Tuesday, January 27, 2026

နမ္မတူမြို့နယ် မန်လီကျေးရွာ နေအိမ်များ ပြာကျသည့်အထိ မီးရှို့ခံရ

သျှမ်းပြည်တောင်ပိုင်း နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု အနီးတွင် အရပ်သား နေအိမ် (၄၀)ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။

နမ္မတူမြို့နယ် မန်လီကျေးရွာ တွင် မေလ (၂) ရက် ညနေပိုင်းအထိ ဒေသခံနေအိမ် (၄၄) အိမ် မီးရှို့ခံရကြောင်း၊ မီးရှို့ခံရချိန်တွင် မန်လီဒေသခံများ စစ်ဘေးရှောင်နေရသည့်အချိန်ဖြစ်နေကြောင်း နေအိမ်မီးရှို့ခံရသူ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို နေအိမ်များ မီးလောင်သည့် နေရာသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုများ ဖြစ်ကြသော တအောင်း (ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်သည့် နေရာဖြစ်ကြောင်း သိရသည်။

“ဘယ်လက်နက်ကိုင်လဲတော့ ကျမတို့ မသိဘူး။ မတွေ့ရဘူး။ တိုက်အိမ်တွေ အိမ်ကောင်းတွေပဲ လာရှို့သွားတာများတယ်။ ကျမအိမ်ဆို ၂ ထပ်အိမ် အသစ်ဆောက်ထားတာ မကြာသေးဘူး။ မနက်ပိုင်းရှို့တာ ကျမတို့အိမ်မပါသေးဘူး။ ညနေပိုင်း အိမ်မှာ ပစ္စည်းပြန်သိမ်းမလို့ ပြန်သွားတာ။ ကျမတို့အိမ်လဲ ပြာကျသွားပြီး ဘာမှ ရစရာမရှိတော့ဘူး။ နှစ်ဖက် တိုက်ပွဲတွေလည်း ဖြစ်နေတုန်းပဲ”ဟု နေအိမ်မီးရှို့ခံရသည့် အမျိုးသမီး တဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး တိုက်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့က မေ (၂) ရက်မနက် ပိုင်းတွင် နေအိမ် (၄) အိမ် မီးရှို့ပြီး ညနေပိုင်းတွင် နေအိမ် (၄၀) မီးထပ်မံလောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

နမ္မတူမြို့နယ် မန်လီကျေးရွာတွင် အိမ်ခြေ စုစုပေါင်း (၁၁၂) အိမ်ရှိပြီး တစ်ဝက်နီးပါးခန့် မီးရှို့ခံရကြောင်း လက်ရှိ မန်လီကျေးရွာ ပြည်သူများသည် သီပေါ စစ်ရှောင်စခန်းသို့ နေထိုင်ခဲ့ရသည်။

“တိုက်ပွဲကြောင့် လောင်တာက အနည်းစုပါ။ အများစုက ရှို့ခံရပြီး လောင်တာပါ။ ကျမတို့ အခု ထွက်ပြေးလာရပြီး သီပေါစစ်ရှောင်စခန်းမှာ ခိုလှုံနေရတယ်။ အိမ်လည်းမရှိတော့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး။ ဝမ်းနည်းလိုက်တာ။”ဟု ဒေသခံ တစ်ဦးကပြောသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ဧပြီ (၂၁) ရက်တွင် နမ္မတူမြို့နယ်အတွင်းရှိ ပန်လုံကျေးရွာ၊ ရေအိုးကျေးရွာ နှင့် မန်ဆာကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ နေအိမ်များ မီးလာင်ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့သည်။

သျှမ်းမြောက် အတွင်း တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားနေသည်ကို ချက်ချင်းရပ်တန့်ရန် နှစ်ဖက်တိုင်းရင်းသားများ၊ သံဃာတော်များ က အကြိမ်ကြိမ်တောင်းဆို ခဲ့သော်လည်း တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့မ ဈေးဆိုင်ခန်းများ မီးရှို့ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြို့မဈေးရှိ သင်္ကန်းအရောင်းဆိုင် မီးရှို့ခံခဲ့ရပြီး တရားခံများကို ရဲဌာနမှ လိုက်လံစုံစမ်းနေကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဆီဆိုင်မြို့မဈေးမှ သင်္ကန်းအရောင်းဆိုင်ကို အမည်မသိ လူ (၄)ဦးမှ ဓာတ်ဆီဖြင့် ပက်ကာ မီးရှို့သွားခဲ့သောကြောင့်...

ကျောက်မဲ စစ်ရှောင်အမျိုးသမီးတစ်ဉီး ပြင်ဦးလွင်မှာ သတ်ခံရ၊ သမီးဖြစ်သူ မီးလောင်ဒဏ်ရာပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နေ စစ်ရှောင်အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့တွင် ကျောင်းတက်နေသည့် သမီးဖြစ်သူထံ အလည်သွားနေစဉ် လုပ်ကြံသတ်ဖြတ်ခံရပြီး သမီးဖြစ်သူလည်း မီးရှို့ခံရပြီး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်တွင် ကျောက်မဲမြို့မှ စစ်ရှောင်အမျိုးသမီးတစ်ဉီးသည် ပြင်ဦးလွင်မြို့ရှိ ဘော်ဒါဆောင်တစ်ခု၌ ကျောင်းတက်ရောက်နေသည့် သမီးဖြစ်သူထံသို့ သီတင်းကျွတ်ကျောင်းပိတ်ရက်...

နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ

0
သျှမ်းပြည် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်အစောပိုင်း (၁) နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်...

ခေတ်အဆက်ဆက် ဉပက္ခာပြုခံနေရတဲ့ တောင်ပေါ်ဒေသ ကျန်းမာရေး

0
“မိမိကျန်းမာရေး၊ မိမိအခွင့်အရေး” ၊ “ကျန်းမာခြင်းသည် အားလုံးအတွက်” ဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်တွေဟာ တောင်ပေါ်ဒေသအတွက်တော့ ယနေ့ထိတိုင် အသုံးမဝင်သေးပါဘူး။ “လူတိုင်း လုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်”ဆိုတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်လည်း တောင်ပေါ်ဒေသတိုင်းရင်းသားတွေ အတွက်က ဘယ်အစိုးရ၊ ဘယ်အာဏာပိုင်တက်တက် ဆုံးရှုံးရတဲ့ အခွင့်အရေး တရပ်ပါပဲ။ မိုးရာသီအချိန်မှာ...

နမ္မတူမြို့နယ် SSPP မှ စစ်မှုထမ်းရန် မိဘများ ဖမ်းဆီးပြီး သားသမီးနှင့် အစားထိုးလဲလှယ်ခိုင်း

0
သျှမ်းပြည် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် မိဘများကို ဖမ်းဆီးပြီး သားသမီးနှင့် လဲလှယ်ခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းကတည်းက နမ္မတူမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ် စုဆောင်းရန် မိုင်းရင်ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့်...