Wednesday, January 28, 2026

မူဆယ်မြို့လယ်ခေါင် တရုတ်ငွေလဲအိမ်(၂)အိမ် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စျေးရပ်ကွက်တွင် ယနေ့ (မတ် ၁၀)ရက် ညနေ ၅နာရီကျော် ၌ တရုတ်ငွေလဲသည့် အိမ် (၂)အိမ် ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။

ယနေ့ ညနေ ၅နာရီကျော်တွင် မူဆယ်မြို့ စျေးရပ်ကွက်ရှိ တရုတ်ငွေလဲနေသည့် နေအိမ် (၂)အိမ်ထံ ကားဖြင့်ရောက်လာပြီး သေနတ်ဖြင့် ပစ်ကာ တရုတ်ငွေများကို ဓားပြတိုက်ယူသွားကြောင်း မူဆယ်ဒေသခံ မျက်မြင်တွေ့ရှိသူများက ပြောသည်။

“ ကားနဲ့ ရောက်လာတယ်။ အဲ့လူတွေက ဦးထုတ် အစိမ်းရောင်စောင်းထားတယ်။ ပြီးတော့ သေနတ်အရှည်နဲ့ မိုးပေါ်ထောင်ပစ်သွားတယ်။ တရုတ်ငွေ တွေ ဘယ်လောက်ပါသွားလဲမသိဘူး။ ဓားပြတိုက်ခံရတာက တရုတ်ငွေလှဲတဲ့အိမ် (၂)အိမ်ပါ” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓားပြတိုက်ခံရသည့် နေအိမ်သည် လူသွား၊လူလာများသည့်နေရဖြစ်ပြီး၊ မြို့လယ်ခေါင်တွင်တည်ရှိသည့် နေအိမ်များဖြစ်သည်။

ထိုမြို့လယ်ခေါင်တွင် ဓားပြတိုက်ခံရသည့်အတွက် ဒေသခံပြည်သူများက စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် မူဆယ်မြို့တွင် မကြာခဏ ဓားပြတိုက်မှု၊ လုယက်ခိုးမှုများဖြစ်ပွားကာ တကြိမ်တခါမျှ တရားခံကို မမိခဲ့ပေ။

“ အခုက တရုတ်ပြည်ဘက်လည်း တံခါးပိတ်ထားတယ်။ ဓားပြက တရုတ်ပြည်ဘက်လည်း ပြေးလို့မရဘူး။ ဒါပေမယ့် မူဆယ်မြို့ထဲမှာပဲ ဓားပြကို ဖမ်းမမိဘူး။ ပြည်သူလုံခြုံရေးကတော့ ပိုဆိုးလာတယ်” ဟု မူဆယ်မြို့ အသက် ၃၀ကျော် အမျိုးသားတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလတွင်လည်း မူဆယ်မြို့ တရုတ်ငွေလဲသည့်သူ ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသည့်အထိ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မိုင်းရှူးမြို့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ ရွှေ ၆၀ကျပ်သားနှင့် ကျပ်သိန်း ၂၀၀ ပါသွား

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် ရွှေဆိုင်တစ်ဆိုင်သည် ယနေ့ (သြဂုတ် ၁၂)ရက် ညနေ ၄နာရီခွဲဝန်းကျင်၌ ဓားပြတိုက်ခံရပြီး ရွှေ ၆၀ ကျပ်သား နှင့် မြန်မာကျပ်သိန်း (၂၀၀) ကျော်ပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ်လ ၁၂ ရက်) ညနေ ၄ ခွဲဝန်းကျင်တွင်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...