PDF လှုပ်ရှားမှုမရှိတော့သည့် ရွာငံမြို့နယ် စစ်ကောင်စီ အင်အားဖြည့်တင်းမှုရှိနေဆဲ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ အခြေချလှုပ်ရှားမှုများ မရှိသော်လည်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ စစ်အင်အားဖြည့်တင်းမှုများ ဆက်လက်ရှိနေကြောင်း သတင်းသိရသည်။

ယမန်နေ့ (သြဂုတ် ၁၄) ရက်တွင် စစ်သားအင်အား အပြည့်ပါသည့် စစ်ကား ၆ စီးသည် ရွာငံမြို့နယ်ရှိ တဲ့လုကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံအမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“PDF တွေလည်း ဒီဒေသထဲကနေ ဆုတ်ခွာလိုက်ပြီဆိုတာ ထုတ်ပြန်ကြေညာထားပေမဲ့ စကစတွေက အခုထိကို စစ်အင်အားဖြည့်တာတွေ စခန်းချနေရာယူတာတွေ လုပ်နေတုန်းပဲ၊ ရွာသားတွေကလည်း စစ်သားတွေကို မြင်ရင် ကြောက်ကြတယ်လေ၊ သူတို့ဖမ်းဆီးနှိပ်စက်တာခံရမှာစိုးလို့ တချို့ကကြိုတင် ထွက်ပြေးတိမ်းရှောင်ရတယ်”ဟု တဲ့လုကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ရွာငံမြို့နယ်ရှိ ပြည်သူများနေအမ်ကို မီးရှို့ဖျက်စီးပုံ

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ ယနေ့အချိန်အထိ ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာ၊ မြင်းကျဒိုးကျေး ရွာ၊ မင်းတိုင်ပင်သစ်တောရုံး နှင့် နန်းခုံရွာ တို့တွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ စခန်းချတပ်စွဲ နေရာယူထားလျက် ရှိကြောင်းလည်း သတင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်တွင်လည်း ရွာငံမြို့နယ် နှင့် သာစည်မြို့နယ် နယ်နမိတ်ခြင်းဆက်စပ်နေသည့် ကျောက်ပချုပ်ကျေးရွာမှ အရပ်သားပြည်သူနေအိမ် စုစုပေါင်း ၉ လုံးခန့် မီးရှို့ ဖျက်ဆီး ခံရသည့်အပြင် ရွာတွင်းရှိ အမျိုးသမီးများကိုလည်း စစ်ကောင်စီတပ်သားများက ရိုက်နှက်စစ်ဆေးကြောင်းလည်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားလူငယ်က ပြောသည်။

“ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်မှာ ကျောက်ပချုပ်ရွာက နေအိမ် ၃ လုံး၊ သြဂုတ် ၁၀ ရက်နေ့တွင် ၆ လုံးစုစုပေါင်း အရပ်သားပြည်သူနေအိမ် ၉ လုံးကို စကစတွေက ရိုက်ခွဲတာ မီးရှို့ဖျက်စီးတာလုပ်ခဲ့တယ်၊ ပြီးတော့ ၁၂ ရက်နေ့မှာ အမျိုးသမီး ၃ ယောက်လား ၅ ယောက်လားမသေချာဘူး၊ ရိုက်နှက်စစ်ဆေးခဲ့သေးတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ မှ ဧပြီလ အထိ စစ်ကောင်စီမှ ပြည်သူ ၁၀ ဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်သည့်အပြင် ပြည်သူ (၇) ဦးကို ဖမ်းဆီးခဲ့ပြီး နေအိမ် (၈) လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ကလည်း ထုတ်ပြန်ချက်မှာ ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...