ကျိုင်းတုံမြို့ အမှိုက်ခွန်ဈေးနှုန်း အဆမတန် တက်လာမှုကြောင့် ပြည်သူများ အခက်တွေ့

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းတွင် အမှိုက်ခွန် ဈေးနှုန်း အဆမတန် တိုးမြှင့်လာသည့် အတွက် ဒေသခံပြည်သူများ အခက်တွေ့နေကြောင်း သတင်းသိရသည်။

ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ လုပ်ပိုင်ခွင့်ပေးထားသည့် စိန်ရေကန် အမှိုက်သိမ်း ကုမ္ပဏီသည် ပြည်သူများထံ အမှိုက်ခွန်စျေးနှုန်းများကို ယခု အောက်တိုဘာလ အတွင်းမှ စတင်ကာ တစ်အိမ်လျှင် ကျပ် ၅,၀၀၀ အထိ ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

“လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်ကတည်းက ကျမတို့က ၂,၀၀၀ ကျပ်ပဲ ပေးဆောင်ခဲ့ရတာ၊ အခုက ဆို ၅,၀၀၀ ကျပ်တဲ့ အိမ်ကြီး အိမ်ကောင်းနဲ့ အိမ်ဆိုင်နဲ့ ဆို ၁၀,၀၀၀ ကျပ်အထိ တောင်းတာလည်း ရှိတယ်၊ ဒီလိုမျိုး ဈေးနှုန်း တွေ မတရား တက်သွားတော့ ကျမတို့က မဆောင်နိုင်ဘူးလေ” ဟု ကျိုင်းတုံမြို့မ ဈေးထဲမှ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အခွန်ပြေစာ

စိန်ရေကန် အမှိုက်သိမ်း ကုမ္ပဏီသည် ကျိုင်းတုံမြို့ စည်ပင်သာယာရေး ကော်မတီ ခွင့်ပြုချက်အရ အမှိုက်များကို ပြီးခဲ့သည့် NLD အစိုးရလက်ထက် ကတည်းက တာဝန်ယူ သိမ်းဆည်းခဲ့ပြီး လက်ရှိ စစ်အာဏာသိမ်းချိန်မှ အမှိုက်ခွန်ဈေးနှုန်းကို တိုးမြှင့် ကောက်ခံခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် အမှိုက်ကောက်သည့် ဝန်ဆောင်မှု တိုးမြှင့်ကောက်ခံသော်လည်း သိမ်းဆည်းသည့် အမှိုက်များသည် မီးဖိုချောင်သုံး အမှိုက်များသာ လက်ခံကြောင်း ဒေသခံများက ဆက်ပြောသည်။

“ဈေးနှုန်းက မြှင့်လာပေမယ့် သူတို့က မီးဖိုချောင်သုံးအမှိုက်ပဲ လက်ခံတာ။ သစ်ကိုင်း၊ သစ်ရွက်တွေ၊ ဆောက်လုပ်ရေးသုံးအမှိုက်တွေဆို သူတို့က လက်မခံတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပစ်နေရတယ်” ဟုလည်း အထက်ပါ ပုဂ္ဂိုလ် က ဆက်ပြောသည်။

ယင်းကဲ့သို့ အမှိုက်ကောက် ဈေးနှုန်းများ မြှင့်တက်လာမှုကြောင့် တချို့သော ပြည်သူများသည် မပေးဆောင်နိုင်သဖြင့် ကိုယ့်အစီအစဥ်နှင့် ကို အမှိုက်များကို သိမ်းဆည်းရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...