CATEGORY

သတင်း

သျှမ်းပြည် တိုက်ပွဲကြား ကလေးငယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရ

သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများအကြား တစ်လအတွင်း အပြစ်မဲ့ ကလေးငယ် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင် မိုင်းရှူးမြို့နယ်မှ အရပ်သား မောင်းနှင်လာသည့် ကားကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်လိုက်သဖြင့် ကားပေါ်ပါလာသည့် အသက် ၃ နှစ်...

ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ နေအိမ် ၁၀၀ ကျော် မီးရှို့ခံရပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အင်းအရှေ့ဘက်ကမ်းတွင် စစ်ကောင်စီ စစ်ရေးထိုးစစ်ဆင်ရာတွင် ပြည်သူနေအိမ် (၁၀၀) ကျော် မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ယနေ့ ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် မေလအတွင်းမှစတင်ပြီး စစ်ကောင်စီ...

ကျောက်မဲမြို့နယ် ပဌာန်းပွဲတွင် လောင်းကစားဝိုင်းလာဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ပြုလုပ်သည့် အသံမစဲ ပဌာန်းပွဲ၌ လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်မှ စတင်ကာ ကျောက်မဲမြို့နယ် ခုံအုံ (ခိုခမ်း) ကျေးရွာ ဘုန်းကြီးကျောင်းအနီးရှိ အသံမစဲ ပဌာန်းပြုလုပ်နေမှုကို...

တောင်ကြီးမြို့ စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်ကြား ခိုးယူလုယက်မှုများပြားနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စစ်ဆေးရေးတင်းကြပ် နေသော်လည်း ခိုးယူလုယက်မှုများ ယခင်ထက်ပိုများပြားလာကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီက ကိုဖြိုးဇေယျာသော် နှင့် ကိုဂျင်မီကို သေဒဏ်ပေးပြီးနောက်ပိုင်း တောင်ကြီးမြို့တွင် PDF ကိုအားပေးမှုရှိ၊ မရှိကြောင်း သွားလာသူများကို ဖုန်းစစ်ဆေးမှုရှိလာကြောင်း သိရသည်။ “၂၅ ရက်နောက်ပိုင်းက ပိုစစ်ဆေးလာတယ်။ PDF...

ပင်လုံမြို့ လောင်းကစားတွေများပြား ခိုးယူလုယက်မှုများရှိလာ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ လောင်းကစား များပြားလာသည့်အပြင် ဈေးထဲတွင်လည်း ပေါ်တင်ခိုးယူ လုယက်မှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပင်လုံမြို့တွင် ငါးပစ်ဂိမ်း၊ လောင်းကစားဝိုင်းများများပြားလာသည့်အပြင် ခိုးယူလုယက်မှုများ နှင့် သတ်ဖြတ်မှုများလည်း ရှိကြောင်း ပင်လုံမြို့ဒေသခံအမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အရင်ကတော့ ဘယ်သူမှ ဘာမှ...

ဟိုပုံးမြို့နယ် PNO စစ်သင်တန်း စားရိတ်အတွက် ထပ်မံကောက်မည်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့က ဒုတိယအကြိမ် စစ်သင်တန်း စားရိတ် ထပ်မံကောက်ခံမည် ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့များက ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို တစ်အိမ်လျှင် ပိုက်ဆံ (၃၀,၀၀၀) ကျပ် နှင့်...

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကို စစ်ကောင်စီက ပုဒ်မ ၁၃၀ (က) အမှုထပ်တိုး

သျှမ်းပြည်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ရွေးကောက်ပွဲ အနိုင်အထက်ပြုကျင့်သည်ဟု ဆိုကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် စစ်ကောင်စီက ထပ်မံတရားစွဲလိုက်ကြောင်းသိရသည်။ ယမန်နေ့ ဇူလိုင် ၂၆ ရက်တွင် ဒေါက်တာလင်းထွဋ်ကို အမှုတိုး တရားစွဲလိုက်ကြောင်း သိရသည်။ “ဟုတ်တယ်။ ကျနော်တို့ အဲ့လိုကြားတယ်။ သူ့ကို...

မူဆယ်မြို့ လောင်းကစားရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စက်မှုဇုံရှိ လောင်းကစားရုံတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့ ဇူလိုင် ၂၅ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့ စက်မှုဇုံရပ်ကွက်တွင်းရှိ လောင်းကစားရုံတစ်ခုကို အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ဗုံးပစ်ဖောက်သွားခဲ့ကြောင်း သိရသည်။ "အဲ့လောင်းကစားရုံက ငါးဂိမ်းဆိုင်လို့ သိရတယ်။ လူနှစ်ယောက် လာပစ်သွားတယ်လို့...

မိုင်းရှူးဘက် စစ်ကောင်စီတိုင်းမှူးကိုယ်တိုင် စစ်ကြောင်း ဦးစီးနေ

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ တိုင်းမှူးကိုယ်တိုင် စစ်ကြောင်းများကို ဦးစီးနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၂၅ ) ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) တို့မှ တိုင်းမှူးများသည် ကား ၆...

မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်း နေရာယူမှုရှိ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တို့မှ စစ်အင်အားဖြည့် နေရာယူမှုများရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇူလိုင် ၂၅ ရက်တွင် စစ်ကောင်စီတပ် တပ်မ ၉၉ လက်အောက်ခံ ခလရ ၂၇၆ နှင့် ၃၄၈ တို့သည် နမ့်မိတ်ချောင်း မြောက်ဘက်ရှိ ရွှေကာလီဘုန်းကြီးကျောင်းအနီး နှင့် သရက်ချိုကျေးရွာ၊...

Latest news