မြေလုပြဿနာကြားက မျှော်လင့်ချက်မဲ့နေရတဲ့မိသားစုဘဝ

“ကျနော်တို့က တောင်ယာတွေပဲလုပ်ကိုင် စားသောက်တော့ ငွေကအသင့်မရှိထားဘူး။ အလုပ်ပြန် မလုပ်နိုင်မှာကိုတော့ စိုးရိမ်တယ်” လို့ မိုင်းထိဒဏ်ရာနဲ့ အိပ်ယာပေါ်ထိုင်ကာ စိုင်းဆေး က အသံတိုးတီးစွာ ပြောဆိုလာပါတယ်။

စိုင်းဆေး

စိုင်းဆေးဟာ မတ် (၈)ရက် မနက် ၁၀နာရီခွဲမှာ မိသားစု အစားအသောက်ချက်ပြုတ်ရန် ဆိုင်ကယ်နဲ့ ထင်းရှာထွက်နေချိန် ထင်မှတ်မထားတဲ့ မြေမြုပ်မိုင်းကို ဆိုင်ကယ်ဘီးဝင်ကြိတ်မိကာ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

“ ကျနော်ရဲ့ ဆိုင်ကယ်ဘီးက မိုင်းကို နင်းမိလိုက်တော့ ကျနော်ရုတ်တရက် လွှင့်သွားတယ်။ ခဏတော့ မူးသွားတယ်။ သတိပြန်ရချိန်မှာတော့ ကျနော်ရဲ့ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာ တွေဖြစ်နေတယ်” လို့ မိုင်းနင်းမိစဉ် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို စိုင်းဆေး က ပြန်ပြောပြနေပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် လွှင့်စင်ခဲ့ရာ ခေတ္တခဏမူးမေ့ခဲ့ပြီး သတိပြန်ရချိန်မှာတော့ ယမ်းရနံ့က မပြေသေးပေ။

အဲ့ဒီချိန်မှာ စိုင်းဆေး တချက်သတိရလာတာကတော့ မိုင်းထပ်မံပေါက်ကွဲနိုင်ပြီးသေသွားနိုင်ကြောင်း အသိဝင်လာပါတယ်။

ဒါ့ကြောင့် စိုင်းဆေး က “ ကျနော်လည်း မိုင်းထပ်ကွဲမှာကြောက်လို့ တုတ် (၂) ချောင်းကောက်ပြီး လမ်းမပေါ် လူတွေ ရှိတဲ့နေရာကို ရောက်အောင်သွားလိုက်တယ်” လို့ အတိတ်က အဖြစ်တွေကို ပြန်ရင်ဖွင့်လာပါတယ်။

သူမိုင်းနင်းမိတဲ့နေရာကတော့ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ လွယ်ခူးကျေးရွာကနေ ဆိုင်ကယ်နဲ့ ၄၅မိနစ် မောင်းသွားကာ လဲချားမြို့က ဝမ်ယိမ်းကျေးရွာအုပ်စု ဝမ်နမ့်ကက်ကျေးရွာ အတွင်းက တောင်ပေါ်နေရာ တခုမှာပါ။

ပင်လုံ

မိုင်းထိဒဏ်ရာရတဲ့ စိုင်းဆေး ဟာ အသက် (၄၅)နှစ် အရွယ်ရှိပြီး မိသားစုဝင် (၅)ဦး ကို ရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီး တယောက်ဖြစ်သလို သူတို့မိသားစုဟာ လက်ဖက်ခြံ နဲ့ လယ် လုပ်ငန်းလုပ်ကိုင်ကြပါတယ်။

“တစ်ယောက်ဖြစ်သွားရင် မိသားစုအားလုံးက ငွေကြေးပိုင်း အခက်အခဲတွေ အများကြီး ကြုံတွေ့သွားတယ်။ ကလေးတွေကလည်း ကျောင်းမပြီးသေးဘူး။ ကလေးတွေ ရှာဖွေကျွေးမွေးရအုံးမယ်” လို့ စိုင်းဆေးက မိသားစု အတွက် စိုးရိမ်စွာ ပြောပါတယ်။

လက်ရှိမှာတော့ မိုင်းဒဏ်ရာကြောင့် ပင်လုံမြို့ရှိ ဆေးရုံမှာ မိုင်းစ ဒဏ်ရာကို ခွဲထုတ်နေရပါတယ်။

စိုင်းဆေး ကတော့ “ မိုင်းစက ခြေသလုံးမှာ (၃) နေရာ လောက်ဝင်သွားတယ်။ လောဆယ်တော့ (၂) ခု ခွဲထုတ်ပြီးပြီ။ တစ်ခုကျန်သေးတယ်။ ထုတ်လို့မရသေးဘူး။ ဆရာမတွေပြောတာတော့ သွေးကြောရဲ့ အောက်မှာရှိနေလို့ ထုတ်လို့မရဘူး” လို့ပြောပါတယ်။

