ထိုင်း – မြန်မာ လိုင်စင်ရှိ ငွေလဲလှယ်သူများကို ဖမ်းဆီးမှုရှိ ငွေလွှဲဝန်ဆောင်သူများ စိုးရိမ်နေ

ထိုင်း – မြန်မာငွေလဲလှယ်သူများ လိုင်စင်ရှိ တရားဝင်လုပ်ဆောင်သူများကို စစ်ကောင်စီက ဖမ်းဆီးလာသဖြင့် ထိုင်း – မြန်မာနယ်စပ် တာချီလိတ်မြို့ ငွေလဲလှယ် သူများလည်း စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

မြန်မာငွေစျေး ကျဆင်းလာပြီး တည်မြဲမှုမရှိမှုကြောင့် ထိုင်း ဘတ်ငွေ ၁၂၀၀ လျှင် မြန်မာငွေကာလပေါက်စျေး ကျပ် ၁ သိန်း သာ ရရှိကြောင်း သိရသည်။

ဩဂုတ်လ ၁၃ ရက်က ကရင်ပြည်နယ် မြဝတီမြို့တွင် ငွေလဲ လိုင်စင်ရှိသူများကို စစ်ကောင်စီက ငွေဈေးနှုန်းကစား မှုဟုဆိုပြီး ငွေလဲလှယ်သူများကို (၅) ဦး ဖမ်းဆီးသွားသဖြင့် သျှမ်းရှေ့ တာချီလိတ် ငွေလဲလှယ်မှု ပြုပ်လုပ်သူများလည်း စိုးရိမ်ထိတ်လန့် နေကြောင်း တာချီလိတ် ငွေလဲလှယ် ဝန်ဆောင်မှုပြုလုပ်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ်။ မြဝတီဘက်မှာ ဖမ်းတာတော့ကြားပါတယ်။ အခုတော့ စိုးရိမ်စိတ်တော့ရှိတာပေါ့။ အခုချိန်ထိတော့ ဘာမှလာပြောတာမရှိသေးဘူး ။ ထုတ်ပြန်ခြိမ်းခြောက်တာတော့ မရှိသေးဘူး။ တစ်ဖက်လည်း ရေကြီးမှု နဲ့ ရှုပ်နေတာဆိုတော့ ဘာမှမလာသေးဘူး။ နောက်ကျရင်တော့ လာမယ်ထင်တယ်” ဟု တာချီလိတ်မြို့က ငွေလဲလှယ် ဝန်ဆောင်မှုပေးသည့် အမျိုသမီးတစ်ဦးက ပြောသည်။

ငွေလွှဲဝန်ဆောင်မှု

အဆိုပါ ငွေဈေးနှုန်းကျဆင်းခြင်းသည် စစ်ကောင်စီ၏ နိုင်ငံရေးအုပ်ချုပ်မှုပေါ်မူတည်ကြောင်း၊ ငွေလဲလှယ်သူများထံတွင် အပြစ်မရှိကြောင်း ငွေလွှဲဝန်ဆောင်မှု ပေးနေသည့် သူများက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျဆင်းလာပြီး ငွေဈေးနှုန်းမတည်ငြိမ်ပဲ ကုန်ဈေးနှုန်းမြင့်တက် လာကြောင်း သိရသည်။

“ တကယ်တော့ သူတို့နိုင်ငံအုပ်ချုပ်တဲ့ပေါ်မူတည်တယ်။ ငွေလွှဲတဲ့သူတွေမှာအပြစ်မရှိဘူး။ သူတို့က သူများကို အပြစ်တင်ချင်နေတာ။ စစ်တပ်က အာဏာသိမ်းပြီးတော့ စီးပွားရေး ကျဆင်းသွားတယ်လေ။ သူတို့လည်း မထိန်းချုပ်နိုင်လို့ ငွေဈေးလည်းကျဆင်းသွားတာ” ဟု အွန်လိုင်းပေါ်တွင် ငွေလဲလှယ်မှုဝန်ဆောင်မှုပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ (ဩဂုတ် ၁၅) ရက်တွင် ထိုင်း- မြန်မာငွေလဲလှယ်မှုနှုန်း ၁၃၄၀ ဘတ်ကို မြန်မာငွေ ၁ သိန်းရရှိသည်ဟု ငွေအရောင်းအဝယ်လုပ်သူထံ တစ်ချို့က သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းလာပြီး ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက် လာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...