မိုင်းပန်မြို့ လမ်း၊တံတားများပျက်စီး ကား၊ဆိုင်ကယ် သွားလာမရ

သျှမ်းပြည်တောင်ပိုင်း မိုင်းပန် – မိုင်းတုံ ကားလမ်းမကြီးပေါ် ရေကြီးရေလျှံဖြစ်ပွားနေပြီး တံတားများ ပျက်စီးနေသဖြင့် ကားနှင့်ဆိုင်ကယ် များသွားလာ၍ မရကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် မိုင်းပန်မြို့- မိုင်းတုံမြို့ ကားလမ်းမကြီးပေါ်တွင် ရေကြီးရေလျှံမှုဖြစ်ပြီး တံတားတစ်ခုပျက်စီးနေခြင်းကြောင့် ယနေ့ချိန်ထိ ကားနှင့်ဆိုင်ကယ်များသွားလာ၍ မရသေးကြောင်း မိုင်းပန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းပန်မြို့ နဲ့ မိုင်းတုံကြား ဓာတ်ဆီဆိုင်အနီးက တံတားတစ်ခုပျက်သွားတယ်။ လမ်းပေါ်ရေလျှံတာတော့ အများကြီးပဲ တံတားကတော့ တစ်ခုပဲပျက်တယ်။ ကန်မောက်လျံ၊ နားလော၊ လွယ်နွဲ့ကျေးရွာက လမ်းတွေ ရေမြုပ်သွားတယ်။ အခုထိ မိုင်းပန်နဲ့မိုင်းတုံ ကားလမ်းတစ်လျှောက် သွားလာလို့မရေသးဘူး“ ဟု ၎င်းကဆိုသည်။

မိုင်းပန် – မိုင်းတုံ ကားလမ်းမကြီး ပျက်စီး

မိုင်းပန်မြို့ ဝမ်မိုင်ရပ်ကွက် တစ်ခုလုံး ရေကြီးရေလျှံမှုကို ကြုံတွေ့နေရပြီး၊ မြို့အရှေ့ဘက် ဖယ်လုံကျေးရွာ တွင် အိမ်ခြေ (၉၅) လုံး နှင့် လွယ်နွဲ့ကျေးရွာရှိ အိမ်ခြေများ ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်နှင့် စိုက်ခင်းအများအပြား ပျက်စီးဆုံးရှုံးနေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် မိုင်းပန်မြို့ ပတ်လည်ရှိ ပဲပုတ်ခင်းများ နှင့် စပါးခင်း ၆၀ ရာခိုင်နှုန်းထိ ပျက်စီးမှုရှိနေပြီး လက်ရှိအချိန်ထိ စိုက်ခင်းထဲများတွင် ရေများရှိနေသေးကြောင်း မိုင်းပန်မြို့ တောင်ယာလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“အခု ရေလွှမ်းမိုးဒဏ်ကြောင့် ပဲပုတ်စိုက်ခင်းနဲ့ စပါးစိုက်ခင်းတွေ တော်တော်များ ပျက်စီးတယ်။ ကျနော်တို့ တခါမှ ရေမရောက်ဖူးတဲ့ ခြံတွေမှာတော့ ရေတွေအခုထိရှိနေသေးတယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

မိုင်းပန်မြို့သည် အဆမတန် ရေးကြီးရေလျှံဖြစ်ပွားမှုကို ပထမဆုံးအကြိမ်ဖြင့် ကြုံတွေ့နေရပြီး စပါးခင်းများလည်း ဧက (၁၀၀၀) ကျော် ရေနစ်မြှုပ်သွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

မိုင်းပန်မြို့တွင် တရုတ်နိုင်ငံသား ကျားဖြန့် သမား (၃)ဉီးထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလိမ်လည်သူ (ကျားဖြန့်) တရုတ်နိုင်ငံသား သုံးဉီး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ မိုင်းပန်မြို့နယ်အတွင်း မေ ၆ရက်နှင့် ၇ရက်အတွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃)ဉီးကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ယနေ့ (မေ ၈)ရက် တွင် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် မေ...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...