Wednesday, January 28, 2026

ကျိုင်းတုံမြို့ အကြွေးကိစ္စပြန်ပေးဆွဲ၊ တရားခံမှာ တရုတ်နိုင်ငံသားပါဝင် 

သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့တွင် အကြွေးကိစ္စကြောင့်  ပြဿနာတက်ရာမှ အုပ်စုဖွဲ့ ပြန်ပေးဆွဲမှုများ ဖြစ်ပွားခဲ့ပြီး ပြန်ပေးဆွဲသည့် အဖွဲ့တွင် တရားမဝင် ရောက်လာသည့် တရုတ်နိုင်ငံသားပါဝင်နေကြောင်း သတင်းသိရသည်။ 

Photo by Keng Tung Youth- သျှမ်းစာပါတဲ့ ကျိုင်းတုံမြို့အဝင်ဆိုင်းဘုတ်

ဖြစ်စဥ်မှာ ယမန်နေ့ (ဧပြီလ ၁၇) ရက် မွန်းလွဲ ၂ နာရီကျော်တွင် ကျိုင်းတုံမြို့ရှိ  မြို့သစ်ရပ်ကွက် အတွင်း နေထိုင်သည့် အသက် (၆၀) နှစ်အရွယ် ဦးအာမဲကို အမည်မသိ လူသုံးဦးမှ နေအိမ်အထိ ကားတစ်စီးဖြင့်ရောက် လာပြီး မျက်နှာကို အဝတ်ဖြင့်စွပ်ကာ ဖမ်းခေါ်သွားကြောင်း သိရသည်။ 

“ဦးအာမဲက သူတို့ကို အကြွေးတွေတင်နေတယ်လို့သိရပါတယ်၊ သူ့ကို ဟိယန်းလောအုပ်စုဘက်မှာရှိတဲ့  တရုတ်သင်္ချိုင်းဘက်ကို ခေါ်သွားပြီးတော့ သူပိုင်တဲ့ ကားတွေ မြေဂရန်တွေကို သူတို့လက်ထဲ (လာဖမ်း သူ)ကို အပ်ရမယ်ဆိုပြီးတော့ ခြိမ်းခြောက်မှုတွေ ရှိတာတဲ့၊ ဦးအာမဲကလည်း သူ့အသက်အန္တရယ်ရှိမှာစိုး လို့သဘောတူလိုက်တယ်၊ လွတ်လာတော့ ရဲစခန်းမှာ အမှုဖွင့်တာပဲ” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ထို့နောက် ဦးအာမဲအား လာရောက်ဖမ်းခေါ် ခြိမ်းခြောက်ပြောဆိုမှု ပြုလုပ်သူတို့အသုံးပြုသည့် ကားကို ကျိုင်းတုံမြို့၊ အမှတ်ရပ်ကွက်(၅)ရှိ ဖူလိုင်ဟိုတယ်ရှေ့တွင် ရပ်ထားလျက် တွေ့ရသဖြင့် စုံစမ်းခဲ့ရာ အခန်း အမှတ်-၁၀၇ နှင့် ၁၁၄ တို့တွင်တည်းခိုနေသော မောင်ရာဖာ အပါအဝင် ဆက်စပ်သည့် ကွင်းဆက် တရားခံများကို ဖမ်းဆီးရမိကြောင်း ရဲနှင့် နီးစပ်သူ အသိုင်းအဝိုင်းထံက သိရသည်။ 

“ဦးအာမဲတိုင်ထားလို့ ရပ်မိရပ်ဖတွေနဲ့ ရဲတွေပြီးတော့ သက်ဆိုင်ရာတွေ ပူးပေါင်းပြီး မောင်ရာဖာတို့အုပ်စုကို မနေ့က (ဧပြီလ ၁၈) မှာဖမ်းမိလိုက်ပြီ၊ သူတို့ကလည်း ကျူးလွန်ကြောင်းဝန်ခံတယ်၊ ပြီးတော့သူတို့နဲ့ အတူတူ နေနေတဲ့ အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၄ ဦးလည်းဖမ်းမိတယ်” ဟု ၎င်းက ပြောသည်။ 

