Tuesday, January 27, 2026

မူဆယ်မြို့ အမျိုးသမီးတစ်ဦး သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး သတ်ဖြတ်ခံရကြောင်း စုံစမ်းသိရသည်။

Photo by မူဆယ် ဒေသခံတဦး

အဆိုပါ သတ်ဖြတ်ခံရသည့် အမျိုးသမီးသည် အသက် (၂၄)နှစ်အရွယ်ရှိပြီး ယမန်နေ့ (မတ်လ ၁၂)ရက် မနက်ပိုင်း ၆ နာရီဝန်းကျင်တွင် ကားဝယ်လိုသည်ဟု ဖုန်းဆက်ပြောဆိုလာသူနှင့် ချိန်းဆိုမှုရှိရာသို့ ထွက်သွားပြီး သတ်ဖြတ်ခံရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

သတ်ခံရသည့် အမျိုးသမီးသည် အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာပေါ် သူမ၏ အကောင့်တွင် ကားရောင်းဝယ်လုပ်နေသည့်သူတစ်ဦးဖြစ်သည်။

“ အဲ့နေ့ ည ၆ နာရီလောက်မှာ ကားဝယ်မယ်ဆိုပြီး ဖုန်းဆက်ချိန်းတဲ့နေရာသွားအုံးမယ်ဆိုပြီးတော့ သူ့မိသားစုကို ပြောပြီးထွက်သွားတာ၊ တစ်ညလုံးလည်း ပြန်မလာဘူး၊ မနက်ရောက်တော့ မူဆယ်မြို့ သုဿန်ထဲမှာ သူမရဲ့ သေဆုံးအလောင်းကို တွေ့တာပဲ ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ အမျိုးသမီး၏ ရုပ်အလောင်းကို ပြည်သူတစ်ဦးက တွေ့ရှိအကြောင်းကြားလာခြင်းဖြစ်ပြီး မိသားစုဝင်နှင့် ဆွေမျိုးများ သွားရောက်ချိန်တွင် မျက်နှာတစ်ခုလုံး တိပ်ဖြင့်ပတ်ထားပြီး ညိုမဲနေသည့် ဒဏ်ရာများကို ခန္ဓာကိုယ်အနှံ့ တွေ့ရှိရကြောင်းနှင့် အတွင်းခံ ဘောင်းဘီလည်း ချွတ်လျက် တွေ့ရှိကြောင်း သိရသည်။

မူဆယ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် လောင်းကစားများ၊ မူးယစ်ဆေးဝါးများ ပေါများကာ နေ့စဉ်နေ့တိုင်း လုယက်မှု၊ ဓားပြတိုက်မှုများ ရှိနေကြောင်း သိရသည်။

“ မူဆယ်ကလည်း အမျိုးသမီးတွေမကဘူး၊ အမျိုးသားတွေရာ ကလေးသူငယ်တွေရော မလုံခြုံတာမျိုး နေ့တိုင်း ကြားနေရတယ်၊ လောင်းကစားဝိုင်းတွေရော မူးယစ်ဆေးတွေရော များလာတာကြောင့် ကျမတို့မြို့ရဲ့ တည်ငြိမ်အေးချမ်းမှုတွေလည်း ပျက်ပြားကုန်တာပေါ့ ” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုထားသည်။

လက်ရှိ မူဆယ်မြို့တွင်းအခြေအနေသည် အမျိုးသမီးများအနေဖြင့် အပြင်သို့တစ်ယောက်တည်းသွားလာခြင်း မပြုရဲသည့်အပြင် နေအိမ်တွင်းတစ်ယောက်တည်း နေထိုင်ရန်လည်း ကြောက်လန့်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလိုအခြေအနေမှာ အပြင်သွားဖို့မပြောနဲ့ ကိုယ့်အိမ်ထဲမှာနေတာတောင် မလုံခြုံတော့ဘူး၊ ဘယ်နားသွားသွား စိုးရိမ်နေရတယ်၊ မိန်းမတစ်ယောက်အနေနဲ့ ကိုယ့်စိတ်ကြိုက်သွားလာလို့ မရတော့ဘူး၊ အဲ့လိုအခွင့်အရေးတွေ ဆုံးရှုံးနေရတယ်၊ တချို့ဆို မြို့ပြောင်းဖို့တောင် စဥ်းစားနေကြတယ်၊ မြို့က လုံခြုံမှုမရှိဘူးလို့ ယူဆတဲ့အတွက် ကြောင့်လေ” ဟု ၎င်းက ပြောသည်။

လက်ရှိ မူဆယ်မြို့တွင်းနေ ပြည်သူများသည် ကိုယ့်လုံခြုံရေးအတွက် ကိုယ့်ကိုယ်သာ အားကိုးနေရပြီး တရားဥပဒေနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ အကာအကွယ်ပေးမှုကင်းမဲ့နေသည်ဟု ညှီးထွားပြောဆိုမှုများ ရှိနေကြောင်းလည်း သိရသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့တစ်ခုဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံတပ်ဖွဲ့များ သွားလာလှုပ်ရှားသည့် ဒေသဖြစ်ပြီး တရားခံမပေါ်သည့် ဥပဒေမဲ့ လုပ်ရပ်များ မကြာခနဖြစ်ပေါ်သည့် ဒေသလည်း ဖြစ်သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။