CATEGORY

သတင်း

ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာတွင် ဒလန်ဆိုသူတစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် မိုင်းအင်ကျေးရွာတွင် ယနေ့ ဇူလိုင် ၂၆ ရက် နံနက် ၆ နာရီခွဲဝန်းကျင်က စစ်ကောင်စီ သတင်းပေး ဒလန်ဆိုသူ ကိုစိုးလှ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသည့် ကိုစိုးလှကို...

မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ တိုက်ပွဲ စစ်ကောင်စီဘက်က သေဆုံးမှုများပြားရှိ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး အထက် သေဆုံးမှုရှိကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင် ၂၅ ရက်တွင် မိုးဗြဲမြို့ထဲ စစ်ကောင်စီက စစ်ကြောင်း ထိုးဝင်လာကြောင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ တပ်ဆွဲထားသည့် ဆောင်နန်းခဲကျေးရွာထဲတွင် PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိသည့် ကလေးငယ် သေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲမှ ဦးခေါင်းပိုင်း လက်နက်ကြီး ကျည်ထိသည့် ကလေးငယ်သည် ယနေ့ ညနေပိုင်းအချိန်တွင် သေဆုံးသွားကြောင်း သတင်းသိရသည်။ ယနေ့ ဇူလိုင် ၂၅ ရက်နေ့ မနက် ၇ နာရီဝန်းကျင်တွင် လွိုင်ဆမ်ဆစ် တောင်ခြေရှိ မန်နောင် နှင့် နမ့်ပါခီးကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး...

မိုးဗြဲမြို့ စစ်ကောင်စီလက်နက်ကြီး တစ်ဖက်သတ်ပစ်ခတ် အမျိုးသမီးတစ်ဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် ယနေ့ (ဇူလိုင် ၂၅) ရက် နေ့လည် ၃ နာရီ ဝန်းကျင်တွင် စစ်ကောင်စီ၏ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်ကြီးသည့် အမျိုးသမီး တစ်ဦး လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ အဆိုပါ အမျိုးသမီးသည် စစ်ကောင်စီ၏ လက်နက်ကြီး...

မိုင်းဖုန်းဆရာတော်ကိုလာကန်တော့မည့်သူများ အရက်သေစာ နှင့် အသားငါးများ မစားသုံးရန်ဆရာတော် မိန့်ကြား

လာမည့် ဩဂုတ် ၁ ရက် တွင် မိုင်းဖုန်းဆရာတော်ကိုလာရောက် ကန်တော့မည့် ပြည်သူများအနေဖြင့် အရက်သေစာ သောက်စားခြင်းမပြုရန် နှင့် သက်သက်လွတ်စားရန်အတွက် ဆရာတော် ဦးဥာဏသီရိ က ပြည်သူများထံ မိန့်ကြားထားကြောင်း သိရသည်။ မိုင်းဖုန်းဆရာတော်သည် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ မိုင်းကျက်ဂူတွင် ၃ နှစ်...

မူဆယ်မြို့ အခွန်မဆောင်သည့် လောင်းကစားရုံ ကို ကိုးကန့်အဖွဲ့ လာရောက်ပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယမန့်နေ့ ဇူလိုင် ၂၄ ရက် နံနက် ၃ နာရီအချိန်တွင် ကိုးကန့်တပ်ဖွဲ့မှ အခွန်မဆောင်သည့် ဆင်းဟော့ဟိုတယ် လောင်းကစားရုံကို လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းသိရသည်။ မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော် (၇) လမ်းရှိ ဆင်းဟော့ဟိုတယ် လောင်းကစားရုံတွင် ပြည်သူ့စစ်မှ တာဝန်ယူထားပြီး အခွန်မဆောင်သည့်...

ရပ်စောက်မြို့နယ် အမျိုးသားတစ်ဦး ကျားကိုက်ခံရ၊ ဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းတွင် အမျိုးသားတစ်ဦးသည် ကျားကိုက်ခံရပြီး ထိခိုက်ဒဏ်ရာ ပြင်းထန် ရရှိသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်တွင် အသက် ၃၅ နှစ်ရှိ စိုင်းစံအောင်သည် ရပ်စောက်မြို့နယ် ပန်ဆေးကျေးရွာအုပ်စု ကွန်ကောက် ကျေးရွာ အရှေ့ဘက်ရှိ တောထဲတွင် မျှစ်နှင့် ဟင်းစားရှာထွက်စဥ်...

လဲချားမြို့နယ် တစ်ရက်ထဲ (၃) နေရာဗုံးပေါက်ကွဲ ဒေသခံ တစ်ဦး ဆွဲမိုင်းထိ

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်း (၃) နေရာဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦး လယ်သွားစဥ် ဆွဲမိုင်း နင်းမိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇူလိုင် ၂၄) ရက်တွင် လဲချားမြို့နယ် နောင်လုံကျေးရွာ နှင့် လွိုင်ကန့်ကော်ကျေးရွာတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူတစ်ဦး ဆွဲမိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လဲချားမြို့မှ အသက်...

နိုင်ငံခြားဆေးဝါးများ စျေးနှုန်းတက် ဝယ်ယူရန် ခက်ခဲထိဖြစ်

သျှမ်းပြည်အတွင်း ယခုရက်ပိုင်း နိုင်ငံခြားဆေးများ စျေးနှုန်းတက်လာပြီး ဝယ်ယူရန် ခက်ခဲလာသည့် အထိဖြစ်နေကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး တနှစ်ကျော် ကာလ ရှိလာပြီးနောက် မြန်မာနိုင်ငံတဝှမ်းတွင် နိုင်ငံခြားမှ တင်သွင်းသည့် လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် နေအိမ်သုံးပစ္စည်းများတင်ပို့ရန် ခက်ခဲလာသဖြင့် ပြည်သူများလည်း ဝယ်ယူသုံးစွဲရန် ခက်ခဲလာသည်။ ထို့အပြင် စစ်အာဏာရှင်၏ ပြောင်းလဲနေသည့်...

ကွတ်ခိုင်မြို့နယ်တိုက်ပွဲအတွင်း ကလေးငယ်တစ်ဦး လက်နက်ကြီး ကျည်ထိ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာ အနီးတွင် အာဏာသိမ်း စစ်ကောင်စီနှင့် ကချင် လွတ်မြောက်ရေးတပ်မတော်( KIA) တို့တိုက်ပွဲဖြစ်ပွားပြီး ကလေးငယ်တစ်ဦး လက်နက်ကြီးထိ ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင် ၂၅) ရက် နံနက် ၇ နာရီဝန်းကျင်တွင် လွိုင်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာနှင့် နမ့်ပါခီး...

Latest news