ်သူတို့ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) နှင့် တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (TPCC) က ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

မိုင်းကိုင် TNP ဥက္ကဌ မိုင်းနုမ်ဟန်၏ မိသားစု ဈာပနာ လူထောင်ချီလိုက်ပို့ (SPM)

မိုင်းနုမ်ဟန် နှင့် မိသားစု (၃)ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ၎င်းအသိုင်းအဝိုင်းက မိုင်းကိုင်မြို့နယ်အတွင်း အခြေစိုက်သည့် သျှမ်းလက်နက်ကိုင်အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ပြောဆိုထားသည်။

မိုင်းနုမ်ဟန် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး (TNP) ပါတီဘက်မှ တာဝန်ရှိသူများလည်း RCSS/SSA ၏ ဆက်ဆံရေးရုံး ကနေတစ်ဆင့် စာပို့အကြောင်းကြားမှုများလည်းရှိပြီး RCSS ဘက်မှလည်း အကြောင်းပြန်ထားမှုများလည်းရှိကြောင်း RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က မတ်လ (၇)ရက်နေ့တွင် သျှမ်းသံတော်ဆင့် ကို ပြောသည်။

မိုင်းနုမ်ဟန် တို့ မိသားစုသည် ဇန်နဝါရီ (၁၀)ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလော ကျေးရွာအုပ်စု အတွင်း ပျောက်ဆုံးသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...