Wednesday, January 28, 2026

မိုင်းကိုင်မြို့နယ်အတွင်း ဖမ်းဆီးခံရသည့် မိုင်းပန်ဒေသခံတစ်ဦး တစ်လကျော်ကြာထိ မိသားစုနှင့် ဆက်သွယ်မရသေး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတု စစ်ဆေးရေးဂိတ်တွင် ဖမ်းခံရသည့် မိုင်းပန်ဒေသခံ အမျိုးသားတစ်ဦး တစ်လကျော်ကြာ ယနေ့ထိတိုင် မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရသည်။

မိုင်းပန်မြို့ဒေသခံ စိုင်းထိန်းသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က သီပေါမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်သို့ သွားစဉ် မိုင်းကိုင်မြို့နယ် ပန်ကေတုစစ်ဆေးရေးဂိတ်အနီး သျှမ်းလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရကြောင်း သတင်းသိရသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က သီပေါ သျှမ်းနှစ်သစ်ကူးပွဲကိုသွားဖို့ ခရီးထွက်သွားတာ၊ ပန်ကေတု စစ်ဆေးရေးဂိတ်မှာ အစစ်ခံရတယ်။ ဖုန်းထဲမှာ RCSS/SSA ဝတ်စုံဝတ်ပြီး ပုံရိုက်ထားတာတွေ့လို့ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်၊ အသေးစိတ်တော့ မသိရဘူး” ဟု ဖမ်းဆီးခံထားရသူ စိုင်းထိန်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသူ ကလေးငယ်နှစ်ဦးဖခင် စိုင်းထိန်းသည် (RCSS/SSA) တပ်သားယူနီဖောင်းဝတ်စုံ ဝတ်ဆင်ပြီး ရိုက်ထားသည့် ဓာတ်ပုံကို ဖုန်းထဲတွင် စစ်ဆေးတွေ့ရှိသဖြင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)က ဖမ်းဆီးထားကြောင်း၊ ၎င်း၏ ဖုန်းထဲရှိ ဖုန်းနံပါတ်တစ်ခုသို့ ဆက်သွယ်ပြောပြ လာကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

“သူ့(စိုင်းထိန်း) ဖုန်းထဲမှာ RCSS/SSA ဝတ်စုံဝတ်ပြီး ပုံရိုက်ထားတာ တွေ့မိလို့ ကျနော်တို့ ခေါ်ထားပါတယ်ဆိုပြီး SSPP/SSA တပ်ဖွဲ့တစ်ယောက်က သူ့ဖုန်းနဲ့ ဖုန်းဆက်ပြောလာပါတယ်၊ ဆက်မိတာက မိုင်းပန်က သူ့ သူငယ်ချင်း တစ်ယောက်ကိုပါ၊ အဲ့ကြောင့် ကျနော်တို့လည်း သူ့ကို SSPP/SSA တို့က ဖမ်းထားမှန်းသိရတာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုကို ဆက်သွယ်မေးမြန်းရာ ဌာနချုပ်သို့ အစီရင်ခံစာ ရောက်မလာသေးသဖြင့် မသိရှိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး အထက်ကိုတော့ အစီရင်ခံစာ မရောက်လာသေးဘူး။ အဲ့ဒီ မိုင်းကိုင်တို့ ပန်ကေတုတို့ ဘက်မှာ ဆိုတာကလည်း မြေပြင်အခြေအနေအရ စစ်ဆေးမှုတွေရှိနေတယ်ဆိုတော့ ကျနော်တို့ တပ်ဖွဲ့က လုပ်တာ ဟုတ်မဟုတ် ဆက်လက်စုံစမ်းကြည့်ပါမယ်” ဟု SSPP/SSA မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် စိုင်းထိန်း ဖမ်းဆီးခံထားရသည့် သတင်းကြားရပြီး အဆက်အသွယ်ပြတ်နေသည်မှာ တစ်လကျော် ကြာပြီဖြစ်သည့်အတွက် မိသားစုဝင်များက စိုးရိမ်စိတ်ပူနေကြောင်း သတင်းသိရသည်။

စိုင်းထိန်း စစ်ဆေးခြင်းခံရသည့် မိုင်းကိုင်မြို့နယ် ပန်ကေတုနှင့် အနီးတစ်ဝိုက်မှ ဟမ်းငိုင်းကျေးရွာအုပ်စုနှင့် ၀ိန်းငိန်ကျေးရွာအုပ်စုများအထိ လမ်းကြောတစ်လျှောက်တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။