မောင်ရာဖာအပါအဝင် ဖူလိုင်ဟိုတယ်အတွင်းတည်းခိုနေသည့် အမှုကျူးလွန်သူတရားခံများသည် ကျိုင်းတုံမြို့နယ်၊ ပန်ကြူအုပ်စု၊ လော့ကိုင်းဆန်ရွာနေ ယားဖာ(ကျား)၊ အားရင်ကျဲ(ခ)ရှဲဟိုရင်(မ)၊ ပန်ကြူအုပ်စု၊ နားကျိန်ရွာနေ ကျဘဲ(ကျား)၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နေ ယွင်ကွမ်စွမ်း(ကျား) တို့ဖြစ်ကြပြီး ၎င်းတို့အား မြို့မရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်းကိုလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံမြို့တွင် ၁၃မျဉ်းစောင်းကိုင်သူအချို့ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ သွားခွင့်လာပြုမည်ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတချို့သည် မြို့နယ်ထောက်ခံစာ လက်မှတ်ပါမှသာ သွားလာခွင့်ပြုမည်ဟု စုံစမ်းသိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ကချင်၊ ကိုးကန့်၊ ရခိုင်နှင့် တအာင်း(ပလောင်) လူမျိုးတို့သည် မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်...

မူဆယ်မြို့ ဖုန်းဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ

0
မြန်မာ - တရုတ်နယ်စပ် သျှမ်းမြောက် မူဆယ်မြို့တွင် ဖုန်းဆိုင်ပိုင်ရှင် အမျိုးသား တစ်ဦး ပြန်ပေးဆွဲခံရကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ရှိ တောင်ရပ်ကွက် 999 ဖုန်းဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၁၀ ရက် ည ၆ နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ပြန်ပေးဆွဲသွားကြောင်း...

ကျိုင်းတုံမြို့ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ကြီး တာဝန်ရပ်ဆိုင်းရန် မိဘများ တောင်းဆို

0
သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ် အမှတ် (၆) အခြေခံ ပညာမူလတန်းကျောင်းမှ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ဆရာမကြီးကို တာဝန်မှ ရပ်ဆိုင်းရန် ကလေး၏ မိဘများက တောင်းဆိုနေကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်တွင် ကျောင်းသား /သူများ လက်သည်း ညှပ်/မညှပ်ကို...

ကျိုင်းတုံမြို့တွင် အစိုးရပိုင် လျှပ်စစ်ပစ္စည်းများ ခိုးယူခြင်းခံရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တပ်ဆင်ထားသည့် လျှပ်စစ်ပစ္စည်းများသည် ခိုးယူခြင်းခံရကြောင်း သတင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက် ယန်းလောကျေးရွာအုပ်စု၊ နမ့်ခင်ချောင်းအနီးရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ကျိုင်းတုံ)မှ ဆိုလာရေတင် စနစ် ဆောင်ရွက်သည့် ပစ္စည်းများ ခိုးယူခြင်းခံရကြောင်း...

ကျိုင်းတုံမြို့ အမှိုက်ခွန်ဈေးနှုန်း အဆမတန် တက်လာမှုကြောင့် ပြည်သူများ အခက်တွေ့

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းတွင် အမှိုက်ခွန် ဈေးနှုန်း အဆမတန် တိုးမြှင့်လာသည့် အတွက် ဒေသခံပြည်သူများ အခက်တွေ့နေကြောင်း သတင်းသိရသည်။ ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ လုပ်ပိုင်ခွင့်ပေးထားသည့် စိန်ရေကန် အမှိုက်သိမ်း ကုမ္ပဏီသည် ပြည်သူများထံ အမှိုက်ခွန်စျေးနှုန်းများကို ယခု အောက်တိုဘာလ အတွင်းမှ စတင်ကာ တစ်အိမ်လျှင်...