Friday, May 17, 2024

တောင်ကြီးမြို့ရှိ အစိုးရရုံးများ ဗုံးဒဏ်ကာကွယ်သည့် စက်များတပ်ဆင်ထား

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး နှင့် ဌာနဆိုင်ရာရုံးတစ်ချို့တွင် ဗုံးဒဏ်ကာကွယ်ရေးစက်များ တပ်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီး ဌာနဆိုင်ရာရုံး

အဆိုပါ ဗုံးဒဏ်ကာကွယ်ရေးစက်များကို သင်္ကြန်ကာလနောက်ပိုင်း ရုံးများ ပြန်လည်ဖွင့်ချိန်မှာ တပ်ဆင်ထားကြောင်း အစိုးရရုံး နှင့် နီးစပ်သူ တစ်ဦး ကပြောသည်။

“စစ်ကောင်စီဘက်က လာတပ်ပေးတာတွေ့ရတယ်။ ဘယ်လို အမျိုးအစားလဲဆိုတာကိုတော့ ရုံးထဲက ဝန်ထမ်းတွေကို အသိမပေးထားဘူး။ သတင်းကြားတာတော့ သက်ဆိုင်ရာ ရုံးတိုင်းကို တပ်ထားပေးမယ်လို့ကြားတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးအပါအဝင် ပြည်နယ်အဆင့် လျှပ်စစ်အင်ဂျင်နီယာရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ ခရိုင်၊မြို့နယ် ထွေအုပ်စုပေါင်းရုံး၊ သျှမ်းပြည်နယ်လွှတ်တော်ရုံး၊ ပြည်နယ်ရဲရုံးတွေမှာ တပ်ဆင်နေကြောင်း သိရှိရသည်။

တောင်ကြီးမြို့သည် ပြည်နယ်အစိုးရအဖွဲ့ရုံးအပြင်၊ သျှမ်းပြည်နယ်လွှတ်တော်၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article