Wednesday, January 28, 2026

ပင်လုံမြို့ ဆိုင်ကယ်မဝယ်ပေးသည့် မိဘ၂ပါး ကို သားဖြစ်သူက သတ်

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရပ်ကွက် (၃) တွင် သားဖြစ်သူက ဆိုင်ကယ်ဝယ်မပေးသည့် မိဘ ၂ပါးကို မူးယစ်ဆေးသုံးစွဲပြီး သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ သတ်ခံရသည့် မိဘ ၂ပါးသည် မည်သည့်ရက်တွင်သတ်ခံရသည်ကို မသိရကြောင်း၊ ရဲများမှ အကြောင်းကြားလာသည့် အတွက် ယမန်နေ့ (မတ် ၁၂)ရက်တွင် အလောင်းသွားသယ်ခဲ့ကြောင်း ပင်လုံမြို့ ဖြူစင်နှလုံးသား ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျနော်တို့ကို ရဲက အကြောင်းကြားလာလို့ အလောင်းသွားသယ်တာ။ သူ့အဖေရဲ့အလောင်းကိုတော့ ရလာတယ်။ ဓားနဲ့ပဲသတ်ထားတာ။ သူ့အမေအလောင်းကတော့ မရလာသေးဘူး” ဟု ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆေးကြောင်ပြီး မိဘ (၂)ပါးကို သတ်ပြီးနောက် မိခင်ဖြစ်သူကို နေအိမ်ခြံဝန်းထဲတွင် မြုပ်နှံထားခဲ့ပြီး၊ လက်ရှိ အချိန်ထိ မိခင်၏ ရုပ်အလောင်းကို ပြန်မဖော်ရသေးကြောင်း၊ ဖခင်ဖြစ်သူကို နေအိမ် အိပ်ခန်းရှိ ကုတင်အောက်တွင် ထားရှိကြောင်း သိရသည်။

“ကျနော်သိရသလောက်ကတော့ အဲကောင်းလေးက သူ့အမေနားကို ဆိုင်ကယ်ဝယ်ခိုင်းတာ။ သူ့အမေက မဝယ်ပေးလို့ဆိုပြီးတော့ သတ်လိုက်တာတဲ့။ သူ့အမေက ဟိုတလောမှ ရွှေသွားရောင်းလာတယ်လို့ သိရတယ်။ မရတော့ ဆေးချပြီး စိတ်ရဲရဲ နဲ့ သတ်လိုက်တာထင်တယ်” ဟု ပရဟိတအဖွဲ့ဝင် တစ်ဦးက ဆိုသည်။

မိဘ (၂)ပါးကို သတ်ဖြတ်ခဲ့သည့် အမျိုးသားသည် အသက် (၂၆)နှစ် အရွယ်တာရှိပြီး လက်ရှိမှာတော့ ပင်လုံမြို့ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

ယခုနောက်ပိုင်း ပင်လုံမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူသည် ယခင်ကထက် ပိုများလာကြောင်း၊ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့် မူးယစ်ဆေးဝါးသုံးစွဲနေကြောင်းလည်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ ပင်လုံမြို့မှာ မူးယစ်ဆေးဝါးသုံးတာ အရမ်းများတယ်။ အရင်ထက်တောင်များတယ်။ ကြောက်ရတာပေါ့ အခုခေတ် အခုကာလနဲ့ ဆိုရင်။ ရှာစားရတာလည်း မလွယ်ဘူးလေ။ ရှေ့ဆက်ပြီးတော့ ဒီလို လူသတ်မှုတွေ၊ ဓားပြတိုက်မှုတွေရှိလာမှာကို ကြောက်တယ်။ ကိုယ်လုံခြုံရေးအတွက်လည်း စိတ်ပူရတယ် ” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ မိဘ (၂)ပါးကို သားဖြစ်သူက ပြန်သတ်သည့် အမှုသည် ပင်လုံမြို့တွင် တကြိမ်တခါမျှ မကြုံဖူးခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...

ပင်လုံမြို့နယ် ပြောင်းတွဲကား လက်နက်ကိုင်တပ်ဖွဲ့ က ငွေ တိုးကောက်

0
သျှမ်းပြည် ပင်လုံမြို့နယ်တွင် ပြောင်းဖူးများဈေးကျနေချိန် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ၏ဂိတ်များတွင် ပြောင်းတင် တွဲကားများကို ပိုက်ဆံ တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင် ယခု မတ်လ ပထမပတ်မှစ၍ SSPP ဂိတ်မှလည်း ပြောင်းဖူးတင်သည့် တွဲကားများကို ငွေတိုးကောက်လာမှုကြောင့် ပြောင်းပိုင်ရှင်များ...