ရွာငံမြို့နယ် စစ်ကောင်စီမှ လုံခြုံရေး အင်အားတိုးပြီး စစ်ဆေးမှုများ တင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ စစ်အင်အား တိုးချဲ့ချထားသည့် အပြင် စစ်ဆေးမေးမြန်းမှုများလည်း တင်းကြပ်နေကြောင်း သတင်းသိရသည်။

ရွာငံမြို့

ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ်အတွင်းမှ စတင်ကာ ရွာငံမြို့နယ်အတွင်း မီတာခ မဆောင်သည့် အရပ်သား နေအိမ်များကို ကျည်ဆံတစ်တောင့်ဖြင့် မီတာဆောင်ရန် ခြိမ်းခြောက်ပြောဆိုပြီး ယနေ့အချိန်ထိ လုံခြုံရေး အင်အားတိုးကာ စစ်ဆေးမေးမြန်းမှုများ တင်းကြပ်နေကြောင်း သိရသည်။

“မီတာခ ဆောင်ဖို့ ပြောတာကို ကျည်ဆံနဲ့ စာပို့လာတယ်၊ ပြီးတော့ ၁၄ ရက်နေ့မှာလည်း နာဘန်းကြီးရွာ ရဲ့ အနောက်ဘက်တောင်ကြောမှာ ပျူစောထီး နဲ့ စစ်ကောင်စီနဲ့ ပေါင်းပြီး PDF တွေကို ဝင်ဖမ်းတာ၊ ပစ်ခတ်မှုတွေ ဖြစ်သေးတယ်၊ အဲ့ကတည်းက ဒီနေ့ အထိ ရွာထဲမှာ စစ်သားတွေ နေရာယူပြီး စစ်ဆေးမှုလုပ်နေတယ်” ဟု ရွာငံမြို့ နယ်မှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီ တပ်သားတို့သည် စစ်ကား ၂ စီးဖြင့် နာဘန်းကြီး ကျေးရွာ တလျောက် ၌ ကင်းလှည့်နေလျက်ရှိပြီး ချိတ်ပိတ် သိမ်းဆည်းထားသော နေအိမ်များကိုလည်း ဖြိုချ ဖျက်ဆီးလိုက်ကြောင်း သိရသည်။

“PDF တွေက နေရာရွေ့ဖို့ လုပ်နေတဲ့အချိန် ဒလန်က သတင်းရလို့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပြီး အားလုံးက ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောတယ်၊ နောက်တော့ အဲ့လူငယ်တွေကို ဘယ်ဖမ်းသွားလဲ မသိရဘူး၊ ချိတ်ပိတ်ထားတဲ့အိမ်တွေလည်း အဲ့နေ့မှာပဲ ဖျက်သွားတာ၊ စုစုပေါင်း ၇ အိမ်ပါ” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ တပ်သားတို့က ရွာငံမြို့ အဝင်အထွက်များကို တင်းကြပ်ပြီး စစ်ဆေးမေးမြန်းမှု များလည်း ကြမ်းတမ်းနေကြောင်း ဒေသခံများက ပြောသည်။

ရွာငံမြို့သည် စစ်တပ်အခြေစိုက် လှုပ်ရှားမှု မရှိသော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ပြီးခဲ့တဲ့ ဧပြီလ အတွင်းမှ စတင်ကာ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ နေအိမ် မီးရှို့ခြင်း နှင့် ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီးထားမှု ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...