Wednesday, January 28, 2026

ရွာငံမြို့နယ် ပြည်သူ့အိမ်များကို စစ်တပ်မှ မီတာဘောက်လာဖြုတ်/ မီးဖြတ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်သားများသည် ပြည်သူ့အိမ်များ၏ မီတာဘောက်ကို လာရောက်ဖြုတ်ယူပြီး မီးဖြတ်မှု လုပ်ဆောင်နေကြောင်း သတင်းသိရသည်။

ရွာငံမြို့နယ်အတွင်းရှိ ငွေကြေးအခက်အခဲကြောင့် မီတာခ မပေးဆောင်နိုင်သည့် နေအိမ်များနှင့် မီတာစာရွက် မရရှိသည့် နေအိမ်များကို လျှပ်စစ်ဝန်ထမ်းများ နှင့် စစ်ကောင်စီတပ်သားများကို ဦးဆောင်ပြီး မီးလိုက်ဖြတ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မီတာစာရွက် လာမပေးတာလည်း နှစ်လ သုံးလရှိနေပြီ၊ တချို့အိမ်ရှင်ကျတော့ ထွက်ပြေးနေတာလည်း ရှိတာပေါ့၊ ဒါကို ပြီးတဲ့ ၂၇ ရက်နဲ့ ၂၈ ရက်နေ့ ဒီ နှစ်ရက်မှာ စစ်သားခေါပြီး မီတာလာဖြုတ်ယူသွားတယ်၊ စစ်သားတွေ ပါတော့ ပြည်သူတွေလည်း ဘာပြောရဲတော့မလဲ” ဟု မီတာဖြုတ်ယူခံရသည့် ရွာငံမြို့နယ်မှ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံမြို့

ယင်းကဲ့သို့ ကျေးရွာအတွင်းမှ မီတာဘောက်များ လိုက်ဖြုတ်နေစဥ်တွင် လျှပ်စစ်ဝန်ထမ်း အမျိုးသားနှစ်ဦးနှင့် အတူ သေနတ်ကိုင် စစ်သား ၄ ယောက်လိုက်ပါလာကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မီးလိုက်ဖြတ်နေသည့် ရွာပတ်ဝန်းကျင်အနီးတွင်လည်း လုံခြုံရေး နှင့် ကင်းလှည့်ပေးသည့် စစ်ကားစီး ရေ ၈ စီးခန့်ရှိနေကြောင်းလည်း သိရသည်။

“စစ်သားတွေနဲ့လာပြီး မီးဖြတ်လိုက်တော့ နဂိုကတည်းက နေထိုင်ရေး ခက်ခဲတဲ့အထဲ မီးမရှိတော့ ပိုခက်ခဲမှာပဲ၊ စားဖို့သောက်ဖို့အတွက် ငွေကြေးတွေ အနိုင်နိုင်ဖြစ်နေတာလည်းပါတာပေါ့၊ မီတာပေါက်ယူသွားအိမ်တွေ ရှိသလို မီးကြိုးတွေပါ ဖြုတ်ယူခံရတဲ့အိမ်လည်းရှိတယ်” ဟု အထက်ပါ အမျိုးသားက ဆက်လက်ပြောဆိုထားသည်။

မီတာဖြုတ်ပြီး မီးဖြတ်ခံလိုက်ရသည့် ရွာငံမြို့နယ်အတွင်း ကျေးရွာများသည် နဘန်းကြီး၊ ဗွေးနဖား၊ လယ်ကိုင်း နှင့် အလယ်ချောင်ကျေးရွာတို့မှ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သောင်းကျန်းနေသည့် ရွာငံမြို့နယ်အတွင်း လူငယ်များကို ဖမ်းဆီးခြင်း၊ ပြည်သူ့နေအိမ်များကို ဝင်ရောက်စီးနှင်း ရှာဖွေ စစ်ဆေးခြင်း၊ အိမ်တွင်းပစ္စည်းများ ရိုက်ခွဲခြင်းများ အဆက်မပြတ်ရှိသည့်အပြင် အကြောင်းရင်းမသိ တရားခံမပေါ်ဘဲ လူသတ်မှုများလည်း များလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...