CATEGORY

သတင်း

နမ့်လန်မြို့ပတ်ဝန်းကျင် တစ်ပတ်အတွင်း မိုင်းထိလူနာ (၇) ဦးရှိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ပတ်ဝန်းကျင်အတွင်း ယခု မတ်လ ပထမ ပတ်တွင် မိုင်းနင်းမိမှုကြောင့် ထိခိုက်လူနာ (၇)ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မိုင်းနင်းမိမှုကြောင့် (၇)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ယမန်နေ့ မတ်လ ၈ ရက်နေ့က တစ်ဦးသေဆုံးသွားကြောင်း နမ့်လန်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို...

မူဆယ်မြို့နယ် အတွင်း ဆိုင်ကယ်ဈေးသည် သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု နောင်ဆိုင်ကျေးရွာတွင် စျေးသည်အမျိုးသားနှစ်ဦး သေနတ်ပစ်သတ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ မတ်လ (၉)ရက် နေ့လည် (၁၁)နာရီဝန်းကျင်ခန့်တွင် အမည်မသိလက်နက်ကိုင်က ၎င်းစျေးသည် အမျိုးသားနောက် လိုက်လာပြီး ပစ်သတ်ခဲ့ကြောင်း သိရသည်။ “လာပစ်သွားတဲ့သူက သေနတ်ကို ဆာလအိတ်ထဲ ထည့်လာပြီး ပစ်သတ်သွားတယ်လို့ပြောတယ်။ တစ်ယောက်ကတော့ ပွဲချင်းပြီး...

နမ့်စန်မြို့ သတင်းထောက်ဟောင်း တစ်ဦးကို စစ်ကောင်စီ လာရောက်ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် နေထိုင်သည့် သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီမှ လာရောက် ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ ည ၉ နာရီကျော်ဝန်းကျင်အချိန်တွင် နမ့်စန်မြို့မှာ နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်း ကိုသန်းစိုးအောင်ကို စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ “အရင်ကတော့ DVB နဲ့...

နောင်ချိုမြို့နယ် Local PDF တစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် Local PDF တစ်ဦး ယမန်နေ့ (မတ် ၈)ရက် နေ့လည် ၂ နာရီတွင် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မတ် ၈)ရက် နေ့လည် ၂ နာရီဝန်းကျင်က ကျောက်မဲမြို့ တိုးဂိတ်တွင် နောင်ချိုမြို့ PDF တပ်ဖွဲ့ဝင် တစ်ဦး...

မိုးနဲမြို့အတွင်း ကျောက်မီးသွေးတူးဖော်မှုကြောင့် သောက်ရေ နှင့် သုံးရေများရှားပါးလာ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ယခုနှစ်အတွင်း ချောင်းရေများ ပိုခမ်းခြောက်လာသည့်အတွက် ပြည်သူများ သောက်သုံးရေ ခက်ခဲလာကြောင်း သတင်းရရှိသည်။ “ ကျမတို့မြို့က အဓိကတော့ ချောင်းရေ၊ မြစ်ရေတွေ သုံးကြတာလေ။ အခု နွေရာသီဆိုတော့ ရေက ခမ်းကုန်တာ။ ရေခမ်းတော့ ရေသုံးဖို့ အခက်ခဲဖြစ်တာပေါ့။ အဲ့ဒီ ချောင်းရေတွေကနေဘဲ သောက်ရေကော၊...

စစ်ကောင်စီက လာမည့်လဆန်းပိုင်း မှတ်ပုံတင် လိုက်စစ်ဆေးမည်ဟု ထုတ်ပြန်

မြန်မာပြည်သူများအနေဖြင့် လာမည့် ဧပြီလ ၁ ရက်နေ့က စပြီး ခရီးသွားပါက နိုင်ငံသားကတ်(မှတ်ပုံတင်) တရားဝင်ထုတ်ထားသည့် မှတ်ပုံတင်ဖြင့်သာ အသုံးပြုရန် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ အသက် (၁၆)နှစ် နှင့် အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တမျိုးမျိုး ထုတ်ပေးရေး...

မူဆယ် နာရေးပြုလုပ်နေသည့် ပြည်သူ့စစ်နေအိမ် သေနတ်ပစ်ခံရ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မြောက်ရပ်ကွက် နာရေးပြုလုပ်နေသည့် နေအိမ်ကို ယနေ့ (မတ် ၈)ရက် နေ့လည် (၁)နာရီဝန်းကျင်က အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ လာရောက်ပစ်ခတ်ရာ (၂)ဦး သေဆုံးသွားပြီး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မတ်လ (၈)ရက် နေ့လည် (၁)နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်...

သျှမ်းပြည်စစ်ရေးပဋိပက္ခကြား ပျောက်သွားသည့် မိုင်းကိုင် TNP ပါတီ ဥက္ကဌ ရုပ်အလောင်းပြန်တွေ့

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း  နှစ်လနီးပါး ပျောက်ဆုံးနေသည့် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန်အား ပုတ်ပွနေသည့် ရုပ်အလောင်းဖြင့် ပြန်လည်တွေ့ရှိသည်ဟု ပါတီတာဝန်ခံကပြောသည်။ မိုင်းနုမ်ဟန်၏ ရုပ်အလောင်းကို မတ်လ (၃) ရက်နေ့က တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာ အနီး ကျောက်လိုင်ဂူတခုတွင် တွေ့ရှိကြောင်း  မိုင်းကိုင်မြို့နယ် (TNP)...

သီပေါမြို့မှ KBZ ဘဏ် ဓားပြတိုက်ဟုယူဆရသူ လူငယ်တစ်စုကို ဖမ်းဆီးရမိ ဟုဆို

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှ KBZ ဘဏ်ကို ဓားပြတိုက်ဟုယူဆထားသည့် လူငယ်တစ်စုကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သီပေါဒေသခံများထံမှ သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ဖြစ်သွားတဲ့ သီပေါ KBZ ဘဏ် ဓားပြတိုက်မှုမှ ပါဝင်သူ လူငယ် ၆ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း...

ဆီဆိုင်မြို့နယ်ရောက် ကရင်နီ စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရောက် ကရင်နီပြည် (ကယား)မှ စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲကြုံတွေ့နေကြောင်း သတင်းသိရသည်။ လက်ရှိ စစ်ရှောင်တချို့ နေရပ်ပြန်သွားသော်လည်း စစ်ရှောင်စခန်းများတွင် ခိုလှုံနေသည့်သူ များစွာကျန်ရှိနေသေးကြောင်း၊ အလှူရှင်များ နည်းပါးသွားသည့်အတွက် အစားအသောက်များခက်ခဲလာခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ "ကျနော်တို့ ဖွင့်ထားတဲ့ စခန်းတွေမှာ တစ်ပတ်စာလောက်ပဲ ကျန်တယ်၊ တချို့နေရာက...

Latest news