ဒါ့အပြင် မတ် ၂ရက်နေ့မှာတုန်းကလည်း ပင်လုံမြို့ ပန်ဟူကျေးရွာအုပ်စု ခုံမတ်နွတ်ကျေးရွာမှာ ကိုယ်ဝန် (၇)လ လွယ်ထားတဲ့အမျိုးသမီး ကို လက်နက်ကြီးစ ထိမှန်ခဲ့ပါတယ်။

ပင်လုံမြို့ ဆိုတာ ဟာ မြန်မာပြည်ရဲ့ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ပြီး ပင်လုံမှတ်တိုင် စိုက်ထူခဲ့တဲ့ နယ်မြေတခု ဖြစ်ပါတယ်။

လက်ရှိ အဲ့ဒီနေရာဝန်းကျင်မှာတော့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ မြောက်ပိုင်းမဟာမိတ် တို့ စစ်မီးကူးလာတဲ့နေရာဖြစ်ကာ မြေမြုပ်မိုင်း စတင်ပေါက်ကွဲလာပါတယ်။

“ဒီလိုမြေမြုပ်မိုင်းတွေ အရင်တုန်းက တခါမှမကြာဖူး မကြုံဖူးဘူး။ ကျနော်တို့ အမြဲတမ်း အဲ့လမ်းကနေ အလုပ်သွားကြတာ တခါမှ မကြုံဖူးဘူး။ အခု မြေမြုပ်မိုင်းက လမ်းလယ်ခေါင်မှာ ရှိထားတာ။ ဘယ်အဖွဲ့လုပ်တာလဲတော့ ကျနော်တို့လဲ မသိရဘူး” လို့ လုံးစိုင်းဆေး ကပြောပါတယ်။

ယခုနှစ် အတွင်း သျှမ်းတောင် တကြောမှာ မြေမြုပ်မိုင်းကြောင့် ဒေသခံ ပြည်သူတွေ ထိခိုက်သေဆုံးသူတွေ၊ ဒဏ်ရာရရှိသူတွေ များစွာ ရှိခဲ့ပါတယ်။

“တပ်ပေါင်းစု နဲ့ RCSS တိုက်ပွဲ ဒီဘက်ရောက်လာတဲ့အတောအတွင်း ဒီလိုအရပ်သား‌မြေမြုပ်မိုင်းထိပြီး မြို့ပေါ်ဆေးလာကု ရတာ ဒါပထမဆုံးသိရတဲ့ ဖြစ်စဉ်ပဲ” လို့ လွယ်ခူးကျေးရွာက အသက် (၃၀) ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦး ကပြောပါတယ်။

ယခုနှစ်စပိုင်းမှာ သျှမ်းတောင်ပိုင်းအတွင်း မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသူ (၃)ဦးထက်မနည်းရှိခဲ့ပြီး၊ ပြင်းထန်ဒဏ်ရာရရှိသူ (၅)ဦးကျော်ထိရှိခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲကြောင့် သျှမ်းပြည်တောင်ပိုင်းမှာ မြေမြှုပ်မိုင်းဒဏ်ကြောင့် နေ့စဉ် နဲ့ အမျှ ထိခိုက်ဒဏ်ရာတွေ ရှိခဲ့ပါတယ်။

“ပြည်သူတွေဟာ စားဝတ်နေရေးအတွက် အလုပ်သွားတာ မြေမြုပ်မှိုင်းနင်းမိပြီး ဒဏ်ရာအကြီးအကျယ်ရတဲ့ အထိဖြစ်ရတယ်။ မြေမြုပ်မိုင်းဆိုတာ ခပ်များများ ခြေပြတ်ရင်ပြတ်၊ အဆုံးဆိုး အသက်သေဆုံးစေနိုင်တဲ့အမျိုးလေ”လို့ ပင်လုံမြို့ဒေသခံ အသက် (၃၄) ဝန်းကျင် ဒေသခံ အမျိုးသား တစ်ဦးကပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ မိမိထောင်ခဲ့တဲ့ မိုင်းတွေကို ပြန်လည်ရှင်းလင်းပေးရန်နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေကိုလည်း လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ ပြန်လည်ကုသပေးစေလိုကြောင်း သျှမ်းတောင် ပြည်သူတွေက ပြောဆိုလိုက်ပါတယ်။

မိုင်းဒဏ်ရာနဲ့ ဆေးကုသနေတဲ့ စိုင်းဆေးကတော့ “ ကျနော်မိသားစုတွေ စားဝတ်နေရေးအတွက် အလုပ်မြန်မြန် လုပ်ချင်တယ်။ ကလေးတွေရှာကျွေးဖို့လည်းခက်တယ်။ အခုလည်း စုထားတဲ့ငွေတွေ မရှိဘူး” လို့ စိုးရိမ်ပူပန်အမှုတွေနဲ့ ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...