Tuesday, January 27, 2026

ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ နေအိမ် ၁၀၀ ကျော် မီးရှို့ခံရပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အင်းအရှေ့ဘက်ကမ်းတွင် စစ်ကောင်စီ စစ်ရေးထိုးစစ်ဆင်ရာတွင် ပြည်သူနေအိမ် (၁၀၀) ကျော် မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ယနေ့ ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ နေအိမ် ၁၀၀ ကျော် မီးရှိူ့ခံရပြီး ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရ သည့် မြေပုံ (ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်)

ယခုနှစ် မေလအတွင်းမှစတင်ပြီး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ နယ်မြေရှင်းလင်းရာမှ ပြည်သူနေအိမ် ၁၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူ (၄၀၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ကောင်စီက နယ်မြေရှင်းလင်းမှုနဲ့ ကျနော်တို့ ပြည်သူတွေရဲ့ လူ့အခွင့်ရေးချိုးဖောက်ခဲ့တယ်။ ဖယ်ခုံမြို့နယ်ထဲမှာဆို စစ်ကောင်စီက ပြည်သူနေအိမ် ၁၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်။ အခုချိန်ထိလည်း ပြည်သူ ၄၀၀၀ ကျော်လောက်က စစ်ဘေးရှောင်နေရသေးတယ်။ နေအိမ်မပြန်နိုင်ကြသေးဘူး” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည်လည်း စားဝတ်နေရေးခက်ခဲနေမှုကြောင့် လက်ရှိ နိုင်ငံတော် တာဝန်ယူနေသည့် အစိုးရက တာဝန်ယူဖြေရှင်းပေးရန် လိုအပ်ကြောင်း စိုင်းဟော်ရှဲန်က ထပ်လောင်းပြောသည်။

“ အခု စစ်ကောင်စီက သူတို့ကိုယ်တိုင်က နိုင်ငံတော်အစိုးရဖြစ်တယ်လို့ခံယူထားတာလေ။ ဒါကြောင့် အခုပြည်သူတွေ ဒုက္ခရောက်နေတာအားလုံးကိုလည်း သူတို့ တာဝန်ယူပြန်ဖြေရှင်းပေးသင့်တယ်။ သူတို့မှာ တာဝန်ရှိတယ်။ သူတို့ အစိုးရလို့ ခံယူထားတဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ လုံခြုံရေး စားဝတ်နေရေးအားလုံးကို တာဝန်ယူပေးရမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီသည် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တို့တွင်ရှိသည့် ကျေးရွာတစ်ချို့ထဲတွင် တပ်စွဲနေထိုင်လျက်ရှိကြောင်း သိရသည်။

အလားတူ ယမန်နေ့ (ဇူလိုင် ၂၆) ရက်ထိ မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...