Tuesday, May 7, 2024

နောင်ချိုမြို့နယ် Local PDF တစ်ဦး ဖမ်းဆီးခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် Local PDF တစ်ဦး ယမန်နေ့ (မတ် ၈)ရက် နေ့လည် ၂ နာရီတွင် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

နောင်ချို

ယမန်နေ့ (မတ် ၈)ရက် နေ့လည် ၂ နာရီဝန်းကျင်က ကျောက်မဲမြို့ တိုးဂိတ်တွင် နောင်ချိုမြို့ PDF တပ်ဖွဲ့ဝင် တစ်ဦး ဖမ်းဆီးခံရကြောင်း ၎င်း၏ မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် သီပေါမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖမ်းခံရတာတော့ သေချာပါတယ်။ ကျောက်မဲတိုးဂိတ်တစ်နေရာမှာ ဖမ်းခံရတယ်လို့တော့ သိရတယ်။ ဘယ်လိုကြောင့်နဲ့ ဘာကြောင့် ဖမ်းခံရသွားတာလဲတော့ ကျနော်တို့လည်း အသေးစိတ် မသိရသေးဘူး” ဟု PDF အဖွဲ့ဝင် က ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးကို ယခုချိန်ထိ အဆက်သွယ် ပြန်မရရှိသေးကြောင်း သိရသည်။

“ ကျနော်တို့လည်း စုံစမ်းနေတယ်။ ခုချိန်ထိတော့ အဆက်သွယ်မရဘူး။ စစ်ကြောရေးမှာတော့ စစ်ဆေးခံနေရမလား မသိဘူး။ ကျနော်တို့လည်း စိတ်ပူနေပါတယ်။ ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ အသေးစိတ်မသိရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်း တစ်နှစ်ကျော်ကာလ အတွင်း စစ်ကောင်စီမှ ပြည်သူ (၁၆၂၃)ဦးကို သတ်ဖြတ်ခဲ့ပြီး (၁၂၅၆၀) ဦးကို ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ယမန်နေ့ မတ်လ (၈)ရက် ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article