Wednesday, January 28, 2026

ရွာငံမြို့နယ် ပဲရင်းတောင်ရွာသားများကို စစ်ကောင်စီ ဖမ်းဆီး သတ်ဖြတ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင်ရွာသားများကို စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြောင်းမဲ့ သတ်ဖြတ်လိုက်ကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်တွင် ပဲရင်းတောင်ကျေးရွာမှ ရွာသား ၆ ဦးကို ဒလန်သတင်းပေးမှုကြောင့် ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“သူတို့ ၆ ဦးက ပဲရင်းတောင် ဒေသခံစစ်တွေပါ၊ အရင်နေ့တွေတုန်းက သူတို့ရှောင်တိမ်းခဲ့သေးတယ်၊ ဒါပေမဲ့ ၁၇ ရက်နေ့မှာ အိမ်ကို ပြန်လာတဲ့အချိန် အဖမ်းခံလိုက်ရတာပါ၊ ၁၉ ရက်နေ့မှာတော့ ရွာရဲ့အနောက်ဘက် ကွင်းပြင် ထဲမှာ သူတို့ကို သတ်ပြစ်လိုက်တာ၊ ပုံတွေက စစ်တပ်ရဲ့ Telegram Channel မှာတက်လာတယ်” ဟု ပဲရင်းတောင်ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် ပဲရင်းတောင်ကျေးရွာ ဒေသခံ ကိုတင်ဖေ ၊ ကိုလှစိုး ၊ ကိုထွန်းဦး ၊ မောင်သက် အောင် ၊ ကိုမျိုးထွေး ၊ ကိုဝင်းနိုင် တို့ဖြစ်ကြပြီး အလောင်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့တို့မှ ကားတာယာ များဖြင့် မီးရှို့သွားကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ ပဲရင်းတောင်ရွာသားများ သတ်ဖြတ်ခံရခြင်းနှင့် ပက်သက်ပြီး အပြစ်မဲ့ ဒေသခံပြည်သူများကို အကြမ်းဖက် စစ်ကောင်စီက PDF ဟု အမည်တပ် စွပ်စွဲကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာငံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ယနေ့ ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်များအပေါ် စစ်ကောင်စီ Telegram Channel များတွင် ပဲရင်းတောင်ကျေးရွာမှ PDF အလောင်း ၆ လောင်း၊ တူမီး ၂ လက်၊ လက်လုပ်ဗုံး ၄ လုံး၊ မှန်ပြောင်း ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း ဝါဒဖြန့် ဖော်ပြခဲ့သည်။

လက်ရှိ ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်သားတို့၏ လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ ၄၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရှောင်တို့အတွက် အရေးပေါ် ကူညီထောက်ပံ့မှုများလိုအပ် နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...