Wednesday, January 28, 2026

သျှမ်းပြည်စစ်ရေးပဋိပက္ခကြား ပျောက်သွားသည့် မိုင်းကိုင် TNP ပါတီ ဥက္ကဌ ရုပ်အလောင်းပြန်တွေ့

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း  နှစ်လနီးပါး ပျောက်ဆုံးနေသည့် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန်အား ပုတ်ပွနေသည့် ရုပ်အလောင်းဖြင့် ပြန်လည်တွေ့ရှိသည်ဟု ပါတီတာဝန်ခံကပြောသည်။

မိုင်းကိုင်မြို့နယ် TNP ပါတီ မြို့နယ်ဉက္ကဌ မိုင်းနုမ်ဟန်

မိုင်းနုမ်ဟန်၏ ရုပ်အလောင်းကို မတ်လ (၃) ရက်နေ့က တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာ အနီး ကျောက်လိုင်ဂူတခုတွင် တွေ့ရှိကြောင်း  မိုင်းကိုင်မြို့နယ် (TNP) ပါတီအလုပ်အမှုဆောင် မိုင်းအောင်ခမ်း က သျှမ်းသံတော်ဆင်ႉ အားပြောသည်။

“ တကယ်ပဲသေဆုံးသွားပြီ။ သူ့ရဲ့ ရုပ်အလောင်းကို သဂြိုလ်ပြီးသွားပြီ။ လည်ပင်းမှာ ကြိုးတွေနဲ့ ချည်ထားပြီးတော့ လက်ကိုလည်း နောက်ပြန်ကြိုးတုပ်ထားတယ်။ သေနတ် (၃) ချက်ဒဏ်ရာတွေ့တယ်။ မေးရိုးမှာ တစ်ချက်၊ ရင်ဘတ်မှာတစ်ချက်၊ ဝမ်းဗိုက်မှာ တစ်ချက်၊ အလောင်းလည်း ပုတ်သိုးနေပြီ။   သူ့အမျိုးသမီးနဲ့ကလေးလဲ  အသက်ရှိသေးလား မရှိလားမသိဘူး။ လိုက်ရှာနေတုန်းပါ။ ” – ဟု မိုင်းအောင်ခမ်းက ပြောသည်။

မိုင်းကိုင်မြို့နယ် TNP ပါတီ မြို့နယ်ဉက္ကဌ မိုင်းနုမ်ဟန် ၏ ဇနီးနှင့်သမီး

မိုင်းနုမ်ဟန်သည် ၄င်း၏ ဇနီး၊ သမီးနှင့်အတူ  မိုင်းကိုင်မြို့နယ် မက်ချီးနုတ်ကျေးရွာ၌ မိခင်ဖြစ်သူရက် လည်ဆွမ်းသွတ်ပြီးအပြန် ဇန်နဝါရီလ ၁၀ ရက် မနက် ၁၁ နာရီဝန်းကျင်အချိန်က  တုံလောအုပ်စုနှင့် ပန်လော့ကျေးရွာကြား ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

မိုင်းနုမ်ဟန်နှင့်မိသားစု သုံးဉီး ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ၄င်းအသိုင်းအဝိုင်းက မိုင်းကိုင်မြို့ နယ်အတွင်း အခြေစိုက်သည့် သျှမ်းလက်နက်ကိုင်အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲ ပြောဆိုခဲ့ပါသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းပြည်တပ်မတော် RCSS/SSA ပြောရေးဆိုခွင်ႉရှိသူ ဗိုလ်မှူးခမ်းစံ က “အဲဒီ့တုန်းက သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တယ်။ တုံလောဘက်မှာ ပျောက်တယ်လို့ ပြောတယ်။ ဒါပေမယ်ႉ အဲ့ဒီအချိန်တုန်းက  ကျနော်တို့ RCSS  အဲ့ဒီဘက်မှာမရှိတော့ဘူး။ ကားလမ်းအ နောက်ဘက် တောင်ကြောမှာပဲရှိတယ်”- ဟု ပြောသည်။

