စစ်ကောင်စီက လာမည့်လဆန်းပိုင်း မှတ်ပုံတင် လိုက်စစ်ဆေးမည်ဟု ထုတ်ပြန်

မြန်မာပြည်သူများအနေဖြင့် လာမည့် ဧပြီလ ၁ ရက်နေ့က စပြီး ခရီးသွားပါက နိုင်ငံသားကတ်(မှတ်ပုံတင်) တရားဝင်ထုတ်ထားသည့် မှတ်ပုံတင်ဖြင့်သာ အသုံးပြုရန် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အသက် (၁၆)နှစ် နှင့် အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တမျိုးမျိုး ထုတ်ပေးရေး အတွက် ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းပြီး လုပ်ဆောင်ပေးနေကြောင်း၊ လိုအပ်သည့်နေရာများတွင် တအိမ်တက်ဆင်း ကာ ဆောင်ရွက်ပေးနေကြောင်းလည်း မတ် ၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ခရီးသွားလာမှုတွင်လည်းကောင်း ၊ တည်းခိုနေထိုင်ရာတွင် နိုင်ငံသားကတ် (မှတ်ပုံတင်)ကို ပြသနိုင်ရမည်ဖြစ်ပြီး၊ ထောက်ခံစာများအား ပြသပြီး ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းကို ခွင့်ပြုသွားမည် မဟုတ်တော့ကြောင်း ရေးသားဖော်ပြထားသည်။

ထို့ကြောင့် လက်ရှိမှာလည်း စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မှတ်ပုံတင် လိုက်လံလုပ်ဆောင်ပေးနေကြောင်း သိရသည်။

“ အခုမြန်မာနိုင်ငံထဲမှာ တော်လှန်ပုန်ကန်မှုတွေက များလာတယ်။ စစ်ကောင်စီက မှတ်ပုံတင်တွေ လိုက်လုပ်ပေးနေတာက သူတို့ဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးရလွယ်ကူအောင်လို့ လုပ်တာလို့ ကျနော်တို့တော့ မြင်တယ်။ အခုက သူတို့ လိုက်စစ်ဆေးပြီး တော်လှန်နေတဲ့သူကို ဖမ်းဆီးရလွယ်ကူအောင်လုပ်နေတာပဲ” ဟု လားရှိုးမြို့ဒေသခံ အမျိုသားတစ်ဦးက ပြောသည်။

ထိုသို့ ထုတ်ပြန်ချက် နှင့် စစ်ကောင်စီတို့၏ လုပ်ရပ်များသည် ပြည်သူများခရီသွားလာမှု ခက်ခဲလာအောင်ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“ အခုက လဝက ကနေ ဒီလိုလုပ်လာတာဆိုတော့ ပြည်သူတွေကို ကြောက်အောင်လို့ အရင်ခြိမ်းခြောက်နေတဲ့ သဘောဖြစ်တယ်။ မှတ်ပုံတင်သာသွားလုပ်ကြပြီး ဘယ်မှ မသွားရဲကြတော့တာလည်းရှိတယ်။ သူတို့ ဆန်ကျင်နေတဲ့သူအတွက် လည်း ခက်ခဲလာအောင်လုပ်တာပေါ့” ဟု အထက်ပါ လားရှိုးမြို့ ဒေသခံက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခရီးသွားလာသူများအပေါ်ကို စစ်ဆေးမှု ယခင်ကထက်ကြမ်းလာသောကြောင့် ခရီးထွက်သူများ နည်းပါးလာပြီး ကားသမားများအတွက်လည်း စားဝတ်နေရေးခက်ခဲလာကြောင်း သိရသည်။

“ ခရီးသွားတဲ့သူကတော့နည်းလာတယ်။ လမ်းမှာလည်း စစ်ကောင်စီက မှတ်ပုံတင်တွေ ဘာတွေကိုတောင်းစစ်တယ်လေ။ ပိုက်ဆံတွေလည်းတောင်းတာရှိတယ်။ သူတို့စစ်တဲ့နေရာ ဆိုရင် ပထမဆုံး မှတ်ပုံတင်တောင်းကြည့်တာ။ အခုတလော ခရီးသွားတဲ့သူတွေက အရမ်းနည်းလာတယ်။ ကျန်းမာရေးအရ သွားလာတဲ့သူတွေဘဲ များတယ်” ဟု မူဆယ် – မန္တလေးလမ်းပြေးဆွဲသည့် ကားသမား အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီက မှတ်ပုံတင်ကို အတင်းအကြပ်လုပ်ပေးနေခြင်းသည် စစ်ကောင်စီ၏ လာမည့်ရွေးကောက်ပွဲ အပေါ်တွင် လည်း သက်ဆိုင်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က သျှမ်းသံတော်ဆင့်ကို ပြောဆိုဖူးသည်။

နိုင်ငံသားကတ်ပြား မှတ်ပုံတင်ကို အသက် ၁၆ နှစ်အထက်ရှိသူများက လုပ်ဆောင်ထားရမည်ဖြစ်ပြီး၊ မှတ်ပုံတင်အတု ကိုင်ဆောင်ထားသူများ နှင့် အပိုရှိထားသူများကို တည်းဆဲဥပဒေဖြင့် အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...