တောင်ကြီး လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီရောင်းချခွင့်မပေး

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီရောင်းချ ခွင့်မပေးတော့ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ယာဉ်များကို စက်သုံးဆီရောင်းချပေးမည် မဟုတ်ဘဲ စက်သုံးဆီဆိုင်တွင် လိုင်စင်မဲ့ယာဉ်များ တန်းစီဝယ်ယူခြင်းတွေ့ရှိလျှင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

ထိုသို့ စစ်ကော်မရှင်က အသိပေးထုတ်ပြန်ပြီးနောက် ယနေ့ (မတ်လ ၁၂ရက်)တွင် စက်သုံးဆီဆိုင်များက လိုင်စင်မဲ့ယာဉ်များကို သေချာစိစစ်ကာ စက်သုံးဆီများကို ရောင်းချပေးနေကြောင်း သိရသည်။

“လိုင်စင်လည်းမရှိဘူး လိုင်စင်လုပ်ရင်လည်း ဆိုင်ကယ်ဖိုးထက် နှစ်ဆ ကုန်တော့ မလုပ်ထားဘူး၊မရောင်းတော့ ဘာဖြစ်လဲ ပုလင်းနဲ့ ဝယ်သုံးရတော့မှာပေါ့၊ ဈေးဘယ်လောက်ကြီးကြီး ရပ်ကွက် ဆီဆိုင်တွေက ပုလင်းနဲ့ ဈေးတင်ရောင်းတာပဲ ဝယ်ရတော့မှာပေါ့။ ဒီဆိုင်ကယ်လေးနဲ့ လုပ်စားနေရတာ အခုလို စနစ်ပြောင်းတော့ ထမင်းငတ်ပြီပေါ့။”ဟု တောင်ကြီးမြို့ခံ နေ့စားလုပ်စားနေသူ အမျိုးသားတစ်ဦးက ပြောသည်။

စက်သုံးဆီမပြတ်လပ်စေရေးနှင့် စက်သုံးဆီ အမှန်တကယ်လိုအပ်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်စေရန် အရောင်းဆိုင်များတွင် တစ်ရက်လျှင် နှစ်ကြိမ်အထက် ဝယ်ယူသူများ ပပျောက်စေ၍ရန် အတွက် အက်ပလီကေးရှင်း ဖြင့် QRကုဒ်ကို အသုံးပြု၍ စိစစ်ရောင်းချမှုများ ဆောင်ရွက်သွားမည်ဟု စစ်ကော်မရှင်လက်အောက်ခံ စက်သုံးဆီစီမံခန့်ခွဲရေးက ယမန်‌ေန့ မတ်လ ၁၁ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မော်တော်ယာဉ်များအတွက် Whel Tax တွင်ပါရှိသော Barcod အား ဆိုင်ဝန်ထမ်းမှ scan ဖတ်၍ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ ဝယ်ယူထားခြင်း မရှိသည့်ယာဉ်များကို မည်သည့် ဆီဆိုင်တွင် မဆို စက်သုံးဆီရောင်းချပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တောင်ကြီးမှာ လိုင်စင်ရှိတဲ့ ယာဉ်က ခပ်ရှားရှားပဲ၊ ဒီလိုစနစ်နဲ့ စကင်ဖတ်ရင်တော့ တန်းစီတဲ့သူမရှိလောက်တော့ဘူး၊ စက်သုံးဆီဆိုင်လည်း အရောင်းနည်းမှာ၊ အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေး‌ေရာ အကုန်ခက်ကုန်မှာ၊ ဘယ်လိုအတွေးမျိုးနဲ့ ဒီလိုစနစ် သတ်မှတ်လိုက်လည်း မသိဘူး။”ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် တောင်ကြီးမြို့နယ်၊ရပ်စောက်၊ အောင်ပန်း၊ ညောင်ရွှေ စသည့် မြို့နယ် မှ ဒေသခံ အများစုသည် လျှပ်စစ်ကားနှင့် ဆိုင်ကယ်များကို ပို၍ ဝယ်ယူလာကြသောကြောင့် လျှပ်စစ်ကားနှင့် ဆိုင်ကယ်များ ရောင်းအားကောင်းနေသည်ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ကမ္ဘာ့နိုင်ငံရေး အခြေနေနှင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် ရေလမ်းကြောင်း တလျှောက် အတားဆီး အဟန့်တားဖြစ်ပေါ် နေခြင်းကြောင့် စစ်ကော်မရှင်တပ်က အကြောင်းပြ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ (၉)ရက် နေ့မှ စ၍ တောင်ကြီးမြို့တွင် စက်သုံးဆီချွေတာရေး အတွက် စစ်ကော်မရှင်တပ်က သတ်မှတ်ထားသည့် စုံ၊မ ရက် ခွဲ၍ ယာဉ်မောင်းနှင်ရမည်ဟု သတ်မှတ်ပြီး လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...