Tuesday, January 27, 2026

မိုင်းကိုင်မြို့ TNP ပါတီ ဥက္ကဌ နှင့် မိသားစုဝင်များ အဆက်အသွယ်မရ ပျောက်ဆုံးနေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့မှ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP)၏ မြို့နယ် ဥက္ကဌ မိုင်းနုမ်ဟန်နှင့် ၎င်း၏ မိသားစုဝင်များ ယနေ့ချိန်ထိ အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်း သတင်းသိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် မနက် ၁၁ နာရီဝန်းကျင်အချိန်တွင် မိုင်းကိုင်မြို့နယ် မက်ချီးနုတ်ကျေးရွာသို့ ၎င်း၏ မိခင်ရက်လည်ဆွမ်းအပြီး အပြန် တုံလောအုပ်စုနှင့် ပန်လော့ကျေးရွာကြားတွင် ပျောက်ဆုံးသွားကြောင်း ၎င်းတို့ရဲ့ အိမ်နီးချင်းတစ်ဦးက ပြောသည်။

“သူတို့ မိသားစု မက်ချီးနုတ်ရွာမှာ သုံးလေးရက်လောက်ရှိပြီ၊ မနေ့က(ဇန်နဝါရီလ ၁၀)မှာ သူတို့ပြန်လာပြီ၊ အခု တုံလောရောက်နေပြီ၊ ခနနေ မိုင်းကိုင်ကို ရောက်တော့မယ်လို့ ဖုန်းဆက်လာတယ်၊ အဲ့ကတည်းက ပျောက်သွားတာ၊ အခုချိန်ထိ ဘာအဆက်အသွယ်မှ မရသေးဘူး” ဟု မိုင်းနုမ်ဟန်နှင့် အိမ်နီးချင်းတစ်ဦးက ပြောသည်။

မိခင်ဖြစ်သူ ရက်လည်ဆွမ်းလုပ်ပြီး ကားတစ်စီးဖြင့် မိုင်းကိုင်သို့ ပြန်လာသည့် မိုင်းနုမ်ဟန် နှင့်အတူ ၎င်း၏ အမျိုးသမီးနှင့် ၇ လ အရွယ် သားလေး အပါအဝင် အဆက်အသွယ်လုံးဝမရကာ ပျောက်ဆုံးနေသည့်အတွက်ကြောင့် ကျေးရွာဒေသခံများက စိတ်ပူပြီး စိုးရိမ်နေကြောင်းလည်း သိရသည်။

“သူတို့ကလေးက ၇ လပဲ ရှိသေးတယ်၊ သူ့အမျိုးသမီးကလည်း နေသိပ်မကောင်းဘူးပြောပါတယ်၊ အခုလို အဆက်အသွယ်မရ အကျိုးအကြောင်းမသိ ပျောက်သွားတော့ စိတ်ပူရတယ်၊ မိုင်းကိုင်မှာက တိုက်ပွဲလည်း ဖြစ်နေတော့ ဘယ်သူ့ဆီကိုသွားပြီး အကူညီ တောင်းရမှန်းမသိဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မိုင်းနုမ်ဟန်တို့ပြန်လာသည့်လမ်းတွင် စစ်ကောင်စီဂိတ်များရှိသည့်အပြင် RCSS နှင့် SSPP တို့ စစ်ရေးပဋိပက္ခဖြစ်နေသည့်ဒေသ ဖြစ်သဖြင့် ၄င်းပျောက်ဆုံးနေမှုအပေါ် ဆွေမျိုးများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ကားတိုက်မှုကြောင့် သေဆုံးသွားရသည့် မိုင်းနုမ်ဟန်၏ မိခင်ဖြစ်သူ အသက် (၇၀)အရွယ်ရှိ ယာထန်ငိန်း၏ ရက်လည်အပြီး အိမ်ပြန်လာစဉ် ယခုလိုပျောက်ဆုံးသွားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...

မိုင်းကိုင်မြို့နယ် SSPP တပ်စခန်းကို RCSS တိုက်ခိုက်ဟု SSPP တဖက်သတ် ထုတ်ပြန်လာ

0
သျှမ်းပြည် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ် နှစ်ခုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော် စစ် ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ထုတ်ပြန်သည်။ ယနေ့...

မိုင်းကိုင် SSPP ယာဉ်တန်းကို RCSS မိုင်းဆွဲတိုက်ခိုက်ဟုဆို၊ အပစ်ရပ်မလိုက်နာဟု နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် ဖြေရှင်းချက်ထုတ်

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့၏ စစ်ယာဉ်တန်းကို RCSS တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း SSPP Info မှ သတင်းထုတ်ပြန်လာသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခန့်တွင် မိုင်းကိုင်နှင့် ရပ်စောက်မြို့နယ်အကြား မိုင်းယွန်းကျေးရွာအုပ်စုရှိ နောင်ဟိုး(ဝၢၼ်ႈၼွင်ႁဵဝ်း)နှင့် မောက်ဆလီ(ဝၢၼ်ႈမွၵ်ႇၸလီ)ရွာအနီး...

လက်နက်ကိုင် တပ်သားစုဆောင်းမှုနှင့်နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မိုင်းကိုင် တပေါင်းပွဲ မကျင်းပ

0
သျှမ်းပြည် မိုင်းကိုင်မြို့ တွင် နှစ်စဥ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းကိုင်မြို့နယ် မွေတော်စေတီတွင် နှစ်စဥ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်၌ လက်နက်ကိုင်များမှ စစ်သားစုဆောင်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်ကာ တိုက်ပွဲများကြောင့် ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ဒေသခံများက...

မိုင်းကိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
သျှမ်းပြည် လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် လွယ်ယန်းကျေးရွာ ဒေသခံတစ်ဦး တောထဲသွားစဉ် ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက် လွယ်ယန်းကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးသည် တောထဲ ကျွဲသွားကျောင်းချိန်တွင် လည်ပင်းမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း သိရသည်။ “ သူတောထဲမှာ ကျွဲသွားကျောင်းတာတဲ့။ အဲနေ့ကတည်းက ပြန်မလာတော့ဘူး။...