မိုင်းကိုင်မြို့နယ် TNP ပါတီ မြို့နယ်ဥက္ကဋ္ဌ မိုင်းနုမ်ဟန် နှင့် မိသားစု ပျောက်ဆုံးသွားသည့်နေရာ ဒေသတွင် ၂၀၂၁  ဒီဇင်ဘာ ၂ ရက်နေ့တုန်းကလည်း မိုင်းပန်မြို့နေ အသက် ၃၅ နှစ်အရွယ် သျှမ်းအမျိုးသား ကားသမား စိုင်းထိန်း ဆိုသူလည်း ၄င်း မောင်းနှင်လာသည့် ကားနှင့်အတူ ပျောက်ဆုံးခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

မိုင်းကိုင်မြို့နယ်အတွင်း  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA တို့ ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်က နယ်မြေစိုးမိုးရေးဟုဆိုကာ RCSS/SSA တပ်အား ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ယမန်နှစ်ကတည်းက ယနေ့တိုင်ဖြစ်ပါသည်။

အဆိုပါ ပြဿနာများဖြေရှင်းနိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက်ပါဝင်ခဲ့သူ  ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဉီးခွန်စိုင်းက – “ နိုင်ငံရေးပြဿနာကို အင်အားနဲ့ မဖြေရှင်းဘဲနဲ့  နိုင်ငံရေးနည်းနဲ့တွေ့ဆုံ ဆွေးနွေးဖြေရှင်းတဲ့နည်းနဲ့ ယဉ်ကျေးမှုကို ကျနော်တို့ကတည်ဆောက်ရမယ်။ အဲဒီယဉ်ကျေးမှုအသစ်ကို ကျနော်တို့အားလုံး တည်ဆောက်ရမှာဖြစ်ပါတယ်။ ဗမာ့တပ်မတော်ရော၊ သျှမ်းတပ်မတော်ရော၊ ဝ တပ်မတော် ရော အားလုံး တည်ဆောက်ဖို့လိုပါတယ်။ မိမိဟာ ယဉ်ကျေးတဲ့ လူမျိုးဖြစ်တယ်ဆိုတာကို အားလုံးကို ပြဖို့လိုပါတယ်” – ဟု ပြောသည်။

သျှမ်းပြည်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကြား ၂၀၁၅ ခုနှစ်မှ စတင်ဖြစ်ပွားလာသည့် စစ်ရေးပဋိပက္ခကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ၊ ရပ်ရွာသူကြီးများ၊ ဘုန်းတော်ကြီးများ၊ လူငယ်များ အများအပြားဖမ်းဆီး သတ်ဖြတ် ဖျောက်ဖျက်ခံရသည့်အပြင် ရပ်ရွာမီးရှို့မှုလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။  ထိုသို့ လူထုအပေါ် ကျူးလွန်နေမှုအား နိုင်ငံတော်အာဏာကို ချုပ်ကိုင်လိုသည့် ဗမာ့တပ်မတော်အပါအဝင် မည်သည့် လက်နက် ကိုင်တပ်မှ တာဝန်ယူမှု တာဝန်ခံမှုမရှိကြပေ။

၂၀၁၆ ခုနှစ် ဇွန်လ ၅ ရက်က သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှ လားရှိုးမြို့သို့ ထွက်ခွါသည့်  နံပတ်ပြား FF-9723  ရှိ ဗင်ကားတစီး နမ့်ခမ်း သျှမ်းလူငယ် ၆ ဉီးအားတင်ဆောင်လာကာ နမ့်ခမ်း – နမ့်ဖတ်ကာ ကားလမ်းပိုင်း တွင် လက်နက်ကိုင်လူတစုက ကားရောလူပါ ဖမ်းဆီးဖျောက်ဖျက်ခဲ့သည်မှာ ယနေ့တိုင် အစရှာမရခဲ့ပေ။ ထိုစဉ်ကလည်း နမ့်ခမ်းမြို့နယ်အတွင်း TNLA နှင့် RCSS တို့ ကြားနယ်မြေစိုးမိုးရေးအတွက်  အပြိုင်အဆိုင် ဖြစ်နေသည့်ကာလ ဖြစ်ပါသည်။

