မိုင်းဖုန်းဆရာတော် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် မိုင်းဖုန်းသို့ ပြန်လည်ကြွသွားမည်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ) ပါဆာ လွန်းလိန်းကျောင်းတိုက် ကို ယနေ့ သြဂုတ် (၂၂) ရက်မှာ မိုင်းဖုန်းဆရာတော် ကြွရောက် သီတင်းသုံးသွား မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းဖုန်းဆရာတော်သည် ပြီးခဲ့သည့် သြဂုတ် (၁၀) ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံသို့ ဆေးကုသမှု ခံယူခဲ့ပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသဖြင့် ၎င်း၏ ကျောင်းတိုက်သို့ ပြန်လည် သတင်းသုံးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ နေ့လည်မှာ မိုင်းဖုန်းဆရာတော် မိုင်းဖုန်းကို ရောက်မယ်။ ဆရာတော်က ဧကစာရီ တစ်ပါးတည်း တရားအားထုတ် သွားပါမယ်။ ဝါခေါင်လပြည့်နေ့မှာ ဝါဝင်ထားပြီးတော့တန်ဆောင်မုန်းလပြည့်နေ့မှ ဝါပြန်ထွက်သွားမယ်” ဟု သျှမ်းရှေ့ သံဃာနာယက ဥက္ကဌ ဆရာတော် ဉာဏသီရိ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုင်းဖုန်းဆရာတော် ချင်းရိုင်းရောက်ရှိ

ဆရာတော်သည် သြဂုတ် (၁၈) ရက်တွင် ဘန်ကောက်ဆေးရုံမှ ဆင်းခွင့်ရပြီး ယနေ့ သြဂုတ် (၂၂) ရက်၌ မိုင်းဖုန်းသို့ ကြွသွားမည်ဖြစ်ကြောင်း သိရသည်။

“ဆရာဝန်တွေ မိုင်းဖုန်းဆရာတော် ကို ဆေးရုံဆင်းခွင့်ပေးပြီဆိုတော့ ကျန်းမာရေး အတွက် မစိုးရိမ်ရတော့ဘူးထင်တယ်။ လူစုလူဝေး နဲ့ မတွေ့ရရင်တော့ ကျန်းမာရေး ပိုကောင်းလာမယ်ထင်တယ်”ဟု ၎င်း ဆရာတော် က ပြောသည်။

မိုင်းဖုန်းဆရာတော် အညတရဝါသီ အရှင် ညာဏသံဝရ (ခူးဝါးဝန်းစုမ့်) သည် သက်တော် (၅၇) ဝါတော် (၃၇) ဝါ ရှိကြောင်း သိရှိရသည်။

မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူတွင် ဇူလိုင် (၃၁) ရက်၌ (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်း တရားဘာဝနာ ကျင့်ကြံမှု အောင်မြင်ပြီးနောက် ဂူမှ ထွက်လာပြီး သြဂုတ် (၁) ရက်မှ စတင်ပြီး (၆) ရက်ဆက်တိုက် တရားနာပရိသတ်များကို တရားဟောခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

နီပါ ဗိုင်းရပ်စ် အတွက် ဆေးမရှိသေး

0
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Nipah Virus (နီပါ ဗိုင်းရပ်စ်) ပြန်လည်ကူးစက်ခံရမှု ၅ ဦးအထိတွေ့ရှိပြီးနောက် လူနာများနှင့် ဆက်စပ်ခဲ့သည့် လူ ၁၀၀ ဦးခန့်အား နေအိမ်များတွင်သာ နေထိုင်ရန် ဒေသအာဏာပိုင်များမှညွှန်ကြားထားကြောင်း အိန္ဒိယ သတင်းဌာန New Delhi Television...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...