တောင်ကြီးမြို့ စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်ကြား ခိုးယူလုယက်မှုများပြားနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စစ်ဆေးရေးတင်းကြပ် နေသော်လည်း ခိုးယူလုယက်မှုများ ယခင်ထက်ပိုများပြားလာကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီက ကိုဖြိုးဇေယျာသော် နှင့် ကိုဂျင်မီကို သေဒဏ်ပေးပြီးနောက်ပိုင်း တောင်ကြီးမြို့တွင် PDF ကိုအားပေးမှုရှိ၊ မရှိကြောင်း သွားလာသူများကို ဖုန်းစစ်ဆေးမှုရှိလာကြောင်း သိရသည်။

“၂၅ ရက်နောက်ပိုင်းက ပိုစစ်ဆေးလာတယ်။ PDF တွေကိုထောက်ပံ့မှုရှိ၊ မရှိစစ်တယ်။ ဂိမ်းတွေ App တွေ ကွန်ပျူတာတွေနဲ့ စစ်ဆေးတာတွေ လုပ်နေတယ်။ အခုက Click လုပ်နေတာဆိုတော့ သူတို့အဲ့တာတွေလည်း စစ်နေတယ်။ မသင်္ကာတဲ့သူတွေကိုစစ်နေတာထင်တယ်” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီက တောင်ကြီးမြို့အနှံ့တွင် စစ်ဆေးရေးတွေပြုလုပ်နေပြီး ခိုးလုယက်မှုလည်း များလာကြောင်းသိရသည်။

တောင်ကြီးမြို့

ထိုသို့ စစ်ဆေးမှုပြုလုပ်ရာတွင်လည်း ယခင်ထက်ပိုပြီး တင်းကြပ်စစ်ဆေးလာကြောင်း အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသမီးက ပြောသည်။

“ ခရီးသွားလာသူတွေကိုလည်း စစ်ဆေးတယ်။ ပြီးတော့ အခုနောက်ပိုင်းက မြို့ထဲတွေမှာလည်း စစ်တယ်။ မှတ်ပုံတင်တွေ၊ ယာဉ်မောင်းတွေတောင်းကြည့်တာပေါ့။ ပြီးတော့ ဖုန်းတွေလည်းပြန်စစ်လာတယ်။ သူတို့စစ်နေတာတောင် တောင်ကြီးမှာ ခိုးယူဖောက်လုတာလည်းများနေသေးတယ်။ ဟိုနေ့ကပဲ ကျောင်းကြီးစုမှာ ဆိုင်တစ်ခုဖောက်ခံရတယ်လို့ပြောတယ်။ သူတို့စစ်ဆေးရေးကတင်းကြပ်နေတာ။ ဒေသတွင်းလုံခြုံရေးက မရှိဘူး” ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများအတွက် လုံခြုံရေးအတွက်မရှိပဲ ၎င်းတို့ အတွက်သာ လုံခြုံဖို့အတွက် စစ်ဆေးရေးများသာ ပြုလုပ်နေကြောင်း တောင်ကြီးမြို့နယ်အတွင်း နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက ဆိုသည်။

“ သူတို့က သူတို့လုံခြုံရေးအတွက် သူတို့စစ်ဆေးနေတာ။ ပြည်သူ့လုံခြုံရေးအတွက် စစ်ဆေးမှုတွေ ပြုလုပ်နေတာမဟုတ်ဘူး။ သူတို့အတွက် အန္တရာယ်ကျရောက်လာမှာဆိုးလို့ သူတို့က စစ်ဆေးမှု ပြုလုပ်တာဖြစ်တယ်” ဟု တောင်ကြီးမြို့နယ်အတွင်း နိုင်ငံရေးလှုပ်ရှားခဲ့သူတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများအနေဖြင့် မိမိလုံခြုံရေးအတွက် ကိုယ့်ကိုယ်တာဝန်ယူ နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...