မိုင်းကိုင်မြို့နယ်အတွင်း ဖမ်းဆီးခံရသည့် မိုင်းပန်ဒေသခံတစ်ဦး တစ်လကျော်ကြာထိ မိသားစုနှင့် ဆက်သွယ်မရသေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတု စစ်ဆေးရေးဂိတ်တွင် ဖမ်းခံရသည့် မိုင်းပန်ဒေသခံ အမျိုးသားတစ်ဦး တစ်လကျော်ကြာ ယနေ့ထိတိုင် မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရသည်။

မိုင်းပန်မြို့ဒေသခံ စိုင်းထိန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က သီပေါမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်သို့ သွားစဉ် မိုင်းကိုင်မြို့နယ် ပန်ကေတုစစ်ဆေးရေးဂိတ်အနီး သျှမ်းလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရကြောင်း သတင်းသိရသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က သီပေါ သျှမ်းနှစ်သစ်ကူးပွဲကိုသွားဖို့ ခရီးထွက်သွားတာ၊ ပန်ကေတု စစ်ဆေးရေးဂိတ်မှာ အစစ်ခံရတယ်။ ဖုန်းထဲမှာ RCSS/SSA ဝတ်စုံဝတ်ပြီး ပုံရိုက်ထားတာတွေ့လို့ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်၊ အသေးစိတ်တော့ မသိရဘူး” ဟု ဖမ်းဆီးခံထားရသူ စိုင်းထိန်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသူ ကလေးငယ်နှစ်ဦးဖခင် စိုင်းထိန်းသည် (RCSS/SSA) တပ်သားယူနီဖောင်းဝတ်စုံ ဝတ်ဆင်ပြီး ရိုက်ထားသည့် ဓာတ်ပုံကို ဖုန်းထဲတွင် စစ်ဆေးတွေ့ရှိသဖြင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)က ဖမ်းဆီးထားကြောင်း၊ ၎င်း၏ ဖုန်းထဲရှိ ဖုန်းနံပါတ်တစ်ခုသို့ ဆက်သွယ်ပြောပြ လာကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

“သူ့(စိုင်းထိန်း) ဖုန်းထဲမှာ RCSS/SSA ဝတ်စုံဝတ်ပြီး ပုံရိုက်ထားတာ တွေ့မိလို့ ကျနော်တို့ ခေါ်ထားပါတယ်ဆိုပြီး SSPP/SSA တပ်ဖွဲ့တစ်ယောက်က သူ့ဖုန်းနဲ့ ဖုန်းဆက်ပြောလာပါတယ်၊ ဆက်မိတာက မိုင်းပန်က သူ့ သူငယ်ချင်း တစ်ယောက်ကိုပါ၊ အဲ့ကြောင့် ကျနော်တို့လည်း သူ့ကို SSPP/SSA တို့က ဖမ်းထားမှန်းသိရတာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုကို ဆက်သွယ်မေးမြန်းရာ ဌာနချုပ်သို့ အစီရင်ခံစာ ရောက်မလာသေးသဖြင့် မသိရှိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး အထက်ကိုတော့ အစီရင်ခံစာ မရောက်လာသေးဘူး။ အဲ့ဒီ မိုင်းကိုင်တို့ ပန်ကေတုတို့ ဘက်မှာ ဆိုတာကလည်း မြေပြင်အခြေအနေအရ စစ်ဆေးမှုတွေရှိနေတယ်ဆိုတော့ ကျနော်တို့ တပ်ဖွဲ့က လုပ်တာ ဟုတ်မဟုတ် ဆက်လက်စုံစမ်းကြည့်ပါမယ်” ဟု SSPP/SSA မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် စိုင်းထိန်း ဖမ်းဆီးခံထားရသည့် သတင်းကြားရပြီး အဆက်အသွယ်ပြတ်နေသည်မှာ တစ်လကျော် ကြာပြီဖြစ်သည့်အတွက် မိသားစုဝင်များက စိုးရိမ်စိတ်ပူနေကြောင်း သတင်းသိရသည်။

စိုင်းထိန်း စစ်ဆေးခြင်းခံရသည့် မိုင်းကိုင်မြို့နယ် ပန်ကေတုနှင့် အနီးတစ်ဝိုက်မှ ဟမ်းငိုင်းကျေးရွာအုပ်စုနှင့် ၀ိန်းငိန်ကျေးရွာအုပ်စုများအထိ လမ်းကြောတစ်လျှောက်တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...