Wednesday, May 1, 2024

မူဆယ်မြို့ ဖုန်းဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ

Must read

မြန်မာ – တရုတ်နယ်စပ် သျှမ်းမြောက် မူဆယ်မြို့တွင် ဖုန်းဆိုင်ပိုင်ရှင် အမျိုးသား တစ်ဦး ပြန်ပေးဆွဲခံရကြောင်း စုံစမ်းသိရသည်။

မူဆယ်မြို့ရှိ တောင်ရပ်ကွက် 999 ဖုန်းဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၁၀ ရက် ည ၆ နာရီဝန်းကျင်တွင် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ပြန်ပေးဆွဲသွားကြောင်း မူဆယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပုံမှန်ဆို ၆ နာရီ ထိုးခါနီးတွေဆိုရင် ဆိုင်ပိတ်ချိန်တွေလေ။ ခေါင်းစွတ်တွေနဲ့ တော့ မြင်လိုက်တယ်။ ထိုးကြိတ်နေတဲ့ပုံစံ နဲ့ ဆွဲကားရမ်းကားနဲ့ကွာ။ သူတို့ကို ကြည့်ရတာ အရမ်းကြီး အသက်ကြီး တဲ့ ပုံတွေလဲ မဟုတ်လောက်ဘူး။ ဆိုင်ဝန်ထမ်း ကောင်မလေးတွေကလဲ အော်နေကြတာ” ဟု မူဆယ်ဒေသခံ အမျိူးသမီးတစ်ဦးက ပြောသည်။

ထိုအဖမ်းခံရသည့် အမျိုးသားသည် အသက် ၄၀ ဝန်းကျင်ရှိ ကြောင်း သိရသည်။

ထိုပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့တွင်လည်း ဟိုမွန်ရပ်ကွက်ရှိ နမ္မတူ မိတ္တူဆိုင် နှင့် ဈေးရပ်ကွက် ရှိ ယမင်း စတိုးဆိုင်တို့တွင်လည်း ပြန်ပေးဆွဲခံရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ပြန်ပေးဆွဲသွားတာ ဟုတ်တယ်။ ဘယ်လောက် တောင်းလဲဆိုတာကတော့ မသိဘူး။ နှစ်ရက်တောင် ရှိသွားပြီ။ နမ္မတူ မိတ္တူဆိုင်ကတော့ ယောကျ်ားလေးတစ်ယောက်။ ယမင်း စတိုးဆိုင်ကတော့ ဘယ်သူပါသွားလဲ မသိဘူး” ဟု မူဆယ်ဆယ်ဒေသခံ အမျိုသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၂၄) ရက်တွင်လည်း မူဆယ်မြို့ ကောင်းနောင်ရပ်ကွက် အမှတ် (၂) စျေးအနီး ကုန်စုံဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ မှ ပြန်ပေးဆွဲသွားခဲ့သည်။

မူဆယ်မြို့သည် မြန်မာ – တရုတ်နယ်စပ်မြို့ဖြစ်ပြီး၊ လူမျိုးစုံ၊ လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားသည့်နယ်မြေဖြစ်ကာ မကြာခဏ ဓားပြတိုက်ခြင်း၊ လုယက်ခြင်း၊ ဒုစရိုက်သမား ပေါများသည့် ဒေသလည်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article