Thursday, May 2, 2024

မူဆယ်မြို့ လောင်းကစားရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စက်မှုဇုံရှိ လောင်းကစားရုံတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ဇူလိုင် ၂၅ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့ စက်မှုဇုံရပ်ကွက်တွင်းရှိ လောင်းကစားရုံတစ်ခုကို အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့က ဗုံးပစ်ဖောက်သွားခဲ့ကြောင်း သိရသည်။

လောင်းကစားရုံပေါက်ကွဲမှု

“အဲ့လောင်းကစားရုံက ငါးဂိမ်းဆိုင်လို့ သိရတယ်။ လူနှစ်ယောက် လာပစ်သွားတယ်လို့ သိရတယ်။ အသံတော့အရမ်းကျယ်တယ်။ တစ်ချက်ပဲ ကြားရတယ်။ ဘယ်အဖွဲ့ လာပစ်သွားလဲတော့ မသိရဘူး။ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ ရှိမရှိလဲ မသိရဘူး” ဟု မူဆယ်ဒေသခံ တစ်ဦး က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် (၂၄) ရက် နံနက် (၃) နာရီအချိန်တွင် ကိုးကန့်တပ်ဖွဲ့မှ အခွန်မဆောင်သည့် ဆင်းဟော့ဟိုတယ် လောင်းကစားရုံမှာ ပြည်သူ့စစ်မှ တာဝန်ယူထားပြီး အခွန်မဆောင်သည့် လောင်းကစားရုံဖြစ်သောကြောင့် ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ပြီး ပြည်သူ့စစ် နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article