ဟိုပုံး စစ်ကော်မရှင်တပ်က ပြည်သူ (၈)ဦးထက်မနည်း ပေါ်တာဆွဲဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်(၈)ဦးထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ စတင်ပြီး ဟိုပုံးမြို့ပေါ်တွင် ညနေပိုင်း ဆိုင်ကယ်ဖြင့် အလုပ်မှ ပြန်လာသည့် လူငယ်များကို ဦးတည်ကာ စစ်ကော်မရှင်တပ်မှ ပေါ်တာဆွဲ ဖမ်းဆီးနေသောကြောင့် လူငယ်(၈)ဦး ထက်မနည်း ပေါ်တာဆွဲခံရပြီး အချို့သော လူငယ်များကို ငွေကျပ်သိန်း ဆယ်ချီပေးကာ ပြန်ရွေးထုတ်ရကြောင်း ဟိုပုံးဒေသခံများက ပြောသည်။

“ညနေဘက်ဆို အလုပ်ကပြန်ရင် မိုးချုပ်လို့ဆိုပြီး စစ်တပ်က စစ်ဆေးပြီး ဖမ်းတာ၊ ပိုက်ဆံများများ ပေးနိုင်မှ လွှတ်ပေးတာ။ တချို့ဆို ပိုက်ဆံဘယ်လောက်ပေးပေး မလွှတ်ပေးဘူး၊ စစ်သင်တန်းတွေ တန်းပို့တာ။ သွားလာရ အရင်လို မကောင်းတော့ဘူး”ဟု ဟိုပုံးမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ စစ်ကော်မရှင်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသည့်နေရာသည် ပအိုဝ်းပြည်သူ့စစ် (PNO) ထိန်းချုပ်ထားသည့် နေရာဖြစ်ကြောင်း၊ PNO သည်လည်း စစ်ကော်မရှင် လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်ကာ ပြည်သူများထံ စစ်မှုထမ်းကြေး တစ်လလျှင် ငွေကျပ် ၅သောင်းမှ ကျပ်တစ်သိန်းအထိ ကောက်ခံနေကြောင်း သိရသည်။

“လိုင်းပေါ်မှာ ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းတွေက အမှန်ပါ၊ ကိုယ်တိုင်ကြုံမှ သိပါလိမ့်မယ်။ ကျနော်တို့ ဒေသခံအနေနဲ့က အေးအေးချမ်းချမ်းပဲ နေချင်တယ်၊ စစ်ထဲလည်း ဝင်မပါချင်ဘူး။ ကိုယ်တိုင်က လူငယ်ဖြစ်တော့ လွတ်လွတ်လပ်လပ် သွားလာချင်တယ်၊ ပေါ်တာဆွဲနေတော့ အပြင်မသွားရဲဘူး စိုးရိမ်ရတယ်”ဟု ဟိုပုံးဒေသခံ အသက် (၃၀)ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ဟိုပုံးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် PNO တပ်ဖွဲ့တို့သည် ဒေသခံများထံ စစ်မှုထမ်း အတွက် ငွေကြေးကောက်ခံခြင်း၊ စစ်သားစုဆောင်းခြင်းတို့ ဆက်တိုက်လုပ်ဆောင်နေသဖြင့် ဒေသခံများက စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။

အလားတူ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင်လည်း စစ်ကော်မရှင်တပ်က ဒေသခံများကို ပေါ်တာဆွဲ ဖမ်းဆီးနေသောကြောင့် နေ့စားအလုပ်သမားများ အလုပ်သွားလာရန် ခက်ခဲပြီး စားဝတ်နေရေးအတွက် အဆင်မပြေတော့ကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အင်းလေးမှာ စစ်မှုထမ်းခေါ်တော့ ဘယ်သူမှ မသွားချင်ကြဘူး၊ အဲတော့ ပေါ်တာဆွဲနေတာ။ စစ်မှုထမ်းကြေးလည်း လတိုင်းထည့်ရတယ်၊ ကိုယ်က နေ့စားသမားဆိုတော့ အလုပ်လည်း ရှားတယ်။ အပြင်ထွက် အလုပ်လုပ်မယ်ဆိုလည်း ပေါ်တာဆွဲခံရမှာ ကြောက်ရတယ်။ တစ်နေ့မှ (၈၀၀၀) ပဲရတယ်၊ ဒါတောင် အလုပ်မသွားရတဲ့နေ့ဆို မရဘူး။ စားသောက်ဖို့ ပိုခက်ခဲတာပေါ့လေ”ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်းလေးဒေသ၌ အမျိုးသားတစ်ဦးလျှင် တစ်နေ့လုပ်အားခ ငွေကျပ် (၁၀၀၀၀) ရရှိပြီး အမျိုးသမီးတစ်ဦးလျှင် ငွေကျပ် (၆၀၀၀) မှ (၈၀၀၀) အထိသာ ရရှိကြောင်း အဆိုပါ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

ထို့အပြင် အင်းလေးဒေသသည် ငလျင်ဒဏ်နှင့် ရေကြီးမှုဒဏ်ကဲ့သို့ သဘာဝဘေးဒဏ်တို့ကို အများဆုံး ကြုံတွေ့နေရသည့် ဒေသတစ်ခုဖြစ်ပြီး ကုန်ဈေးနှုန်းမြင့်တက်လာသည်နှင့်အတူ ဒေသတွင်း ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး နလန်မထူနိုင်သေးသည့် ဒေသဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် သျှမ်းပြည်တောင်ပိုင်း အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် စစ်ကော်မရှင်တပ်က ခရီးသွားလူငယ်များကို ပေါ်တာဆွဲခြင်း၊ နေအိမ်အတွင်း ဧည့်စာရင်းစစ်ကာ ဖမ်းဆီးခြင်း၊ စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ခြင်း စသည့် အကြောင်းအမျိုးမျိုးပြကာ ပေါ်တာဆွဲဖမ်းဆီးခြင်းများ ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...