ဆီဆိုင်မြို့နယ်ရောက် ကရင်နီ စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရောက် ကရင်နီပြည် (ကယား)မှ စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲကြုံတွေ့နေကြောင်း သတင်းသိရသည်။

လက်ရှိ စစ်ရှောင်တချို့ နေရပ်ပြန်သွားသော်လည်း စစ်ရှောင်စခန်းများတွင် ခိုလှုံနေသည့်သူ များစွာကျန်ရှိနေသေးကြောင်း၊ အလှူရှင်များ နည်းပါးသွားသည့်အတွက် အစားအသောက်များခက်ခဲလာခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ဖွင့်ထားတဲ့ စခန်းတွေမှာ တစ်ပတ်စာလောက်ပဲ ကျန်တယ်၊ တချို့နေရာက ကုန်သလောက်တောင် ဖြစ်နေပြီ၊ ခုချိန်က သီးနှံပေါ်ချိန်လည်း မဟုတ်ဘူး၊ ဒေသခံတွေလည်း အလုပ် ပါးတဲ့အချိန်ဆိုတော့ အခက်ခဲတွေဖြစ်နေတော့တာ၊ အလှူရှင်တွေလည်း အရမ်းနည်းသွားပြီ” ဟု ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာမှ စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

ဆိုက်ခေါင်စံပြကျေးရွာရှိ စစ်ရှောင်စခန်း (၇)နေရာတွင် စစ်ရှောင် (၅၀၀)ဝန်းကျင် ရှိနေပြီး ဆွေမျိုးအိမ်များတွင် နေထိုင်သည့် စစ်ရှောင် ၃၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

ဆီဆိုင်မြို့ရောက် စစ်ဘေးရှောင်တချို့ နေရပ်ပြန်သွားကြပြီး အများစုမှာ ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်း နေထိုင်ကြသူများ ဖြစ်ကြောင်း၊ သို့သော် ပြီးခဲ့သည့် လအတွင်းက မိုးဗြဲနှင့် ဖယ်ခုံ နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့်အတွက် ဒေသခံထောင်ချီ ဆီဆိုင်မြို့နယ်အတွင်းသို့ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

“ပြန်သွားတာလည်း ရှိတယ်၊ အရင်လကုန်ပိုင်းက ပြန်ရောက်လာတာလည်း များတယ်၊ ပြန်ရောက်လာတာက မိုးဗြဲနဲ့ ဖယ်ခုံ နယ်ထဲကပါ၊ သူတို့က စစ်ရှောင်စခန်းမှာ တစ်နေရာကို ၂၀၊ ၃၀ ယောက် အဲ့လို ခွဲပြီး နေကြတာ၊ အားလုံးကို လက်ခံလို့ အဆင်မပြေလို့ တချို့ ရွာတွေမှာ ဆွေမျိုးအိမ်တွေမှာ သွားနေကြတယ်၊ သူတို့တွေလည်း အကူညီ လိုအပ်နေတယ်” ဟု ဆီဆိုင်မြို့မှ စစ်ရှောင်ကူညီပေးနေသည့် ဦးဇင်းတစ်ပါးက မိန့်သည်။

လက်ရှိ ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိခိုလှုံနေသည့် စစ်ရှောင်များမှာ သျှမ်းပြည် တောင်ပိုင်းနှင့် ကရင်နီပြည် နယ်စပ် ဖယ်ခုံ၊ မိုးဗြဲနယ်တို့မှ အများဆုံး ဖြစ်ပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် အခြားမြို့နယ်တို့မှ ပြည်သူများလည်း ရောက်ရှိခိုလှုံနေကြောင်း သိရသည်။

ထို့အပြင် ဆီဆိုင်မြို့နယ်အတွင်း ကိုဗစ်ကူးစက်မှုးများ ပြန်လည် မြင့်တက်လာသည့်အတွက် စစ်ရှောင်များအတွက်ပါ စိုးရိမ်နေရကြောင်း ပရဟိတလုပ်ငန်း ဆောင်ရွက်နေသူများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...