Wednesday, January 28, 2026

နောင်ချိုဗုံးပေါက်ကွဲမှု သေဆုံးသည့်လူငယ် ၂ ဦး နေအိမ် ကို စကစ ၀င်ရောက်စစ်ဆေးနေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ယနေ့(ဧပြီ ၂၀)ရက် မနက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုနှင့် အတူ သေဆုံးခဲ့ရသော လူငယ်နှစ်ဦး၏ နေအိမ်များကို စစ်ကောင်စီတပ်သားများက ဝိုင်းဝန်းပိတ်ဆို့ကာ ရှာဖွေ စစ်ဆေးနေကြောင်း သတင်းသိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့်လူငယ်ပုံ

နောင်ချိုုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး (NH PDF) သည် စစ်ကောင်စီတပ်ဖွဲ့နှင့် ဆက်စပ်ပက်သက် သူများကို သတိပေးမစ်ရှင်ဆောင်ရွက်မှုမှ လက်ကျန်ဗုံးများကို ဆိုင်ကယ်နှင့်အတူသယ်ဆောင်လာစဥ် ဗုံးပေါက် ကွဲမှုနှင့်ကြုံတွေ့ရကြောင်း NH PDF အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စကစတွေကို ဗုံးခွဲသတိပေးတဲ့ မစ်ရှင်တစ်ခုကနေ ပြန်လာတဲ့အချိန် သူတို့လက်ထဲ ကျန်နေတဲ့ လက်လုပ်မှိုင်း က ပေါက်ကွဲသွားတာပါ၊ ကျဆုံးသူတစ်ဦးက မြေစာရင်းဦးစီးဌာနကနေ CDM ပြုလုပ်ထားတဲ့သူပါ၊အခု ကျဆုံး သူတွေရဲ့ အိမ်ကို စကစတွေ ဝင်စစ်ပါတယ်။ သူတို့နှစ်ယောက်လုံးက နောင်ချိုက ပါပဲ” ဟု NH PDF တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကျဆုံးသူ နှစ်ဦးအနက် တစ်ဦးသည် နောင်ချိုမြို့ ပန်ဟတ်ရပ်ကွက်တွင် နေထိုင်သည့် CDM မှ လက်နက်ကိုင် တော်လှန်ရေးတပ်သား PDF ဖြစ်လာသူ တစ်ဦးဖြစ်ပြီး တခြားတစ်ဦးကို အတည်ပြုပြောဆိုရန် အတွက် စုံစမ်းနေသေးကြောင်းလည်း ၎င်းက ပြောသည်။

လက်ရှိတွင် ပန်ဟတ်ရပ်ကွက်တွင် နေထိုင်ခဲ့ဖူးသသည့် ကျဆုံးသွားခဲ့သူ မြေစာရင်းဦးစီးဌာနမှ CDM သမား၏ နေအိမ် နှင့် အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်သားတို့ ရှာဖွေစစ်ဆေးခဲ့ပြီး ကင်းပုန်းများချထား လျက်ရှိသည့် အတွက် ကျန်ရစ်သူ မိသားစုများ၏ အခြေအနေကိုလည်း စိုးရိမ်ရကြောင်း သတင်းသိရသည်။

နောင်ချိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မှ အဖွဲ့ဝင်တစ်ဦးသည် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီတို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး ယနေ့အချိန်အထိ သတင်းအစအန နှင့် အဆက်အသွယ်မရရှိသေးကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးမိတ်မြို့အနီး စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ ( ဒီဇင်ဘာလ ၂၄ ရက်) မနက်ပိုင်းတွင် မိုးမိတ်မြို့နယ် ရေတံခွန်ကျေးရွာ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးတပ်ဖွဲ့ PDF တို့...

PDFက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG ရဲ့ ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်လို့ သတင်းမှားဖြန့်ချိ

0
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ ထွက်ပြေးနေတယ်ဆိုပြီးစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက သတင်းအမှား ဖြန့်ချိနေပါတယ်။ အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေတယ်လီဂရမ်ချန်နယ်ကပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပြီးတော့ ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းလေးထောင်ကျော်ရှိနေပြီး ပြန့်နှံ့မှုတွေ များနေပါတယ်။ ဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို...
Mogok_PDF_Attacks_SAC

မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

0
သျှမ်းပြည် - မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု...

ရွာငံတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်တွင် အမည်မသိ လက်နက်ကိုင်အုပ်စုမှ ကျောက်ပိဇပ်ကျေးရွာသို့ လာရောက်ပြီး အသက် ၄၀ ကျော် အရွယ် ရွာလူကြီး ဦးတင့်ဝေ နှင့် အရပ်သား ဖြစ်သူ အသက်...

နောင်ချို နေရပ်ပြန်စစ်ရှောင်အချို့ကို စစ်ကောင်စီတပ်ဖမ်းဆီးမှုရှိ၊ ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ဟုဆို

0
သျှမ်းပြည် နောင်ချိုမြို့နယ်သို့ နေရပ်ပြန်လာသည့် စစ်‌ဘေးရှောင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများ ရှိနေပြီး ဒေသခံမဟုတ်လျှင် မြို့ထဲပေးမဝင်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လလယ်ပိုင်းတွင် နောင်ချိုမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲမှ စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တောင်းခမ်းဘက်ရှိ ကျေးရွာများသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်အချို့ကို TNLA ၊ DPLA...