နမ့်လန်မြို့ပတ်ဝန်းကျင် တစ်ပတ်အတွင်း မိုင်းထိလူနာ (၇) ဦးရှိ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ပတ်ဝန်းကျင်အတွင်း ယခု မတ်လ ပထမ ပတ်တွင် မိုင်းနင်းမိမှုကြောင့် ထိခိုက်လူနာ (၇)ဦး ရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မိုင်းနင်းမိမှုကြောင့် (၇)ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ယမန်နေ့ မတ်လ ၈ ရက်နေ့က တစ်ဦးသေဆုံးသွားကြောင်း နမ့်လန်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီတစ်ပတ်ထဲမှာပဲ (၇)ယောက်လောက် မိုင်းနင်းမိတာ။ တစ်ယောက်သေသွားတယ်။ မနေ့ မနက်က သေသွားတာ။ ကျန်တဲ့သူတွေတော့ ဆေးရုံတွေမှာ ဆေးကုသနေကြတယ်” ဟု နမ့်လန်မြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

နမ့်လန်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲ ရပ်တန့်သွားပြီးနောက်ပိုင်း မိုင်းနင်းမိသည့် ပြည်သူများ ပိုများပြားလာကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲ ငြိမ်သက်သွားသော်လည်း လက်နက်ကိုင်တပ်ဖွဲ့များက မြေမြှုပ်မိုင်းများကို ပြန်လည် လာရောက်ဖြေရှင်း ရုတ်သိမ်းပေးတာမရှိသည့်အပြင် ပြည်သူအများစု သွားလာလှုပ်ရှားသည့် နေရာများတွင် မိုင်းကို ထောင်ထားလျက်ရှိကြောင်း သိရသည်။

“ မိုင်းကတော့ သူတို့တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်းဘဲ နင်းမိကြတာ။ ပြန်လာရုတ်သိမ်းတာလည်း မရှိဘူး။ မိုင်းထောင်ထားတဲ့ နေရာတွေကလည်း ပြည်သူတွေ သွားလာရှာဖွေစားသောက်တဲ့နေရာတွေဖြစ်တယ်။ တော်တော်လေးကို များတယ်” ဟု အသက် ၃၀ ကျော် ဒေသခံအမျိုးသားက ပြောသည်။

မြေမြှုပ်မိုင်းကြောင့် ပြည်သူများ သွားလာရာတွင် စိတ်ပူနေကြရသည့် အပြင်၊ စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရာတွင်လည်း ပြည်သူများ အခက်ခဲများစွာရှိလာနေကြောင်း သိရသည်။

“ ပြည်သူတွေအတွက် အပြင်သွားလာဖို့ ခက်ခဲတာပေါ့။ မိုင်းနင်းမိမှာကြောက်ကြရတယ်လေ။ စားဝတ်နေရေးအတွက်လည်း ခက်ခဲလာတယ်။ ခြံတွေ၊ လယ်တွေ သွားဖို့လည်း မသွားရဲတော့ဘူး။ မိုင်းကလည်း ပြည်သူတွေ အများသွားလာတဲ့နေရာမှာဘဲ ထောင်ထားတယ်လေ” ဟု ၎င်းက ဆိုသည်။

နမ့်လန်မြို့တွင် တိုက်ပွဲ မဖြစ်ပွားသည်မှာ ၂ လကျော်ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။ သို့သော် တိုက်ပွဲငြိမ်သက်သွားပြီးနောက် ယနေ့ မတ်လ ၉ ရက်နေ့အထိ မိုင်းနင်းမိလူနာ ၂၀ ကျော်နှင့် သေဆုံးသူ ၄ ဦး ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...