နိုင်ငံခြားဆေးဝါးများ စျေးနှုန်းတက် ဝယ်ယူရန် ခက်ခဲထိဖြစ်

သျှမ်းပြည်အတွင်း ယခုရက်ပိုင်း နိုင်ငံခြားဆေးများ စျေးနှုန်းတက်လာပြီး ဝယ်ယူရန် ခက်ခဲလာသည့် အထိဖြစ်နေကြောင်း စုံစမ်းသိရသည်။

စစ်အာဏာသိမ်းပြီး တနှစ်ကျော် ကာလ ရှိလာပြီးနောက် မြန်မာနိုင်ငံတဝှမ်းတွင် နိုင်ငံခြားမှ တင်သွင်းသည့် လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် နေအိမ်သုံးပစ္စည်းများတင်ပို့ရန် ခက်ခဲလာသဖြင့် ပြည်သူများလည်း ဝယ်ယူသုံးစွဲရန် ခက်ခဲလာသည်။

ထို့အပြင် စစ်အာဏာရှင်၏ ပြောင်းလဲနေသည့် မူဝါဒများကြောင့် ကုန်တင်သွင်းသူများလည်း အခက်အခဲရှိလာပြီး ပြည်တွင်းဒေါ်လာစျေးတက်မှုကြောင့်လည်း ကုန်သည်များ အခက်အခဲကြုံလာကြသည်။

နိုင်ငံခြား သောက်ဆေး

ထိုထဲမှ နေ့စဥ်ဆေးစွဲသောက်နေရသည့် နာတာရှည်ရောဂါအခံရှိသူဖြစ်သော သွေးတိုး၊ ဆီးချို နှင့် ဘီပိုး၊ စီပိုးရှိသူများအတွက် ဆေးဝယ်ယူရန်လည်း ခက်ခဲလာကြောင်း သျှမ်းပြည်မှ ပြည်သူများက ပြောပြသည်။

“အခု ဆေးတွေကလည်း စျေးကြီးလာတယ်။ တချို့ဆေးဆိုင်ဆိုရင် နိုင်ငံခြားကလာတဲ့ဆေးတွေ ပြတ်နေပြီ၊ ကျနော် အိမ်က အသက်ကြီးတဲ့သူတွေအတွက် ဆေးတွေမရမှာတော့ စိုးရိမ်ရတယ်” ဟု တောင်ကြီးမြို့မှ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နာတာရှည် ရောဂါဖြစ်သည့် သွေးတိုး၊ဆီးချိုဆေးများသည် ယခင်ကထက် စျေးမြင့်တက်လာသည့်အတွက် ဝင်ငွေနည်းသော မိသားစုဝင်များ ဝယ်ယူ သုံးစွဲရန် ကြပ်တည်းလာကြသည်။

လက်ရှိမှာ ဆီးချိုသမားများသောက်သုံးသည့် Galvas 50mg သည် ယခင်က (၁၀၅၀၀) ကျပ် ဖြစ်ပြီး လက်ရှိမှာ (၁၁၀၅၀) ကျပ်၊ Vita home အားဆေးသည် ယခင်က ၁၂၀၀ ကျပ် လက်ရှိမှာ ၁၅၀၀ ကျပ်ထိ မြင့်တက်နေကြောင်း သိရသည်။

“နိုင်ငံခြားဆေးတွေက ဆက်တက်ဖို့ပဲရှိတယ်။ ကျဖို့မရှိဘူး။ ကျမ သွေးတိုးဆေးတွေ နေ့တိုင်းသောက်နေရတယ်။ အခုတောင် ဝယ်ရခက်နေတယ်။ ဆေးပြတ်လပ်မှုတွေထိ ဖြစ်လာနိုင်တယ်” ဟု သွေးတိုးဆေး သောက်နေရသည့် လားရှိုးမြို့ မှ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် နိုင်ငံခြားဆေးဝါးရောင်းချနေသည့် ဆေးကုမ္ပဏီများကိုလည်း ဆေးတမျိုးလျှင် မှတ်ပုံတင် (၆) လသာ ထုတ်ပေးကြောင်း တောင်ကြီး ဆေးကုမ္ပဏီဝန်ထမ်း အမျိုးသမီး တစ်ဦးကပြောသည်။

နိုင်ငံခြား သောက်ဆေး

ထိုသို့ ဆေးဝါး မှတ်ပုံတင်ကို (၆) လ တကြိမ်သာထုတ်ပေးသည့်အတွက် ဆေးဝါးများ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းသို့ရောက်လာလျှင် ထုတ်မရဘဲ တဖန်မှတ်ပုံတင် ပြန်တင်ရသည့် အဖြစ်မျိုးလည်း ကြုံတွေ့ရကြောင်း၊ ထို့ကြောင့် ဆေးဝါးများဈေးတက်ရကြောင်း ဝန်ထမ်းအမျိုးသမီးက ဆိုသည်။

“ FDA က မှတ်ပုံတင်တွေကို ဆေးတမျိုးဆို (၆) လ ပဲ ထားပေးတော့တယ်။ ဆေးကရောက်လာပြီဆို ဆိပ်ကမ်းမှာ ထုတ်မရဘဲ မှတ်ပုံတင် ပြန်လုပ်ခိုင်းလို့ဈေးတက်တယ်။ (expir date) ထိတယ်ပြီးတော့ လိုတဲ့ဆေးတွေက အချိန်မှီရောက်မလာတော့ ပြတ်နေတယ် “ ဟု ၎င်းဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့ကြောင့် စျေးကွက်အတွင်းသို့ အချိန်မှီရောက်မလာနိုင်သည့် ဆေးများသည် အနည်းဆုံး (၁) လမှ အများဆုံး (၆) လထိ ပြတ်လတ်နိုင်ပြီး၊ ဆေးဝါးများ ဈေးတက်နှုန်းမှုမှာလည်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ ဈေးမြင့်တက်နေနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုအတူ ပြည်တွင်းထုတ် ဆေးဝါးတချို့များကိုလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေး ဦးစီးဌာန (FDA) မှ ဆေးကုမ္ပဏီများထံ ပေးမသွင်းကြောင်း ဆေးကုမ္ပဏီ အသိုင်းအဝန်းက ပြောသည်။

“ပြည်တွင်းထုတ် PBI ဆေးတွေတောင် ဆေးဆိုင်တွေမှာ ပေးမသွင်းတာရှိတယ်” ဟု တောင်ကြီး ဆေးဆိုင်ရှင်တစ်ဦးက ပြောသည်။

ယခင်က ဆေးဝါးတင်သွင်းခွင့် ပါမစ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုသာ တင်ပြရသော်လည်း ဧပြီလမှစ၍ စစ်ကောင်စီ၏ လုပ်ငန်းကော်မတီဝန်ကြီးဌာန ၊ ကျန်းမာရေးဝန်ကြီးဌာန ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ စသည့်ဝန်ကြီးဌာနကို အဆင့်ဆင့် တင်ပြရပြီး ၎င်းတို့ခွင့်ပြုမှသာ တင်သွင်းခွင့်ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...