Saturday, April 20, 2024

နဘန်းကြီးကျေးရွာ

ရွာငံမြို့နယ် စစ်ကောင်စီမှ လုံခြုံရေး အင်အားတိုးပြီး စစ်ဆေးမှုများ တင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ စစ်အင်အား တိုးချဲ့ချထားသည့် အပြင် စစ်ဆေးမေးမြန်းမှုများလည်း တင်းကြပ်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ်အတွင်းမှ စတင်ကာ ရွာငံမြို့နယ်အတွင်း မီတာခ မဆောင်သည့် အရပ်သား နေအိမ်များကို ကျည်ဆံတစ်တောင့်ဖြင့် မီတာဆောင်ရန် ခြိမ်းခြောက်ပြောဆိုပြီး ယနေ့အချိန်ထိ လုံခြုံရေး အင်အားတိုးကာ စစ်ဆေးမေးမြန်းမှုများ...

ရွာငံမြို့နယ် ပြည်သူ့အိမ်များကို စစ်တပ်မှ မီတာဘောက်လာဖြုတ်/ မီးဖြတ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်သားများသည် ပြည်သူ့အိမ်များ၏ မီတာဘောက်ကို လာရောက်ဖြုတ်ယူပြီး မီးဖြတ်မှု လုပ်ဆောင်နေကြောင်း သတင်းသိရသည်။ ရွာငံမြို့နယ်အတွင်းရှိ ငွေကြေးအခက်အခဲကြောင့် မီတာခ မပေးဆောင်နိုင်သည့် နေအိမ်များနှင့် မီတာစာရွက် မရရှိသည့် နေအိမ်များကို လျှပ်စစ်ဝန်ထမ်းများ နှင့် စစ်ကောင်စီတပ်သားများကို ဦးဆောင်ပြီး မီးလိုက်ဖြတ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက...

ရွာငံမြို့နယ်မှ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ တစ်ဦး သတ်ဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၆)ရက်တွင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာမှ စစ်တပ်သတင်းပေး ဒလန် ဟု အမည်ထွက်နေသည့် ဖိုးရှူး အသက် (၄၃) နှစ်သည် ဓားဖြင့် ထိုးသတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ...

နေရပ်ပြန်သည့် ရွာငံစစ်ရှောင်တချို့ အဆက်အသွယ်မရ ပျောက်ဆုံးနေမှုများရှိနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ နေရပ်ပြန် စစ်ရှောင်ပြည်သူတချို့ တပတ်ကြာသည့်အထိ အဆက်အသွယ်မရ ပျောက်ဆုံးမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ဒေသအတွင်း အာဏာသိမ်းစစ်ကောင်စီတို့၏ စစ်ဆင်ရေးအကြမ်းဖက်မှုများကြောင့် နေအိမ်များကိုစွန့်ခွာပြီး နီးစပ်သည့် မြို့ရွာများနှင့် တောတောင်များအထိ စစ်ဘေးတိမ်းရှောင်နေရသည့် စစ်ရှာင်များအနက် စားနပ်ရိက္ခာ ယူရန် နှင့် အခြေအနေသိရှိရန် နေရပ်ပြန်သူများသည် အဆက်အသွယ်မရပဲ...

ရွာငံမြို့နယ် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီမှ သတ်ဖြတ်ခဲ့ကြောင်း SHRF ကထုတ်ပြန်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း ဖေဖော်ဝါရီ မှ ဧပြီလအထိ စစ်ကောင်စီမှ ပြည်သူ ၁၀ ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထုတ်ပြန်ခဲ့သည်။ရွာငံမြို့နယ်တွင် စစ်ကောင်စီမှ ပြည်သူ (၁၀) ဦးကိုသတ်ဖြတ်ခဲ့ကြောင်း၊ နေအိမ် (၁၃) လုံးကို မီးရှို့ဖျက်ဆီးပြီး၊ ဒေသခံ...

ရွာငံမြို့နယ် စစ်ကောင်စီ မှ ပြည်သူနေအိမ် (၂)လုံး မီးရှို့ဖျက်ဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့၏ စခန်းနေရာ ထိုးစစ်ဆင်ခံရပြီးနောက် စစ်ကောင်စီမှ ဒေသခံ နေအိမ် (၂) လုံးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီ ၂၀) ရက် ရွာငံမြို့ရှိ နဘန်းကြီးကျေးရွာ၏ မြောက်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က...

ရွာငံမြို့နယ် နဘန်းကြီးရွာ နေအိမ်တစ်လုံး စစ်ကောင်စီ မီးရှို့

သျှမ်းတောင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာရှိ အရပ်သားနေအိမ်တလုံးကို စစ်ကောင်စီ မှ ယမန်နေ့ (ဧပြီ ၁၈)ရက် ည ၈နာရီတွင် မီးရှို့လိုက်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ စစ်ကောင်စီအုပ်စုသည် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာ၏ ယခင် အုပ်ချုပ်ရေးမှူးဟောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကို၀င်းခိုင်၏ နေအိမ်ကို မီးရှို့ခဲ့ကြောင်း နဘန်းကြီးကျေးရွာမှ လူငယ်ဒေသခံ...

Latest news