တပ်သိမ်းမြေ ၈၀၀ ဧက ပြန်ရရန် ပြည်သူများတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာအုပ်စုအတွင်း နှင့် အနီးပတ်ဝန်းကျင်မှ တပ်သိမ်းမြေ (၈၀၀) ဧကတွင် ပြန်လုပ်ကိုင်စားသောက်ရန်အတွက် ပြည်သူများက တောင်းဆိုနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်ကတည်းက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) မှ တပ်ပိုင်မြေအဖြစ် သိမ်းယူလိုက်သည့် ဆုံကွယ်ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၆ ရွာမှ မြေနေရာများအပါအဝင် မြေဧကစုစုပေါင်း ၈၀၀ နီးပါးကို ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်ခွင့်ရနိုင်ရန်အတွက် ပြန်လည်ပေးအပ်ရန် အလိုရှိကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သမိုင်းကြောင်းအရတော့ ဒီမြေတွေက ပြီးခဲ့တဲ့ ၂၀၀၀ ကတည်းက တပ်ပိုင်မြေဖြစ်ခဲ့ဖူးပေမဲ့ စစ်တပ်က ဘာမှ လာမလုပ်ဘူး၊ ပြည်သူတွေလည်း အဲ့မြေနေရာတွေမှာ လုပ်ကိုင်စားသောက် လို့ရနေခဲ့တယ်၊ အခု စစ်အာဏာသိမ်းလိုက်မှ မြေနေရာကို ကုမ္မဏီတွေဆီငှားပေးတာနဲ့၊ တခြားလုပ်ငန်းတွေလာလုပ်တာနဲ့ ပြည်သူတွေ မလုပ်ရတာ” ဟု ဆုံကွယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆုံကွယ်ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာပြည်သူများသည် လယ်ယာစိုက်ပျိုးရေး အဓိက လုပ်ကိုင်စားသောက်ကြရာ စစ်တပ်က ယခုလို လုပ်ဆောင်လာခြင်းကြောင့် များစွာ အခက်အခဲရှိကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရမခ စစ်တပ်မှ သိမ်းယူသွားသည့် မြေနေရာများတွင် ဒေသခံရွာသားတို့ လုပ်ကိုင်စားသောက်ခွင့်မရသော်လည်း တခြားပြင်ပမှ ကုမ္ပဏီများကို မြေနေရာငှားရမ်းပေးနေကြောင်းလည်း သိရသည်။

“အရင်က ကျနော်တို့ရွာသူကြီးနဲ့ ရပ်မိရပ်ဖတွေပေါင်းပြီး ဒီ ရမခ တပ်က သိမ်းထားတဲ့မြေနေရာအားလုံး မဟုတ်ရင်တောင် တချို့တဝက်ပြန်ပေးဖို့ နေပြည်တော်အထိ လူရောစာရာ သုံးကြိမ်သွားရောက်တောင်းဆိုခဲ့ဖူးတယ်၊ လုပ်ပေးမယ်ပြောပြီး ဘာမှထူးမလာဘူး၊ ကျနော်တို့ဒေသခံတွေက လုပ်ကိုင်စားသောက်ဖို့ မြေနေရာရှားလာ တော့ ခက်ခဲကုန်တာပေါ့” ဟုလည်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ကြောင့် ရမခ စစ်တပ်မှ သိမ်းထားသည့် မြေနေရာများအား ဒေသခံများလုပ်ကိုင်စားသောက်နိုင်ရန်နှင့် ပြန်လည်ပေးအပ်ရန် အတွက် ကျေးရွာနေပြည်သူများက မျှော်လင့်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...