ရွာငံမြို့နယ် စစ်ကောင်စီမှ အင်အားဖြည့်တင်းမှုများရှိ ဒေသခံများ တိမ်းရှောင်နေရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း စစ်ကောင်စီဘက်မှ အင်အား အဆက်မပြတ် ဖြည့်တင်းမှုများရှိနေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဖြစ်လာနိုင်သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရသည်။

ရွာငံ

ပြီးခဲ့သည့် ဧပြီ ၂၀ ရက် နေ့ခင်းပိုင်းတွင် နဘန်းကြီးကျေးရွာအတွင်းမှ PDF စခန်းတစ်ခုကို စစ်ကောင်စီတို့ တွေ့ရှိပြီး တိုက်ခိုက်နှိမ်နင်းခဲ့ရာမှ စတင်ကာ ယနေ့အချိန်အထိ စစ်အင်အားဖြည့်တင်းမှုများ နှင့် ရွာဘေးပတ်လည်တွင် အင်အားဖြန့်ကျက်နေရာယူမှုများ လုပ်ဆောင်လာကြောင်း ဒေသခံများက ပြောဆိုကြသည်။

“သူတို့က မနေ့ကလည်း စစ်အင်အားဖြည့်တယ်၊ ဒီနေ့လည်း နဘန်းကြီးကျေးရွာထဲကို ကား ၃၀ ကျော် ထပ်ဖြည့်ထားတယ်၊ ရွာထဲ ရွာပြင်နဲ့ပတ်ပတ်လည်မှာရော နေရာယူထားတာ၊ တောထဲကို ဝင်ရှာတဲ့သူလည်း ရှိတယ်၊ သူတို့က ဒီအနီးမှာ PDF ထပ်ရှိနေသေးတယ်လို့ ထင်ပုံပဲ” ဟု ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၂၁ ရက် ညပိုင်းတွင် နဘန်းကြီးကျေးရွာမှ ကိုသက်ဦး၏ နေအိမ်ကို လည်းကောင်း၊ ယနေ့ ဧပြီ ၂၂ ရက် နံနက်အစောပိုင်းတွင် ပဲရင်းဝောာင် ကျေးရွာမှ ဦးနေဝင်း၏ နေအိမ်ကို လည်းကောင်း စစ်ကောင်စီတို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ညသန်းခေါင်အချိန် ၁ နာရီကျော်ကျော်လောက်မှာ သေနတ်ပစ်သံ ငါးချက်ကြားရတယ်၊ နောက်တော့ ဦးနေဝင်းရဲ့ အိမ်ကို မီးလောင်တိုက်လိုက်တာပဲ၊ အိမ်ရှင်တွေက သေလားရှင်လားတော့ မသိရဘူး၊ ပြီးတော့ နဘန်းကြီးရွာဘက်က လက်နက်ကြီးတွေကျတယ်လို့ ပြောတယ်၊ ကျနော်တို့ကတော့ အသံကြားရတာ” ဟု ပဲရင်းတောင် ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်ကောင်စီတို့သည် ယနေ့ ဧပြီ ၂၂ ရက်နေ့ နံနက် ၆ နာရီမှ စတင်ကာ နဘန်းကြီးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်းလည်း ဒေသခံများက ပြောသည်။
ယင်းကဲ့သို့ ကြုံတွေ့နေရသည့် စစ်ကောင်စီတပ်ဖွဲ့တို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံရွာသားများ ကြောက်လန့်ကာ ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

“တချို့ကတော့ အမျိုးတွေရှိတဲ့ အရပ်ဆီ သွားကြတယ်၊ တချို့ကလည်း တောထဲမှာ ပုန်းရှောင်နေကြရတယ်၊ အများဆုံးကတော့ နဘန်းကြီး၊ ပဲရင်းတောင်၊ သဲဖွက်ရွာ၊ လွှစင်ရွာက ဒေသခံတွေဖြစ်တယ်၊ အခုဆို ပြည်သူ ၃၀၀/ ၄၀၀ လောက်က ထွက်ပြေးတိမ်းရှောင်နေကြပြီဗျ” ဟု ပဲရင်းတောင်ကျေးရွာမှ လူငယ်တစ်ဦးက ပြောသည်။

ရွာငံမြို့နယ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ ခန့်မှန်းခြေ ၄၀၀ နီးပါးရှိလာပြီ ဖြစ်သည့် အတွက် ကူညီထောက်ပံ့ရေးနှင့် နေရာစီစဥ်ပေးမှုများကို အနီးပတ်ဝန်းကျင်ရှိ ပြည်သူများ ဝိုင်းဝန်းကူညီ ပေးကြရန် တောင်းဆိုလိုကြောင်းလည်း ဒေသခံများက တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...