နမ့်စန်မြို့နယ် ကျောက်မီးသွေးတွင်းအနီး တပ်ကင်းစခန်းသစ်ဆောက်ရန် ဒေသခံ ကိုအတင်းအဓမ္မခေါ်

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်း ကျောက်မီးသွေးတွင်းအနီး စစ်ကောင်စီတပ်မှ ဒေသခံ (၁၀၀) ကျော် ခေါ်ယူပြီး ကင်းတပ်စခန်းအသစ် တည်ဆောက်ရန် အတင်းအဓမ္မစေခိုင်းကြောင်း စုံစမ်းသိရှိရသည်။

နမ့်စန် ကျောက်မီးသွေးတွင်းတည်ရှိရာနေရာ

ပြီးခဲ့သည့် မတ်လ (၂၉-၃၀) ရက်တွင် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နောင်မိုကျေးရွာမှ ဒေသခံ (၁၀၆) ဦးကို ၎င်းတို့၏ ကင်းတပ်စခန်း အသစ်တည်ဆောက်ရန်အတွက် စေခိုင်းခဲ့ပြီး အသစ်တူးဖော်မည့် ကျောက်မီးသွေးတွင်းနှင့် (၁) မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

“တပ်ကင်းစခန်းအသစ်တည်ဆောက်တဲ့အခြေနေကြည့်ရတာကတော့ ကျောက်မီးသွေးတွင်း အသစ်တူးမယ့်နေရာနဲ့ သက်ဆိုင်မယ်ထင်တယ်။ သဘာဝပတ်ဝန်းကျင်တွေ ဖျက်ဆီးတော့မယ်နေရာတွေမှာ၊ ဆည်တွေ တည်ဆောက်တော့မယ့် နေရာဆိုရင် သူတို့တွေ တပ်ကို ဆောက်ကြတယ်။ လုံခြုံရေးပိုင်းတွေ ယူပေးတယ်။ အရင်တုန်းက ရှိခဲ့ဖူးတယ်။ ဒါကြောင့် ဒါလည်း သက်ဆိုင်မယ်ထင်တယ်” ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုအသစ်တည်ဆောက်မည့် တပ်ကင်းစခန်းသည် နမ့်မိုကျေးရွာ ဒေသခံ လုံးဆာ၏ လယ်ယာမြေပေါ်မှာ သွားရောက်တည်ဆောက်ထားပြီး စစ်ကောင်စီဘက်မှ ပိုင်ရှင်ထံ အကြောင်းတစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်း မရှိကြောင်း၊ ရွာသားများကို ကတုတ်ကျင်းတူးခိုင်းခြင်း၊ သစ်ဝါးများ ခုတ်ရခြင်း နှင့် ခြံစည်းရိုးများ ကာရခြင်းများ ပြုလုပ်ပေးရကြောင်း ၎င်းကထပ်လောင်းပြောသည်။

“ခမရ (၅၅၃) ခုတော့ သူတို့လူအင်အား ၃၀ ကျော်လောက်ရောက်ထားတယ်။ အရင်တုန်းက မရှိဘူး။ မတ်လ ကုန်ပိုင်းလောက်မှ သူတို့လာနေကြတာ။ ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေပဲ၊ သူတို့ ရွာထဲလာပြီး စာသင်ကျောင်းတွေမှာ လာနေတယ်။ ဒေသခံ ပြည်သူတွေကို ခေါ်ပြီး အတင်းအဓမ္မ သူတို့ ကင်းတပ်စခန်းကို လုပ်ခိုင်းတယ်ဆိုတာ ဒါက လူ့အခွင့်အရေးချိုးဖောက်ရာရောက်တယ်” ဟု စိုင်းဟော်ရှဲန် က ထပ်လောင်းပြောသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စစ်ကောင်စီ လက်အောက်ခံ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော တစ်နိုင်ငံလုံး သယံဇာတတူးဖော်ခွင့်ပြုသည့်စာရင်းသည် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုတွင် တူးဖော်ရန် စီစဉ်နေသည့် စုစုပေါင်း ဧက (၅၀၀) ကျော် ကျယ်ဝန်းသည့် ကျောက်မီးသွေးတွင်း (၅) ခုလည်းပါဝင်သည်။

အဆိုပါ ကျောက်မီးသွေးတွင်း အားလုံးသည် ငွေရည်ပုလဲ ကုမ္ပဏီ၏ လက်အောက်ခံ မန္တလေး ဖြန့်ချီရေး နှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီမှ တူးဖော်ခွင့်ပြုချက် ရရှိထားသည်ဟု သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...