ရွာငံမြို့နယ် စစ်ကောင်စီ မှ ပြည်သူနေအိမ် (၂)လုံး မီးရှို့ဖျက်ဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့၏ စခန်းနေရာ ထိုးစစ်ဆင်ခံရပြီးနောက် စစ်ကောင်စီမှ ဒေသခံ နေအိမ် (၂) လုံးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းသိရသည်။

ရွာငံမြို့နယ် နဘန်းကြီးကျေးရွာ နေအိမ်တစ်လုံးမီးရှို့ခံရ

ယမန်နေ့ (ဧပြီ ၂၀) ရက် ရွာငံမြို့ရှိ နဘန်းကြီးကျေးရွာ၏ မြောက်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတို့က ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးကာ နေအိမ်များကို ဖျက်ဆီးလိုက်ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ပစ်ခတ်သံတွေ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာ၊ ညနေပိုင်းကတော့ အပြင်းဆုံးပေါ့၊ အဲ့နောက်တော့ စစ်ကောင်စီတွေက ရွာထဲကို စစ်ကြောင်းထိုးပြီး အိမ်တွေကို ဖျက်ဆီးပစ်တယ်၊ နဘန်းကြီးကျေးရွာမှာ နေအိမ် ၂ လုံး၊ ၃ လုံးဖျက်ဆီး ခံလိုက်ရတယ်၊ ပြည်သူတချို့လည်း ဖမ်းဆီးခံထားရတယ်” ဟု အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့သည် နဘန်းကြီးကျေးရွာအပြင် ပဲရင်တောင်ကျေးရွာနှင့် ဗွေးနှခါး တို့မှ ပြည်သူပိုင်နေအိမ်များ လည်း ဖျက်ဆီးခံလိုက်ရပြီး အသက် ၁၈ နှစ်အောက် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် ဒေသခံများ ဖမ်းဆီးခံရမှု ရှိနေကြောင်းလည်း သိရသည်။

“ကြောက်လို့ ပိုင်ရှင်တွေ ထွက်ပြေးတိမ်းရှောင်နေတဲ့ အိမ်တွေရော၊ လူရှိနေလျက်နဲ့ လာခြိမ်းခြောက်ပြောဆိုပြီး အိမ်ပေါ်က ဆင်းခိုင်းပြီး ဖျက်ဆီးလိုက်တာရော တော်တော်များများရှိနေတယ်၊ အခုက အိမ် ၇ လုံး၊ ၈ လုံးလောက် ရှိနေပြီ၊ ပြီးတော့ သူတို့လိုချင်တဲ့သူကို လာရှာလို့ မတွေ့ရင် ကျန်တဲ့ မိသားစုဝင်တွေကို ဖမ်းသွားတာ၊ ကလေး ရော အမျိုးသမီးရောမရှောင်ဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်ခြင်း မပြုနိုင်ဘဲ ရွာထဲ ကျန်ရှိနေသည့် ဒေသခံများအနေဖြင့်လည်း စစ်ကောင်စီတပ်သား တို့ကို ကြောက်ရွံ့သဖြင့် အိမ်အပြင်မထွက်ရဲကြောင်း၊ အိမ်ထဲနေထိုင်သော်လည်း လုံခြုံမှုမရှိသလို ခံစားရ ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ရွာငံမြို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့တို့ တပ်စွဲလှုပ်ရှားနေလျက်ရှိပြီး ရွာသားများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်း၊ ၎င်းတို့စားသောက်ဖို့အတွက် ဒေသခံများကို ဖမ်းဆီးကာ ချက်ပြုတ်ကျွေးမွေးခိုင်းခြင်းနှင့် နေအိမ်အဆောက်အအုံများကို ဖျက်စီးခြင်း၊ ပစ္စည်းများကို ယူဆောင်ခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...