Sunday, May 19, 2024

CATEGORY

သတင်း

သျှမ်းပြည်တွင် ဆေးကုနေသည့် ကိုဗစ်- ၁၉ လူနာ (၃၇)ဦး ရှိ

ယနေ့အထိ သျှမ်းပြည်တ၀ှမ်း ဆေးကုသမှုခံယူနေဆဲ ကိုဗစ် -၁၉ လူနာ စုစုပေါင်း (၃၇) ဉီးရှိကြောင်း စုံစမ်းသိရသည်။ ထိုအနက်သျှမ်းပြည်မြောက်ပိုင်း မူဆယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေဆဲ ကိုဗစ်လူနာ ၆ ဉီးရှိကြောင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းတွင်မူ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၄၉) ဦးရှိပြီး လက်ရှိစဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲ...

ကျောက်မဲ ပုံဝိုးစစ်ရှောင်စခန်းအနီး စစ်ရဟတ်ယာဉ် ၄ စီးဖြင့် အင်အားဖြည့်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာ စစ်ရှောင်များခိုလှုံရာဘုန်းကြီးကျောင်းအနီး တပ်မတော်မှ စစ်ရဟတ်ယာဉ်ဖြင့် လူအင်အားနှင့် လက်နက်အင်အားတို့ကို ထပ်မံဖြည့်တင်းနေသဖြင့် စစ်ရှောင်များ စိုးရိမ်ထိတ်လှန့်နေကြောင်းစုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက်အေ ရှ့မြောက်တိုင်း(ရမခ)စစ်ဌာနချုပ်မှ စစ်ရဟတ်ယာဉ် (၄)စီးဖြင့် လူအင်အား၊ လက်နက်အင်အားတို့ကို...

ပဋိပက္ခတွေကြားက မူးယစ်ဆေးဝါးပြဿနာ ကို ဖြေရှင်းချင်ပါတယ်

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို နှစ်ပေါင်း ၃၀ နီးပါး လုပ်ဆောင်လာခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း၊ ကျောက်မဲမြို့နယ် ဇိဝိတ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်း ဟာ ယခုနှစ် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်းအနေနဲ့ ကျောက်မဲမြို့...

ကျောက်မဲအနီး ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး ဗုံးစ ထိမှန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာအတွင်း ယမန်နေ့ ညပိုင်းက ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး ဗုံးစ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့(အောက်တိုဘာ ၉ )ရက် ည ၈နာရီ မှ ၉ နာရီခွဲတွင် ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ အမျိုးသမီး...

ထိုင်းမြောက်ပိုင်းရောက်မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ ကြိုတင်မဲစပေး

ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများ ယနေ့ကစပြီး ချင်းမိုင်ခရိုင် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်၀န်ရုံးတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးနေကြပါသည်။ ထိုင်းနိုင်ငံမြောက်ပိုင်းရောက်မဲမြန်မာနိုင်ငံသားဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် ဇူလိုင်လ ကတည်းက အမည်စာရင်းများပေးထားကြရပြီဖြစ်သည်။ ချင်းမိုင်မြို့ မြန်မာကောင်စစ်၀န်ရုံးတွင် ကြိုတင်မဲပေးသူများအား သွားရောက်ကူညီမှုပေးနေသည့်စေတနာ့၀န်ထမ်း ၊ချင်းမိုင်ရောက်သျှမ်းလူငယ်များအဖွဲ့က စိုင်းမိဏ်းက- "ဒီမနက်တော့ လားရှိုးနဲ့ မိုင်းကိုင်ပါ ။...

ကိုဗစ်ကူးစက်မှုကြား စစ်ဒဏ်ခံနေရသူပြည်သူလူထုအား တာ၀န်ယူပေးရန် UNA တောင်းဆို

ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားသည့်ကာလ ရခိုင်ပြည်နယ်  ချင်းပြည်နယ်နှင့် သျှမ်းပြည်နယ်အတွင်းရှိ  တိုက်ပွဲများအမြန်ဆုံးရပ်တန့်ပေးရန် အစိုးရ ၊ တပ်မတော်နှင့် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်း များ အား စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA က တောင်းဆိုလိုက်သည်။ စစ်ဘေးရှောင်လူထုများပြားလာပြီဖြစ်သဖြင့် တိုက်ပွဲများရပ်တန့်ပေးရန်၊ အဆိုပါ စစ်ရှောင်လူထုများ အခြေခံလူ့အခွင့်အရေးများမဆုံးရှုံးစေရန် အစိုးရမှတာ၀န်ယူပေးရန်၊ ပိတ်ထားသောအင်တာနက်လိုင်း များပြန်ဖွင့်ပေးရန်၊ ကိုဗစ်ကူးစက်မှုကြောင့်အခြေခံလူတန်းစားများ...

ကျောက်မဲစစ်ရှောင် အမျိုးသမီးနှင့်ကလေးများ စိတ်သောကရောက်

အစိုးရတပ်နှင့် RCSS/SSA တို့ဖြစ်ပွါးသော တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းများအသီးသီးသို့ စစ်ဘေးရှောင်  ရွာသားစုစုပေါင်း သုံးထောင်နီးပါးရှိနေပြီး အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်နေကြောင်းသိရသည်။ ကိုဗစ်နိုင်တင်း ပျံ့ပွါးကူးစက်မှု များပြားလာနေချိန်  စစ်ဘေးကလည်း ရှောင်နေရသဖြင့် နေထိုင်စားသောက်မှုခက်ခဲသည့်အပြင် သီးနှံဆွတ်ချိန်လည်းတန်နေပြီဖြစ်ရာ စစ်ဘေးရှောင်များ စိတ်သောကရောက်နေကြာင်း  စစ်ဘေးရှောင်များအားကူညီမှုပေးနေသည့်အဖွဲ့များကပြောသည်။  ကျောက်မဲမြို့နယ် နမ့်ခုံး ပရဟိအဖွဲ့ ဉက္ကဌ စိုင်းကူးက...

ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော် တဖက်သတ် ပစ်ခတ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ယနေ့ (အောက်တိုဘာ ၉ )ရက်တွင် တိုက်ပွဲများ ငြိမ်နေသော်လည်း အစိုးရတပ်မတော်ဘက်မှ တဖက်သတ်ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်ကစပြီး ယနေ့ အချိန်ထိ အစိုးရတပ်မတော်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) တို့သည်...

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဟိုပုံးမြို့နယ် မှာ ပထမဆုံး အကြိမ်မဲဆွယ် ခွင့် ရခဲ့တဲ့ ပ.အ.မ.ဖ ပါတီ

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် ဟိုပုံးမြို့နယ်တွင် ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီ မှ မဲဆွယ်စည်းရုံးရေးယာဉ်တန်း များ ဖြင့် အောက်တိုဘာ ၈ ရက်နေ့ကစီတန်းလှည့်လည်ခဲ့ပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ ဟိုပုံးမြို့နယ် တွင် ပထမဆုံး အကြိမ် မဲဆွယ်ခွင့် ရခဲ့ကြောင်းသိရသည် ။ ၂၀၁၅ ရွေးကောက်ပွဲ နှင့်...

ကျောက်မဲ တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ထိရှိလာ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀၀ ဝန်းကျင် ရှိလာကြောင်း လူမှု ပရဟိတ အဖွဲ့များထံ စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် အတွင်း အောက်တိုဘာ ၂ ရက်ကစပြီး ယနေ့ အချိန်ထိ အစိုးရတပ်မတော်နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊...

Latest news