မူဆယ်မြို့နယ် အမှတ် (၁) ဈေးနားတွင် မီးလောင်မှုဖြစ်ပွား

0

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အမှတ် (၁) ညဈေးတန်းနား (၃) ထပ်တိုက်အိမ်တစ်ခု ယနေ့ ဩဂုတ် (၁၆) ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မီးလောင်သွားသည့် တိုက်သည် ကလေးကစားစရာ နှင့် စက်ဘီးဆိုင်ဖွင့်ထားသည့် တိုက်ဖြစ်ပြီး ၊ လျှပ်စစ်ဝါယာကြိုးမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံ ပြောပြချက်အရ သိရသည်။

မီးလောင်မှုဖြစ်ပွား

“ အဲ့တိုက်က (၃) ထပ်တိုက်ဖြစ်တယ်။ အောက်ဘက်မှာက ကလေးကစားစရာ နဲ့ စက်ဘီးတွေရောင်းတာ။ အခုမီးလောင်သွားတာက အပေါ်ဆုံးထပ်ဖြစ်တယ်။ ဘေးပတ်ဝန်းကျင်ကတော့ လျှပ်စစ်ဝါယားကြိုးကနေ မီးလောင်တယ်လို့တော့ ပြောတယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်သွားသည့် အထပ်သည် ပစ္စည်းထားခန်း နှင့် အိပ်ခန်းများဖြစ်ကြောင်း သိရသည်။ ထိုသို့ မီးလောင်မှုကြောင့် အကုန်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

“အပေါ်ထပ်မှာက ပစ္စည်း နဲ့ အိပ်ခန်းဖြစ်တာ။ အကုန်မီးလောင်သွားတယ်။ ဆုံးရှုံးမှုဘယ်လောက်ထိရှိမလဲတော့ မသိဘူး။ အပေါ်ထပ်ကဟာတွေတော့ အကုန်လောင်သွားတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

လက်ရှိမှာ မီးငြိမ်းသတ် သွားပြီးဖြစ်ကြောင်း သိရသည်။

Leave a Comments