Friday, May 3, 2024

ရွာငံမြို့နယ် နဘန်းကြီးရွာ နေအိမ်တစ်လုံး စစ်ကောင်စီ မီးရှို့

Must read

သျှမ်းတောင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာရှိ အရပ်သားနေအိမ်တလုံးကို စစ်ကောင်စီ မှ ယမန်နေ့ (ဧပြီ ၁၈)ရက် ည ၈နာရီတွင် မီးရှို့လိုက်ကြောင်း သတင်းရရှိသည်။

ရွာငံမြို့နယ် နဘန်းကြီးကျေးရွာ နေအိမ်တစ်လုံးမီးရှို့ခံရ

ယမန်နေ့ စစ်ကောင်စီအုပ်စုသည် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာ၏ ယခင် အုပ်ချုပ်ရေးမှူးဟောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကို၀င်းခိုင်၏ နေအိမ်ကို မီးရှို့ခဲ့ကြောင်း နဘန်းကြီးကျေးရွာမှ လူငယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့ည ၈နာရီလောက်မှ စစ်တပ်က လာရှို့သွားတာ။ ကို၀င်းခိုင်က ရွာရဲ့ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သလို NLD တက်ကြွလှုပ်ရှားသူလည်းဖြစ်တယ်” ဟု နဘန်းကျေးရွာမှ လူငယ်က ဆိုသည်။

နေအိမ်မီးရှို့ခံရသည့် ကို၀င်းခိုင် သည် စစ်အာဏာသိမ်းပြီးနောက် မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင် နေရသူဖြစ်ပြီး၊ စစ်ကောင်စီ အုပ်စုမှ မီးလာရှို့ချိန်တွင် နေအိမ်၌ တစ်စုံတစ်ဦးမျှမရှိကြောင်းလည်း သိရသည်။

ရွာငံမြို့နယ်အတွင်း စစ်ကောင်စီ အုပ်စုမှ ယခုတလော အရပ်သားနေအိမ်ကို မီးရှို့ဖျက်ဆီးခြင်း၊ လူငယ်များကို ဖမ်းဆီးခြင်း ဆက်တိုက်ပြုလုပ်နေကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article