Tuesday, January 27, 2026

ရွာငံမြို့နယ်မှ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ တစ်ဦး သတ်ဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၁၆)ရက်တွင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာမှ စစ်တပ်သတင်းပေး ဒလန် ဟု အမည်ထွက်နေသည့် ဖိုးရှူး အသက် (၄၃) နှစ်သည် ဓားဖြင့် ထိုးသတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

ရွာငံမြို့

“အိမ်မှာ အသတ်ခံရတာတော့ မဟုတ်ပါဘူး၊ ကိစ္စတစ်ခုရှိလို့ အပြင်သွားနေတုန်း အသတ်ခံလိုက်ရတယ်လို့ သူ့မိသားစုဝင်တွေက ပြောတယ်၊ ဓားနဲ့ ထိုးသတ်ခံလိုက်ရတာတဲ့၊ ဓါးချက်တွေလည်း တော်တော်များတယ်” ဟု နဘန်းကြီးကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းဖြစ်စဥ်များ နှင့် ပတ်သက်ပြီး တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ရွာငံမြို့ ပြပျောက်ကြားတပ်ဖွဲ့ (YUG) က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရွာငံ PDF က ထုတ်ပြန်ကြေညာထားသည်။

ဖိုးရှူးဆိုသူသည် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်မှ ၂၂ ရက်အထိ (TPDF ) နှင့် (YUG) ပူးပေါင်းတပ်စခန်းရှိရာသို့ အာဏာသိမ်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးရာ၌ လိုက်ပါကူညီခဲ့သူဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လက်ရှိတွင် ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီ နှင့် ရဲများက လာရောက်စစ်ဆေး သယ်ဆောင်သွားပြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...