 ၂၀၁၇ ခုနှစ်ဉီးပိုင်းကလည်း  အိမ်ခြေ ၈၀ ရှိ ဟိုပန်ကျေးရွာ(သျှမ်းရွာ) မီးရှို့ခံရသည့်အပြင် ဒေသအတွင်းသွား လာသည့် နမ်ခမ်းဒေသခံ ကျိပ်ပေါင်းများစွာကို အဆိုပါ လက်နက်ကိုင်တပ်များက ဖမ်းဆီး သတ်ဖြတ် ဖျောက်ဖျက် ခဲ့ကြသည်။ ထိုဒေသ စစ်ရေးပဋိပက္ခမှပြီး နမ္မတူမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်သို့ တဖြည်းဖြည်း ကူးစက်လာရာ ၂၀၂၁   မေလ ၂ ရက်နေ့က  နမ္မတူမြို့နယ် မန်လီကျေးရွာ (ပလောင်ရွာ) ထပ်မံမီးရှို့ ခံရပြန်သည်။ ယခုနှစ် ၂၀၂၂ ခုနှစ်အတွင်း သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့အထိ စစ်မီးပျံ့နှံ့ရောက်ရှိလာပြီး ဒေသခံ အများအပြားလည်း ယခုကဲ့သို့  ဘဝဆိုးများ ထပ်မံကြုံတွေ့လာနေရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...

မိုင်းကိုင်မြို့နယ် SSPP တပ်စခန်းကို RCSS တိုက်ခိုက်ဟု SSPP တဖက်သတ် ထုတ်ပြန်လာ

0
သျှမ်းပြည် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ် နှစ်ခုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော် စစ် ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ထုတ်ပြန်သည်။ ယနေ့...

သျှမ်းနဲ့ ပလောင် (တအာင်း)ကို သွေးခွဲနေတဲ့ ပေါက်ကိုယ်တော်ကို သတိထား

0
အမျိုးသားရေးဆရာတော်လို့သိကြတဲ့ ဦးအရိယာဝံသ (ခေါ်) ပေါက်ကိုယ်တော်က သျှမ်းလူမျိုးတွေ၊ သျှမ်းဆရာတော်တွေအနေနဲ့ ညီညီညွတ်ညွတ်ရှိရင် ပလောင် (တအာင်း) တွေကို တံထွေးနဲ့ထွေးလို့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ ပေါက်ကိုယ်တော် အရိယဝံသဟာ မဘသဦးဆောင်ဘုန်ကြီး ဦးဝီရသူရဲ့ လက်ရင်းတပည့်ဖြစ်ပြီး မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဇူလိုင် ၉ ရက်က “ပေါက်ကိုယ်တော်”...

မိုင်းကိုင် SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက်ဟုဆို၊ အပစ်ရပ်မလိုက်နာဟု နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ဖြေရှင်းချက်ထုတ်

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့၏ စစ်ယာဉ်တန်းကို RCSS တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်လာသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခန့်တွင် မိုင်းကိုင်နှင့် ရပ်စောက်မြို့နယ်အကြား မိုင်းယွန်းကျေးရွာအုပ်စုရှိ နောင်ဟိုး(ဝၢၼ်ႈၼွင်ႁဵဝ်း)နှင့် မောက်ဆလီ(ဝၢၼ်ႈမွၵ်ႇၸလီ)ရွာအနီး...

လက်နက်ကိုင် တပ်သားစုဆောင်းမှုနှင့်နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မိုင်းကိုင် တပေါင်းပွဲ မကျင်းပ

0
သျှမ်းပြည် မိုင်းကိုင်မြို့ တွင် နှစ်စဥ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းကိုင်မြို့နယ် မွေတော်စေတီတွင် နှစ်စဥ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်၌ လက်နက်ကိုင်များမှ စစ်သားစုဆောင်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်ကာ တိုက်ပွဲများကြောင့် ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ဒေသခံများက...