ပုံးအင်းဒေသ ရေကြီးမှုကို ပြည်သူကိုယ်တိုင် ဖြေရှင်းနေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသတွင် ရေကြီးမှုကြောင့် လယ်စပါး ၊ နေအိမ်တွေ ရေထဲမြှုပ်သွားရပြီး ပြည်သူများ ခက်ခဲမှုများကို ကိုယ်တိုင်ဖြေရှင်းနေကြရကြောင်း စုံစမ်းသိရသည်။ ယခင်နှစ်တွင် ရေကြီးမှုအတွက်ကြောင့် ဆုံးရှုံးမှုကို စာရင်းကောက်ပေးသူရှိပြီး ယခုနှစ်တွင် အုပ်ချုပ်ရေးမှုက အလုပ်မလုပ်သောကြောင့် ပြည်သူကိုယ်တိုင်က စာရင်းကောက်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှု ဥက္ကဌထံ တင်ပြကြရကြောင်း ပုံးအင်းဒေသ...
မူဆယ်မြို့နယ် အမှတ် (၁) ဈေးနားတွင် မီးလောင်မှုဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အမှတ် (၁) ညဈေးတန်းနား (၃) ထပ်တိုက်အိမ်တစ်ခု ယနေ့ ဩဂုတ် (၁၆) ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မီးလောင်သွားသည့် တိုက်သည် ကလေးကစားစရာ နှင့် စက်ဘီးဆိုင်ဖွင့်ထားသည့် တိုက်ဖြစ်ပြီး ၊...
ပန်ဆိုင်းမြို့အတွင်း တစ်ရက်တည်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့အတွင်းတွင် တရက်တည်း ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုလည်း ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၁၅) ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင့်တပ်မတော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA)...
ရွာငံပျူစောထီး ဖမ်းဆီးသွားသည့် ရွာသား (၁၀) ဦး ထောင်ဒဏ် (၆) နှစ်ချခံရ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ဗျူစောထီးအဖွဲ့မှ ဖမ်းဆီးသွားသည့် ရွာသား (၁၀) ဦး ကို ယမန်နေ့ (သြဂုတ် ၁၅) ရက်တွင် ထောင်ဒဏ် (၆) နှစ်စီ ချလိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ရွာငံ ဒေသခံ (၁၀) ဦးကို မေလပိုင်းတွင် ဗျူစောထီးမှ...
ကျိုင်းတုံမြို့နယ် လင်မယားနှစ်ဦး တောင်ကျရေထဲမျောပါသွား
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ယဉ်းခကျေးရွာရှိ လင်မယား (၂) ဦး အိပ်ပျော် နေစဉ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေစီးကြောင်း နှင့် အတူမျောပါသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ် ၁၃ ရက် ညအချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး တောင်ပေါ်ရေများ စီးဆင်းလာကာ နေအိမ်ထဲ အိပ်ပျော်နေသည့်...
မိုင်းပန်မြို့ လမ်း၊တံတားများပျက်စီး ကား၊ဆိုင်ကယ် သွားလာမရ
သျှမ်းပြည်တောင်ပိုင်း မိုင်းပန် - မိုင်းတုံ ကားလမ်းမကြီးပေါ် ရေကြီးရေလျှံဖြစ်ပွားနေပြီး တံတားများ ပျက်စီးနေသဖြင့် ကားနှင့်ဆိုင်ကယ် များသွားလာ၍ မရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် သြဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် မိုင်းပန်မြို့- မိုင်းတုံမြို့ ကားလမ်းမကြီးပေါ်တွင် ရေကြီးရေလျှံမှုဖြစ်ပြီး တံတားတစ်ခုပျက်စီးနေခြင်းကြောင့် ယနေ့ချိန်ထိ ကားနှင့်ဆိုင်ကယ်များသွားလာ၍...
ထိုင်း – မြန်မာ လိုင်စင်ရှိ ငွေလဲလှယ်သူများကို ဖမ်းဆီးမှုရှိ ငွေလွှဲဝန်ဆောင်သူများ စိုးရိမ်နေ
ထိုင်း - မြန်မာငွေလဲလှယ်သူများ လိုင်စင်ရှိ တရားဝင်လုပ်ဆောင်သူများကို စစ်ကောင်စီက ဖမ်းဆီးလာသဖြင့် ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့ ငွေလဲလှယ် သူများလည်း စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ မြန်မာငွေစျေး ကျဆင်းလာပြီး တည်မြဲမှုမရှိမှုကြောင့် ထိုင်း ဘတ်ငွေ ၁၂၀၀ လျှင် မြန်မာငွေကာလပေါက်စျေး ကျပ်...
PDF လှုပ်ရှားမှုမရှိတော့သည့် ရွာငံမြို့နယ် စစ်ကောင်စီ အင်အားဖြည့်တင်းမှုရှိနေဆဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ အခြေချလှုပ်ရှားမှုများ မရှိသော်လည်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အားဖြည့်တင်းမှုများ ဆက်လက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၁၄) ရက်တွင် စစ်သားအင်အား အပြည့်ပါသည့် စစ်ကား ၆ စီးသည် ရွာငံမြို့နယ်ရှိ တဲ့လုကျေးရွာသို့ ရောက်ရှိလာကြောင်း...
မိုင်းဆတ်မြို့ မူးယစ်ဆေးဝါးသုံးစွဲသူများလာ ဒေသခံများ စိတ်မလုံခြုံ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ပေါ် ရှိ ရပ်ကွက် (၇) ခုတွင် မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာပြီး တုတ်၊ ဓား များကိုင်ဆောင်သွားလာမှုကြောင့် ဒေသခံများ စိတ်လုံခြုံမှု မရှိကြောင်း စုံစမ်းသိရသည်။ အဆိုပါ မူးယစ်ဆေးဝါး သုံးစွဲသူများသည် အိမ်ခြေရာမဲ့များ ဖြစ်ကြပြီး ညအချိန်မှာ ဒေသခံများ၏ နေအိမ်ရှေ့၊ ရေနုတ်မြောင်းများ၊...
TNLA မှ ဖမ်းဆီးသွားသည့်သူ ရိုက်နှက်ဒဏ်ရာကြောင့် သေဆုံးရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုခမ်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကို မူးယစ်ဆေး အကြောင်းပြကာ TNLA တပ်ဖွဲ့တို့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လွှတ်လာသော်လည်း ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ် ၅ ရက်တွင် အင်အား ၃၀ ခန့်ရှိသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်...





