CATEGORY

သတင်း

စစ်ရှောင်များကို ကူညီသည့် တောင်ကြီးလူငယ် တစ်ဦး ထောင်ဒဏ် (၁၀)နှစ်ချခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နေထိုင်ပြီး စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ ယနေ့ (ဧပြီ ၂၂)ရက်တွင် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင်နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်ရှိ အောင်မင်းသူကို ယနေ့ (ဧပြီ ၂၂)ရက်တွင် တောင်ကြီးခရိုင် တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ...

ရွာငံမြို့နယ် ပဲရင်းတောင်ရွာသားများကို စစ်ကောင်စီ ဖမ်းဆီး သတ်ဖြတ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင်ရွာသားများကို စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြောင်းမဲ့ သတ်ဖြတ်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်တွင် ပဲရင်းတောင်ကျေးရွာမှ ရွာသား ၆ ဦးကို ဒလန်သတင်းပေးမှုကြောင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက...

တောင်ကြီးမြို့ရှိ အစိုးရရုံးများ ဗုံးဒဏ်ကာကွယ်သည့် စက်များတပ်ဆင်ထား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး နှင့် ဌာနဆိုင်ရာရုံးတစ်ချို့တွင် ဗုံးဒဏ်ကာကွယ်ရေးစက်များ တပ်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဗုံးဒဏ်ကာကွယ်ရေးစက်များကို သင်္ကြန်ကာလနောက်ပိုင်း ရုံးများ ပြန်လည်ဖွင့်ချိန်မှာ တပ်ဆင်ထားကြောင်း အစိုးရရုံး နှင့် နီးစပ်သူ တစ်ဦး ကပြောသည်။ “စစ်ကောင်စီဘက်က လာတပ်ပေးတာတွေ့ရတယ်။ ဘယ်လို အမျိုးအစားလဲဆိုတာကိုတော့ ရုံးထဲက ဝန်ထမ်းတွေကို အသိမပေးထားဘူး။...

မူဆယ်မြို့တွင်း လုယက်မှုမှ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လုယက်မှု မှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်မှုမရှိသည့် ပြည်သူ တစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ဧပြီလ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်မှ ပင်လုံလမ်းသွယ် ၂ တွင် ဈေးမှ ဆိုင်ကယ်စီးပြီး...

ရွာငံမြို့နယ် စစ်ကောင်စီမှ အင်အားဖြည့်တင်းမှုများရှိ ဒေသခံများ တိမ်းရှောင်နေရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ အင်အား အဆက်မပြတ် ဖြည့်တင်းမှုများရှိနေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဖြစ်လာနိုင်သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဧပြီ ၂၀ ရက် နေ့ခင်းပိုင်းတွင် နဘန်းကြီးကျေးရွာအတွင်းမှ PDF စခန်းတစ်ခုကို စစ်ကောင်စီတို့ တွေ့ရှိပြီး တိုက်ခိုက်နှိမ်နင်းခဲ့ရာမှ စတင်ကာ ယနေ့အချိန်အထိ စစ်အင်အားဖြည့်တင်းမှုများ...

နမ့်စန်မြို့နယ် ကျောက်မီးသွေးတွင်းအနီး တပ်ကင်းစခန်းသစ်ဆောက်ရန် ဒေသခံ ကိုအတင်းအဓမ္မခေါ်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း ကျောက်မီးသွေးတွင်းအနီး စစ်ကောင်စီတပ်မှ ဒေသခံ (၁၀၀) ကျော် ခေါ်ယူပြီး ကင်းတပ်စခန်းအသစ် တည်ဆောက်ရန် အတင်းအဓမ္မစေခိုင်းကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၂၉-၃၀) ရက်တွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နောင်မိုကျေးရွာမှ ဒေသခံ (၁၀၆) ဦးကို ၎င်းတို့၏ ကင်းတပ်စခန်း အသစ်တည်ဆောက်ရန်အတွက်...

ရွာငံမြို့နယ် စစ်ကောင်စီ မှ ပြည်သူနေအိမ် (၂)လုံး မီးရှို့ဖျက်ဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့၏ စခန်းနေရာ ထိုးစစ်ဆင်ခံရပြီးနောက် စစ်ကောင်စီမှ ဒေသခံ နေအိမ် (၂) လုံးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီ ၂၀) ရက် ရွာငံမြို့ရှိ နဘန်းကြီးကျေးရွာ၏ မြောက်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က...

ရွာငံ PDF စခန်းတစ်ခု စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက်စီးနင်း

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီမှ ရှာဖွေတွေ့ရှိသွားပြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့( ဧပြီလ ၂၀ )ရက် မွန်းလွဲပိုင်း ၁ နာရီကျော်တွင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာ အနောက် ဘက်ရှိ တောင်ကြားအတွင်း ရှိနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း...

နောင်ချိုဗုံးပေါက်ကွဲမှု သေဆုံးသည့်လူငယ် ၂ ဦး နေအိမ် ကို စကစ ၀င်ရောက်စစ်ဆေးနေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ယနေ့(ဧပြီ ၂၀)ရက် မနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုနှင့် အတူ သေဆုံးခဲ့ရသော လူငယ်နှစ်ဦး၏ နေအိမ်များကို စစ်ကောင်စီတပ်သားများက ဝိုင်းဝန်းပိတ်ဆို့ကာ ရှာဖွေ စစ်ဆေးနေကြောင်း သတင်းသိရသည်။ နောင်ချိုုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး (NH PDF) သည် စစ်ကောင်စီတပ်ဖွဲ့နှင့် ဆက်စပ်ပက်သက် သူများကို သတိပေးမစ်ရှင်ဆောင်ရွက်မှုမှ လက်ကျန်ဗုံးများကို ဆိုင်ကယ်နှင့်အတူသယ်ဆောင်လာစဥ်...

ကျိုင်းတုံမြို့ အကြွေးကိစ္စပြန်ပေးဆွဲ၊ တရားခံမှာ တရုတ်နိုင်ငံသားပါဝင် 

သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့တွင် အကြွေးကိစ္စကြောင့်  ပြဿနာတက်ရာမှ အုပ်စုဖွဲ့ ပြန်ပေးဆွဲမှုများ ဖြစ်ပွားခဲ့ပြီး ပြန်ပေးဆွဲသည့် အဖွဲ့တွင် တရားမဝင် ရောက်လာသည့် တရုတ်နိုင်ငံသားပါဝင်နေကြောင်း သတင်းသိရသည်။  ဖြစ်စဥ်မှာ ယမန်နေ့ (ဧပြီလ ၁၇) ရက် မွန်းလွဲ ၂ နာရီကျော်တွင် ကျိုင်းတုံမြို့ရှိ  မြို့သစ်ရပ်ကွက် အတွင်း နေထိုင်သည့် အသက် (၆၀) နှစ်အရွယ်...

Latest news